Saturday, November 09, 2013

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ငွေရတု အခမ်းအနား ကျင်းပ


Saturday, November 09, 2013 
ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ (၂၅)နှစ်ပြည့် ငွေရတု အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ(၉)ရက်နေ့နံနက်(၉း၀၀)နာရီတွင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုမြို့ရှိရှမ်းစာပေနှင့် ယဉ်ကျေးမှု ခန်း မ၌ ကျင်းပလျက်ရှိသည်။

ယင်းအခမ်းအနားသို့ ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးမှ တက်ရောက်အမှာ စကား ပြောကြားပြီးရှမ်းအမျိုးသားဒီမိုကရက်တစ်ပါတီ နာယက ဦးစိုင်းခမ်းလှိုင်၊ လားဟူအမျိုးသားဖွံ့ဖြိုး တိုးတက်ေ ရးပါတီ ဥက္ကဋ္ဌ ဦးယောသပ်တို့မှ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာများ ကို ဖတ်ကြားခဲ့ကြောင်း သိရသည်။

ရှမ်းအမျိုးသားများဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ငွေရတု အခမ်းအနားသို့ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မူဆယ်၊ နမ့်ခမ်း၊ သိန်းနီ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နမ္မလန်မြို့တို့မှ SNLD တာဝန်ခံဥက္ကဋ္ဌများ၊ တိုင်းရင်း သားပါ တီ အသီးသီးမှ ကိုယ်စားလှယ်များ အပါအ၀င် ဧည့်ပရိသတ်တစ်ထောင်ကျော် တက်ရောက်ကြသည်။

တင်ဦး(လားရှိုး)
The Myanma Age

No comments: