Tuesday, November 12, 2013
အောက်တိုဘာ ၂၉ ရက်နေ့အထိ စာရင်းတွေအရ မြန်မာနိုင်ငံအေနနဲ့ အရံရွှေ ပမာဏ ၇ ဒဿမ ၁၅၃၉ တန်နဲ့ နိုင်ငံခြားအရံငွေ ပမာဏ အေမရိကန်ဒေါ်လာ ၈ ဒဿမ ၁၃ ဘီလီယံ ရှိတယ်လို့ ဗဟိုဘဏ်ရဲ့ ဒုဥက္က ဋ္ဌက ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအေ၀းမှာ ထုတ်ဖော်ပြောဆိုပါတယ်။
ရွှေစင်တွေကို မြန်မာနိုင်ငံ ဗဟိုဘဏ်မှာ သိမ်းဆည်းထားပြီး နိုင်ငံခြားငွေတွ ကိုတော့ ဗဟိုဘဏ်နဲ့ ပြည် တွင်းဘဏ်တွေမှာ ငွေသားအေနနဲ့ သော်လည်းကောင်း၊ မြန်မာနိုင်ငံဘဏ်တွေနဲ့ ချိတ်ဆက်ထားတဲ့ ဘဏ် တွေမှာ ဘဏ်အေကာင့်တွေအေနနဲ့ လည်းကောင်း ထားရှိတယ်လို့ သူက ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ တေခါက် လွှတ်တော်မှာ ဗဟိုဘဏ်ရဲ့ ဥက္ကဋ္ဌ လာရောက် ရှင်းလင်းစဉ် နိုင်ငံခြား အရံငွေ အေမရိက န်ဒေါ်လာ ၇ ဘီလီယံကျော်ပဲ ရှိတယ်ဆိုပေမယ့် အဲဒါဟာ စက်တင်ဘာ ၁၀ ရက်နေ့ စာရင်းဖြစ်ကြောင်း၊ နို င်ငံခြား အရံငွေဆိုတာ အြမဲတန်း ပြောင်းလဲနြေကာင်း သူက ပြောပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က လွှတ်တော်မှာ ဘတ်ဂျက်ကိစ္စ ဆွေးနွေးစဉ် မြန်မာနိုင်ငံရဲ့ ရွှေ စာရင်းနဲ့ နိုင်ငံခြား အရံငွေ စာရင်းကို လွှတ်တော်မှာ လာရောက် ထွက်ဆိုဖို့ သူရဦးရွှေမန်းက ညွှန်ကြားခဲ့တာကြောင့် ခုလို လာရောက်ထွက်ဆိုရတာ ဖြစ်ကြောင်း သိရပါတယ်။
DVB TV News

No comments:
Post a Comment