Saturday, November 16, 2013
ရှေ့တန်းတွင် တာဝန်ကျနေသောကြောင့် ရရှိသည့်လစာကို သုံးရန်နေရာမရှိဟု ပခုံးတွင် အနက်ရော င် ကြယ်ပွင့်သုံးပွင့် တပ်ဆင်ထားသော မြန်မာ့တပ်မတော်သားတစ်ဦးကဆိုပါသည်။
မြစ်ကြီးနား-လိုင်ဇာကားလမ်းပေါ်ရှိ နမ်ဆမ်ယန်ကျေးရွာအနီး ရှေ့တန်းစခန်းတွင် သူတာဝန်ကျနေသည်မှာ ၂ နှစ်နီးပါး ကြာမြင့်ပြီလည်းဖြစ်သည်။ ရှေ့တန်းနယ်မြေဖြစ်သောကြောင့် လစာမှာလကုန်ပြီး တစ်ပတ်ခန့် အကြာတွင်မှ ရရှိသည်ဟုလည်း ရှေ့တန်းရောက် စစ်သားဘ၀အတွေ့အကြုံကို သူက ရယ်မောရင်းဖြင့်ေ ပြာပြပါသည်။
လိုင်ဇာမြို့
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ညီလာခံကျင်းပနေသော ပဒန်ရုံးခန်းမဆောင်ရှေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တပ်ဖွဲ့ဝင်များ လက်နက်အပြည့်အစုံဖြင့် လုံခြုံရေးယူထားကြ သ ည်။ ကေအိုင်အေတပ်သားတစ်ဦးအနေဖြင့် တစ်လလျှင် လစာတစ်သောင်းကျပ်နှင့် ဟင်းဖိုးကျပ်တစ်သော င်းခွဲသာ ရရှိသည်ဟု လုံခြုံရေးဆောင်ရွက်နေသော တပ်သားဇော်ဆိုင်း (အမည်လွှဲ)က ပြောပါသည်။ သို့ေ သာ် စစ်တပ်ထဲဝင်သည်မှာ ငွေကြေးကြောင့်မဟုတ်ဘဲ လူမျိုးအတွက်ဖြစ်သည်ဟုလည်း သူ၏ခံယူချက်ကို စီးကရက်ဖွာရင်းကဆိုပါသည်။
(၁၇)နှစ်ကြာ အပစ်အခတ်ရပ်စဲထားသော အစိုးရနှင့် ကေအိုင်အေတို့ ၂၀၁၁ ခုနှစ် ဇွန်လမှစတင်၍ တိုက်ပွဲ များပြန်လည်ဖြစ်ပွားခဲ့သည်။ ငြိမ်းချမ်းရေးရရှိနိုင်ရန်အတွက် ၂ နှစ်ကျော်ကာလအတွင်း အလွတ်သဘော အပါအ၀င် (၁၅)ကြိမ်ခန့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တိုးတက်မှုများရှိသည်ဟု နှစ်ဖက်စလုံးက ပြောကြား ကြသော်လည်း တိုက်ပွဲများက ဖြစ်ပွားနေဆဲပင်ဖြစ်သည်။ ခံယူချက်ကိုယ်စီဖြင့် လက်နက်ကိုင်နေကြရသော နှစ်ဖက်စစ်သည်များအနေဖြင့်လည်း ရှေ့တန်းစစ်မြေပြင်များတွင် သူတို့ဘ၀ကို မြှုပ်နှံထားနေရဆဲဖြစ် သ ည်။
“စစ်သားဆိုတော့ အထက်အမိန့်ကို နာခံရတာပေါ့။ တစ်ဖက်ကလည်း ပြည်သူတွေနဲ့ ထိတွေ့နေရတော့ ဆ င်ခြင်ရတယ်”ဟု တပ်မ(၃၃)တပ်မတော်သားတစ်ဦးက သူ၏ရှေ့တန်းစစ်မြေပြင် အတွေ့အကြုံကို ပြောပြ သည်။
ကမ္ဘာပေါ်တွင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ အရှည်ကြာဆုံးတိုင်းပြည်ဖြစ်သည့် မြန်မာနိုင်ငံတွင် နှစ်ပေါ င်း ၆၀ ကျော် ကြာမြင့်လာသော်လည်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ယနေ့အထိ တိုက်ပွဲများဖြစ်ပွားနေဆဲပင်ဖြစ်သည်။
မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးကို လေ့လာစောင့်ကြည့်သည့် Myanmar Peace Monitor ၏ သုတေသ နစစ်တမ်းများတွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ တစ်လအတွင်းတွင်ပင် အစိုးရနှင့် တိုင်းရင်းသားလ က်န က်ကိုင်အဖွဲ့များကြား ၃ ရက်တိုင်းတွင် နှစ်ကြိမ်နှုန်း ပျမ်းမျှလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။
ယင်းအထဲတွင် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (R CSS/SSA) အပါအ၀င် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပလောင် (တအောင်း) လွတ်မြောက်ရေးတပ်မတော် (TNLA)တို့နှင့် အစိုးရတပ်များအကြား တိုက်ပွဲဖြစ်ပွားမှုမှာ အများဆုံးဖြစ်ခဲ့သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေသော်လည်း တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသော စစ်ဘေးေ ရှာင်ဒုက္ခသည်အရေအတွက်မှာ တစ်နေ့တခြား တိုးပွားနေဆဲ၊ အောက်ခြေစစ်သည်များမှာလည်း ခံယူချက် ကိုယ်စီဖြင့် ရှေ့တန်းစစ်မြေပြင်များတွင် လက်နက်စွဲကိုင်နေရဆဲပင်ဖြစ်သည်။
“ဘယ်လိုမှ သဘောမထားဘူး။ သူတို့တက်လာရင်ပစ်တယ်”ဟု ကေအိုင်အေတပ်သားတစ်ဦးက အစိုးရတ ပ်အပေါ်ထားရှိသော သူ၏အမြင်ကိုပြောပြသည်။ ကြုံတွေ့ခဲ့ရသော တိုက်ပွဲများတွင် အစိုးရတပ်မှ လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်ခဲ့သော ခါရာဘွမ်တောင်ကုန်းတိုက်ပွဲသည် အပြင်းထန်ဆုံးဖြစ်သည်ဟုလည်း သူကဆိုပါသည်။
ရှေ့တန်းစစ်မြေပြင်တွင် နှစ်ဖက်တပ်များ၏ နေရာယူထားမှုမှာ နီးကပ်လွန်းသည့်အတွက် တစ်ခါတစ်ရံ ရ ယ်မောစရာကောင်းသည့် ဖြစ်ရပ်များကိုလည်း ကြုံတွေ့ရတတ်သည်။
“အရက်မူးပြီး ကိုယ့်လူသူ့ဘက် သွားအိပ်နေတာ၊ သူ့လူကိုယ့်ဘက်မှာ ရောက်နေတာတွေလည်းရှိတယ်”ဟု ကချင်လွတ်မြောက်ရေးတပ်မတော် တပ်သားတစ်ဦးက သူ၏ရယ်စရာအတွေ့အကြုံကို ပြန်ပြောင်းပြောပြ ပါသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေချိန်များတွင်လည်း ရှေ့တန်းရောက်နှစ်ဖက်စစ်သားများမှာ ရလဒ်မ ည်ကဲ့သို့ ထွက်ပေါ်မည်ကို စိတ်ဝင်တစား နားစွင့်နေတတ်သည်။
“အဆင်ပြေတယ်ကြားရင် ၀မ်းသာပါတယ်”ဟု ခမရ(၁၂)မှ မြန်မာ့တပ်မတော်သားတစ်ဦးကပြောသည်။
ရှေ့တန်းတွင် တာဝန်ကျနေသောကြောင့် ရံဖန်ရံခါမှ ရောက်ရှိလာသော သတင်းစာ၊ ဂျာနယ်များကို ဖတ်ရှု ခြင်းဖြင့် ဝေးရပ်မှမိသားစုကို အလွမ်းဖြေကြရသည်ဟုလည်း တပ်မ ၃၃ တံဆိပ် တပ်ဆင်ထားသည့် မြန်မာ တပ်မတော်သားများက သူတို့အတွေ့အကြုံကို ပြောပြသည်။
နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းရန် အစိုးရနှင့် တိုင်းရင်းသား လ က်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့တို့ နိုဝင်ဘာ ၄ ရက်၊ ၅ ရက်များတွင် မြစ်ကြီးနားမြို့တွင် သမိုင်းဝင်ေ တွ့ဆုံခဲ့ကြ သည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေးတို့အတွက် ဒီဇင် ဘာ လအတွင်း ဘားအံမြို့တွင် ထပ်မံတွေ့ဆုံကြဦးမည်ဖြစ်သည်။ စစ်ဘေးရှောင်ဒုက္ခသည်များ တစ်နိုင်ငံလုံးမှ ပြည်သူများကဲ့သို့ပင် ရှေ့တန်းရောက်စစ်သည်များကလည်း ငြိမ်းချမ်းရေးကို မျှော်လင့်နေကြပါသည်။
“စစ်သားလုပ်ရတာ ပျော်တယ်။ ဒါပေမဲ့ ပြည်သူတွေအတွက် ငြိမ်းချမ်းရေးရမယ်ဆို ကောင်းပါတယ်”ဟု တ ပ်သားဇော်ဆိုင်းက အဝေးတစ်နေရာသို့ငေးရင်းက ဆိုပါသည်။
7Day News Journal

No comments:
Post a Comment