Tuesday, January 21, 2014
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) နှင့် မြန်မာနိုင်ငံစောင့် ကြည့်လေ့လာရေးနှင့် အစီရင်ခံ တင်ပြရေးလုပ်ငန်းအဖွဲ့တို့၏အစီ အမံဖြင့်တပ်မတော်အတွင်းအရွယ် မရောက်သေးသူ ကလေးသူငယ် များကို သက်ဆိုင်ရာတိုင်းစစ်ဌာန ချုပ်အလိုက် အသေးစိတ်စိစစ် နှုတ်ထွက်ခွင့် ပြုလျက်ရှိရာ ဇန်န ၀ါရီ ၁၈ ရက်၊ နံနက်ပိုင်းတွင် ကလေးစစ်သား ၉၆ ဦးကို ၎င်းတို့ ၏ အုပ်ထိန်းသူ မိဘများထံ အခမ်းအနားဖြင့် ပြန်လည်လွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း သိရ သည်။
အဆိုပါအခမ်းအနားတွင် တပ်မတော်အရာရှိကြီးများ၊၀န်ကြီး ဌာနများနှင့် နိုင်ငံတကာအဖွဲ့ အစည်းများ တက်ရောက်ခဲ့ပြီး တပ်မတော်မှ နှုတ်ထွက်ခွင့်ပြု သည့် လက်မှတ်နှင့် ၁၀ နှစ်မှ ၁၈ နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ် ပြားများကို ပေးအပ်ရန် မိဘများ ထံသို့ ပြန်လည်လွှဲပြောင်းပေးအပ် ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အရွယ် မရောက်သေးသူ ကလေးသူငယ် များကို စစ်မှုထမ်းခြင်းမှကာကွယ် တားဆီးရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်တွင် လုပ်ငန်းစီမံချက်ကိdk(UNCTAMA) နှင့် လက်မှတ်ရေးထိုးခဲ့ပြီးအဆိုပါ စီမံချက်ကို အကောင်အထည် ဖော်ရန် အသေးစိတ်လုပ်ငန်းအစီ အစဉ်များကို ရေးဆွဲသဘောတူ ပြီးဖြစ်ရာ ၁၈ လအတွင်း တပ်မ တော်၌ အရွယ်မရောက်သေးသူ ကလေးသူငယ်စစ်သည်လုံးဝမကျန် ရှိစေရန် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင်ယခုအကြိမ်ကလေး စစ်သားလွှဲပြောင်းပေးအပ်ခြင်း သည် ပဉ္စမအကြိမ်ဖြစ်ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာ ၃ ရက်တွင် ၄၂ ဦး၊ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါ ရီလ ၁၅ ရက်တွင် ၂၄ ဦး၊ ၂၀၁၃ ခုနှစ် ဇူလိုင် ၇ ရက်တွင် ၄၂ ဦး ၂၀၁၃ ခုနှစ် သြဂုတ်လ ၈ ရက် တွင် ၆၈ ဦးတို့ကို မိဘများထံ အသီးသီး ပြန်လည်လွှဲပြောင်းပေး အပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားအပြီး တွင် ကလေးသူငယ်များကို ကြား ကာလပြုစုစောင့်ရှောက်ရေးစခန်း သို့ တပ်မတော်မှ ပို့ဆောင်ပေးခဲ့ ပြီး ထိုစခန်းတွင် မိဘများနှင့် ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေး၊ ဆေးဝါးကုသရန် လိုအပ်ပါက ကုသခံယူစေခြင်း၊ ကျောင်းပြန်တက်ရန်ဆန္ဒရှိပါက ကျောင်းပြန်တက်ရန် စီစဉ်ပေး ခြင်းစသည်ဖြင့် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
တပ်မတော်အနေဖြင့်အရွယ် မရောက်သေးသူ ကလေးသူငယ် များကို လုံးဝစုဆောင်းခြင်းမပြု ရန်နှင့် အကြောင်းအမျိုးမျိုးဖြင့် မှားယွင်းစုဆောင်းခံသူများရှိပါက လည်း အမြန်ဆုံးထွက်ခွင့်ပြုရန် စိစစ်ဆောင်ရွက်လျက်ရှိသည့် အပြင်တာဝန်ရှိသူများကိုလည်း စစ်စည်းကမ်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိရာ တာဝန်ရှိ သူအရာရှိ ၄၀ ဦးနှင့် စစ်သည် ၂၂၉ ဦးကို စစ်စည်းကမ်းနှင့်အညီ အရေးယူခဲ့ကြောင်း သတင်းရရှိ သည်။
Hot News Journal
No comments:
Post a Comment