Tuesday, November 12, 2013

မလေးရှား အေပီအမ် ကုမ္ပဏီ မြန်မာနိုင်ငံတွင် ကားစက်ရုံတည်ဆောက်မည်


Tuesday, November 12, 2013
မြန်မာနိုင်ငံတွင်ကားအစိတ် အပိုင်းများထုတ်လုပ်ရောင်းချရန် အတွက် မလေးရှားနိုင်ငံမှအေပီ အမ်မော်ေ တ်ာကားလုပ်ငန်းစုကို  မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင် MIC  က စက်ရုံတည်ဆောက်ခွင့် ပြုချက်ပေးခြဲ့ ပီဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ (၁၂)ဟက်တာကျယ်ဝန်းသော စက်ရုံကိုအေပီအမ်အနေဖြင့်  APM Auto Co mponents Myanmar CO;Ltd. ဟူသော အမည်ဖြင့်တည်ဆောက်ခွင့်ရရှိ မည်ဖြစ်ကြောင်း၊ ယင်းစက်ရုံ တည်ဆောက်ရန်ခွင့်ပြုလွှာကို မြန်မာနိုင်ငံရှိ APM ၏ဌာနခွဲ ဖြစ်သော APM Automotive Myanmar Ltd နှင့်  APM Automotive Indochina Ltd  တို့က တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအပြင်ပထမသုံးနှစ် အတွင်းစက်ရုံတည်ဆောက်ခြင်း၊ စက်ပစ္စည်းများနှင့်အစိတ်အပိုင်း ၀ယ်ယူခြင်းတို့အ တွက်အရင်းအနှီး မှာ အမေရိကန်ဒေါ်လာကိုးသန်း ခန့်ရှိသည်ဟုခန့်မှန်းထားပြီးလိုအပ် သော ငွေကြေး ကို ကုမ္ပဏီက စိုက်ထုတ်သွားမည်ဖြစ်သည့်အပြင် ပြင်ပမှလည်းချေးငှားသွားမည်ဟု သိရသည်။

အဆိုပါစက်ရုံတည်ဆောက် အသုံးပြုခွင့်ကို ပဲခူးတိုင်းဒေသကြီး အစိုးရနှင့် APM မြန်မာနိုင်ငံတို့ အကြားမြေ အသုံးပြုခွင့်သဘော တူညီချက်လက်မှတ်ရေးထိုး ပြီးသည့်အချိန်မှစတင်ကာအသုံး ပြုခွင့်ရမည်ဖြစ်ကြော င်း သိရသည်။

Hot News Journal 

No comments: