Tuesday, January 21, 2014
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေးအတွက် မကွေးတိုင်းအတွင်းရှိသမ္မ၀ါယမ အသင်းသားများအား ဆောင်းသီး နှံစိုက်ပျိုးရန် စိုက်ပျိုးစရိတ်ချေးငွေ (၃၄၀၀၀) သိန်းကျော်ကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၁၆) ရက် မကွေးမြို့ မြို့တော်ခန်းမတွင် ပေးအပ်ခဲ့ရာသမ်္မတဦးသိန်းစိန်တက် ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအခမ်းအနားတွင် သမ်္မတ ဦးသိန်းစိန်က “ဒီလိုဆောင်ရွက် ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ ကိုယ်တိုင်ငွေကြေးမပြည့်စုံမလုံ လောက်တဲ့အတွက် ငွေကြေးအချို့ ကို ပြည်ပကပါ ချေးယူပြီး ယခုလို ကူညီဆောင်ရွက်ပေးရတာဖြစ်ပါ တယ်။ ဒါကြောင့် အသင်းသူ/ သားများကလည်း မိမိတို့ချေးယူ ထားတဲ့ငွေကို အရစ်ကျမှန်မှန်ကန် ကန်နှင့် ပြန်လည်ပေးဆပ်ကြဖို့ တာဝန်ရှိပါတယ်”ဟု သမ်္မတကြီး က တိုက်တွန်းပြောကြားခဲ့သည်။
ယင်းသို့စိုက်ပျိုးစရိတ်ချေးငွေထုတ် ချေးနိုင်ရန် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း (၇၀၀) ချေးယူခွင့်ရရှိခဲ့ပြီး ထိုအထဲမှ အမေရိကန်ဒေါ်လာ သန်း (၁၀၀) ကို ပထမအရစ်အနေဖြင့် ချေးယူ ကာတောင်သူများထံ ပြန်လည် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သမ၀ါယမ၀န်ကြီးဌာနပြည်ထောင် စုဝန်ကြီးဦးကျော်ဆန်းကအဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့ သည်။
ချေးငွေများကို မကွေးတိုင်း ဒေသကြီးအတွင်းရှိ သမ၀ါယမ အသင်းလယ်ယာလုပ်ကိုင်သူများ ကို ထုတ်ချေးပေးမည်ဖြစ်ပြီး လယ်သမားတစ်ဦးလျှင် တစ်ဧက ကျပ်ငန်းထောင်းနှစ်ဧကနှင့် နှစ်ဧက အထက်ပိုင်ဆိုင်သူများကို ကျပ် တစ်သိန်းနှုန်းထုတ်ချေးပေးမည်ဟု သမ၀ါယမ၀န်ကြီးဌာနမကွေးတိုင်း ဒေသကြီးတိုင်းမှူးဦးနိုင်အောင်က သတင်းထောက်များကိုပြောကြား သည်။
ဆောင်းသီးနှံအတွက် ချေးငွေများကို ဇန်န၀ါရီလအတွင်း ထုတ်ချေးပေးမည်ဖြစ်ပြီး ထိုသို့ ထုတ်ချေးသောငွေကို အတိုးနှုန်း ၁.၅ နှုန်းဖြင့် ချေးပေးခြင်းဖြစ်ပြီး ရာသီအလိုက် ၅ လ ၆ လစသည် ဖြင့် အပြီးပေးဆပ်ရမည်ဖြစ်သည်။ အတိုးနှုန်းများကို ယခင်က ၂.၅ ရာခိုင်နှုန်းယူရာမှ ၁.၅ ရာခိုင်နှုန်း သို့လျော့ချလိုက်ခြင်းဖြစ်သည်ဟု ၀န်ကြီးဦးကျော်ဆန်းကပြောသည်။
စိုက်ပျိုးစရိတ်ချေးငွေအဖြစ် လယ်ယာသုံးစက်ကိရိယာပစ္စည်း များကိုလည်း ကျပ် (၁၀) သိန်းမှ သိန်း (၅၀) အထက်ထိ ပထမ အရစ် (၂၀ ရာခိုင်နှုန်း) ပေးကာ အရစ်ကျရောင်းချပေးမည်ဖြစ်သည်။ ယင်းကဲ့သို့သမ၀ါယမ၀န်ကြီးဌာန က ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုဘ၀မြှင့်တင်သည့်အနေဖြင့် ချေးငွေထုတ်ချေးသည့်အခမ်းအနား များကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်းဒေသကြီး များတွင်လည်း ပြုလုပ်ခဲ့သည်ဖြစ် ကြောင်း စုံစမ်းသိရှိရသည်။
ထိုကဲ့ သို့ဆောင်ရွက်ခြင်းများသည်ဆင်းရဲ မှုနွမ်းပါးမှုပပျောက်ရေးအတွက် ဦးတည်ဆောက်ရွက်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ဆင်းရဲမှုရာခိုင်နှုန်း သည် ယခု ၂၆ ရာခိုင်နှုန်းရှိက ၂၀၁၅ ၁၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန်ကြိုးပမ်းနေခြင်းဖြစ် သည်။
Hot News Journal
No comments:
Post a Comment