Saturday, November 16, 2013
နှစ်နှစ်နီးပါးခန့် ကြာမြင့်သည်အထိ ဖား ကန့်လုပ်ကွက်များ ပိတ်ထားသည့် အတွက် ဒေသခံများအပါအဝင် ရွှေ့ပြောင်းလုပ်သား များမှာ စားဝတ်နေရေး အတွက် အခက် အခဲများ ရှိနေကြောင်း သိရှိရသည်။
ပြီးခဲ့သည့် နှစ်ကစ၍ လုပ်ကွက်များ ရပ် နားခဲ့ရရာ အခက်အခဲရှိသော်လည်း ကာလတို သာဖြစ်လိမ့်မ ည်ဟု အထင်ဖြင့် စားဝတ်နေရေး အတွက် လတ်တလော ဖြေရှင်းမှု များသာ ပြု လုပ်ခဲ့ကြောင်း လက်ရှိတွင် အေ ခြအနေ တည် ငြိမ်လာသော်လည်း နှစ်နှင့်ချီကာ ပိတ်လာသည့် အတွက် အခက် အခဲတွေ့ကြုံမှုက ပိုမိုဆိုး ရွား လာကြောင်း ဖားကန့်ကျောက်လုပ်သားတစ် ဦးက ပြောသည်။
”နေ့တိုင်း မစားမသောက်ဘဲ မနေလို့မှ မရတာ။ အဲဒါကို ဖြေရှင်းဖို့ က နေ့စဉ်ဝင်ငွေ လိုပါတယ်” ဟု ၄င်းက ဆိုသည်။
KIO နှင့် တပ်မတော်တို့ ၂ဝ၁၁ ခုနှစ် နှစ် လယ်ပိုင်းမှစကာ တိုက်ပွဲများ ပြန် လည်ဖြစ်ပွား ခဲ့ပြီး ၂ဝ၁၂ ခုနှစ် တွင် ဖားကန့်နယ်အထိ ရောက်ရှိထိတွေ့ လာရာမှစကာ ဖားကန့်လုပ် ကွက်များကို အစိုးရက ရပ်နားစေခဲ့ သည်။
ထို့အပြင် ၂ဝ၁၂ ခုနှစ်ထဲတွင် မြစ်ကြီး နားမှ ဖားကန့်လမ်းမတစ်လျှောက် အစစ်အဆေး တင်းကျပ်ခဲ့ပြီး အ သွားအလာ ပြတ်တောက် ခြင်းနှင့် ဖားကန့်ဒေသမှ ကျောက်ရှာ လုပ်သား များ မြစ်ကြီးနားသို့ ထောင်ချီ ဆ င်းလာခဲ့မှုတို့ ရှိ ခဲ့သည်။
ထို့အပြင် ဖားကန့်ကျောက်စိမ်း ဈေးကွက် ရပ်နားခဲ့ရ၍ နိုင်ငံတော်က ၂ဝ၁၂ ခုနှစ်တွင် ကျောက်မျက်ရ တ နာပြပွဲကို အကြိမ်လျှော့ချ ပြုလုပ်ခဲ့ရသည်အထိ ရိုက်ခတ်မှုကြီးခဲ့ သည်။
”ပွင့်လင်းရာသီရောက်လာတော့ ပြန်ဖွင့် မလား မျှော်မိတယ်” ဟု အထက်ပါ လုပ်သားက ဆိုသည်။
ဖားကန့်လုပ်ကွက်ကို တည်မှီနေရသော အခြားအရောင်းအဝယ်သမားများ၊ ခရီးသည် ပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းလုပ်သူများပါ ရပ် နားခဲ့ရခြင်းများ ရှိနေသည်။
ဖားကန့်လုပ်ကွက်မှာ ကချင်ပြည်နယ် အစိုးရအဖွဲ့လက်အောက်တွင် ရှိသော်လည်း အဓိက အဆုံးအဖြတ် မှာ ပြည်ထောင်စုအစိုးရ အဖွဲ့ထံတွင် သာ ရှိနေသည်။
၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်၌ ပြည်ပပို့ကုန် လျော့ကျမှုတွင် ကျောက်မျက် ကဏ္ဍပါဝင်ခဲ့ပြီး ယင်းမှာ ပြည်ပသို့ ကျောက်မျက် မတင်ပို့သော အကြောင်း ရင်းဖြစ်သည်ဟု စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးညွန့်အောင်က ဆိုသည်။
ဖားကန့်ဒေသအချို့နှင့် ဆက်စပ်သူများ ကKIO နှင့် တပ်မတော်တို့ အပစ်အခတ်ရပ်စဲ ရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေခြင်း၊ လိုင်ဇာ ညီလာခံ ကျင်းပပြီးခြင်းတို့ကြောင့် ဖားကန့်လုပ် ကွက် ပြန်ဖွင့်တော့မည်လား ဟု မေးခွန်းများ ထုတ်နေသည်။
ယင်းကို သတ္တုတွင်းဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ယင်းတို့မှာ ဆွေးေ နွးပွဲ အဆင့်သာရှိသေးပြီး အမှန်တကယ် ငြိမ်းချမ်းရေးရပြီဆို သည်နှင့် ပြန် ဖွင့်ပေးမှု ရှိလာမည်ဟု ပြောသ ည်။
”ဒီမှတ်ချက်ကို ပြည်ထောင်စု အစိုးရအဖွဲ့ ရော အဘက်ဘက်ကပါ ဒီအတိုင်းပေးကြပါလိမ့် မယ်။ လက်ရှိမှာ မဖွင့်သေးပါဘူး” ဟု ၄င်းက ပြောသည်။
ဖားကန့်ဒေသခံ အမည်မဖော်လိုသူ တစ် ဦးက နှစ်ဖက်တင်းမာမှု တိုက်ပွဲဖြစ် မှု ဂယက်ကို ဒေသခံတို့က ခံနေကြရပြီး ယင်းတို့ ပြေလည်မှ သာ လုပ်ကိုင် စားကြဟု အာ ဏာရှင် ပြုသမျှ နုရ မည့်ကိန်းဖြစ်နေ၍ မှ တ်ချက်မပေးလို ဟု ပြော သည်။
ဖားကန့်တွင် လုပ်ကွက်ပိတ်ထားသော် လည်း ယခင်က တူးဖော်ပြီး ဘေးတွင်ပုံထားသော မြေစာပုံကြီးများ ထဲမှ ရေမဆေးကျောက်ရှာဖွေ သူ အချို့မြေစာပုံပြို၍ မြေကြီး ထဲနစ်မြုပ် သေ ဆုံးမှုတို့ ရှိခဲ့ကြောင်း ရဲတပ် ဖွဲ့ဌာနချုပ် စာရင်း များအရ သိရသည်။
Popular Myanmar News Journal
No comments:
Post a Comment