Saturday, November 09, 2013

လျှပ်စစ်ဓာတ်အားခ ကိစ္စ ပြည်သူက ဆန္ဒပြ ၊ လွှတ်တော်က ဆွေးနွေး ၊ ဝန်ကြီးဌာနက ပြန်သုံးသပ်မည်ဟု လေသံပျော့


Saturday, November 09, 2013 
လျှပ်စစ် ဓာတ်အားသုံးစွဲခ တိုးမြှင့်မှုအား ပြန်လည်သုံးသပ်၍ အနီးစပ်ဆုံး ပြည်ထောင်စု လွှတ်တော် အစ ည်း အဝေးတွင် ပြန်လည်တင်ပြသွား မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်း အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦး က နိုဝင်ဘာ ၈ရက်တွင်ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအ ဝေး၌ ရှင်းလင်း ပြောကြားခဲ့ သည်။ ဝေဖန်မှုများရှိနေသည့် ဓာတ်အားသုံးစွဲခနှုန်းတိုးမြှင့်ခြင်း နှင့်ပတ်သက်၍ ပြန်လည်သုံးသပ် ရန် ပြည်ထောင်စု လွှတ်တော်  အစည်းအဝေးတွင် မလှိုင်မဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးအေးမောက်က အ ရေးကြီးအဆိုတစ်ရပ် တင်သွင်းခဲ့ ရာ ကန့်ကွက်သူမရှိဘဲ လွှတ်တော် မှ သဘောတူ ခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က ပြည်သူအများစု လိုလားသောဆန္ဒကို ဖြည့်ဆည်း နိုင်ရန်အ တွက် သက်ဆိုင်ရာအ စိုးရအဖွဲ့နှင့် ဝန်ကြီးဌာနမှ ပြည်သူ များ မကျေနပ်သော၊ ပြည်သူ့ ဆန္ဒမရှိသော၊ ပြ ည်သူအများစု မလိုလားသော လျှပ်စစ် တစ်ယူနစ် အပေါ် ဈေးနှုန်းနှစ်ဆခန့် တိုးမြှင့် သည့်ပြဿနာနှင့် အိမ် သုံးယူနစ် ၁ဝဝအစား ယူနစ်၂ဝဝမှ ၃၀၀ သို့ပြောင်းလဲသတ်မှတ်ပေးရန် လည်းကောင်း၊ ယူနစ် ၂ဝဝနှင့် အ ထက်ဈေးနှုန်း တစ်ဆခွဲမှ နှစ် ဆတိုးမြှင့် ခြင်းအား လည်း ကောင်း၊ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ပြည် ထောင်စုလွှတ်တော်သို့ အရေးကြီး အဆိုတစ်ခု တင်သွင်းခြင်းဖြစ် ကြောင်း သိရသည်။

ဦးအေးမောက်က ''ယူနစ် အမျိုးအစားနဲ့ ဈေးနှုန်းတွေကို ပြန်လည်သုံးသပ်ဖို့ တင်ပြပါတယ်'' ဟု လွှတ်တော် သို့အဆိုတင်သွင်း သည်။ ယင်းအဆိုကို ဂွမဲဆန္ဒနယ် မှ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်သာက ထောက် ခံဆွေး နွေးခဲ့ကြောင်း သိရ သည်။ ပြည်ထောင်စု လွှတ်တော် နာယကသူရဦးရွှေမန်းက လျှပ် စစ်ဓာတ် အားသုံးစွဲခ တိုးမြှင့်ခြင်း ကြောင့် ဆန္ဒပြမှုများဖြစ်ပေါ်နေ ခြင်းသည် မသင့်တော်ကြောင်း ပြောကြားခဲ့သည်။

Yangon Media Group

No comments: