Friday, January 17, 2014
ရခိုင်ပြည်နယ်တွင် ကျောက် ပုစွန်များရှားပါးလာခြင်းကြောင့် နည်းစနစ်ပြောင်းလဲ၍ ဖမ်းဆီး လာရသည်ဟု ဂွမြို့နယ်မှကျောက် ပုစွန်ရှာဖွေဖမ်းဆီးသူများထံမှ သိရသည်။
ကျောက်ပုစွန်ဖမ်းဆီးခြင်းကို လွန်ခဲ့သောနှစ်များက ကျောက်ပုစွန် ချသည့်ပိုက်ကြမ်းများဖြင့် ရှာဖွေ ဖမ်းဆီးခဲ့ရာမှ ယခုအခါတွင် အောက်ဆီဂျင်ပိုက်များဖြင့် ရေ အောက်သို့ဆင်းငုပ်၍ ရှာဖွေ ဖမ်းဆီးနေကြရခြင်းဖြစ်သည်ဟု ကျောက်ပုစွန်ဖမ်းသူများကဆိုသည်။
““ကျောက်ပုစွန်ငုပ်ရတာ မလွယ်ပါဘူး။ တစ်ကြိမ်ငုပ်ရင် ရေထဲမှာနာရီဝက်လောက်ကြာ တယ်။ ချမ်းလည်းချမ်းတယ်။ နား စည်တွေလည်းနာတယ်။ ရင်ဘတ် တွေလည်းနာတယ်။ အရင်တုန်း ကဆိုရင် ပိုက်နဲ့ကျောက်ဆောင် တွေမှာလိုက်ချတော့ သက်သာ တာပေါ့။ အခုကရေထဲမှာငုပ်ရှာ ရတာဆိုတော့ ရေသတ္တ၀ါတွေရဲ့ အန္တရာယ်ကလည်းရှိသေးတယ်””ဟု ရခိုင်ပြည်နယ်ဂွမြို့မှ ကျောက် ပုစွန်ငုပ်သူ ကိုလှိုင်ဇော်အောင် က ပြောသည်။
ဖမ်းဆီးရရှိသည့် ကျောက် ပုစွန်အရှင်များကို နိုင်ငံခြားသို့ တင်ပို့ရောင်းချရာတွင် ဈေး ကောင်းရသော်လည်း ဖမ်းဆီးရာ တွင် အန္တရာယ်များကြောင်း၊ ယခင် ကဆိုလျှင် ကျောက်ပုစွန်ဖမ်းရာ တွင် (၅)လက်မအကျယ်ရှိသည့် ပိုက်ကြမ်းများဖြင့် ပင်လယ်ရေ နက်ကျောက်ဆောင်များအောက် ၀ိုင်းကာပိုက်ချပြီး ဖမ်းဆီးရ ကြောင်း ကျောက်ပုစွန်ဖမ်းသူ များထံမှ သိရသည်။
““ကျောက်ပုစွန်ငုပ်ရတာ အသက်အန္တရာယ်အရမ်းများတယ်။ စက်ပျက်လို့အောက်ဆီဂျင်မရရင် လည်း အသက်အန္တရာယ်များ တယ်။ ကျွန်တော်တို့မှာ အောက် ဆီဂျင်ကို လေပိုက်နဲ့စက်ကနေ အသက်ရှူလို့ရအောင်ယူသွားရ တယ်။ အဲဒီပိုက်တွေကိုတစ်ခါ တလေစက်လှေတွေဖြတ်သွားလို့ တိုက်မိတဲ့အခါမျိုးတွေဆိုရင်လည်း အသက်အန်္တရာယ်စိုးရိမ်ရတယ်။ ကျောက်ပုစွန်ကရှားပါးလာတော့ ဈေးကောင်းတော့ရတယ်။ ဖမ်းရ တာမလွယ်ဘူး””ဟု ကိုလှိုင်ဇော် အောင် ဆက်ပြောသည်။
ကျောက်ပုစွန်ငုပ်ရာတွင် ကမ်းခြေနှင့်ဆယ်မိုင်ခန့်ဝေးသော ပင်လယ်ထဲရှိကျောက်ဆောင်များ အောက် သွားရောက်ရှာဖွေရပြီး တစ်နေ့လျှင်ဒီဇယ်နှစ်ဂါလံခန့်ကုန် ကျကြောင်း၊ စက်လှေတစ်စင်းလျှင် လူငါးယောက်မှဆယ်ယောက်အထိ စက်လှေအကြီးအသေးပေါ်မူတည် ပြီး လိုက်လံဖမ်းဆီးရကြောင်းနှင့် စက်လှေပေါ်လိုက်ပါသည့် လုပ် သားများမှာဖမ်းမိသည့်ကျောက်ပုစွန် ရောင်းရငွေကို စက်လှေပိုင်ရှင်နှင့် တစ်ဝက်စီအညီအမျှခွဲဝေယူရ ကြောင်း ကျောက်ပုစွန်ဖမ်းဆီးသူ များထံမှ သိရသည်။
““ဒီမှာဝယ်လို့ရတဲ့ ကျောက် ပုစွန်အရှင်တွေကိုကန်နဲ့ အောက် ဆီဂျင်လွှတ်ပြီး လှောင်ထားရ တယ်။ အရင်ကဆိုရင်တစ်ရာကီလို လောက်ကို ငါးရက်နဲ့ဝယ်လို့ရ တယ်။ အခုဆိုရင်ငါးရက်ကိုငါး ဆယ်ကီလိုလောက်ပဲရတော့တယ်။ ဖမ်းတဲ့လူတွေကလည်း နည်းသွား ပြီ””ဟု ဂွမြို့ရှိ KM ကျောက်ပုစွန် အ၀ယ်ဒိုင်မှ ကိုကျော်မိုးက ပြော သည်။
ကျောက်ပုစွန်အကောင်ရှင် ဈေးနှုန်းမှာFlower အမျိုးအစား တစ်ကီလိုနှင့်အထက်ကိုတစ်ပိဿာ လျှင် ခြောက်သောင်းကျပ်၊ တစ် ကီလိုအောက်ကိုတစ်ပိဿာလျှင် လေးသောင်းငါးထောင်ကျပ်Green နှင်Bumbul ပုစွန်အမျိုး အစားမှာ ၂၀ကျပ်သားနှင့်အထက် တစ်ပိဿာကိုနှစ်သောင်းငါးထောင် ကျပ်၊ ၂၀ ကျပ်သားအောက် တစ်ပိဿာကိုတစ်သောင်းရှစ် ထောင်ကျပ်ပေါက်ဈေးရှိနေပြီး အကောင်အသေဈေးမှာအကောင် ရှင်ဈေးနှုန်း၏ ငါးပုံနှစ်ပုံခန့်သာ ဈေးရှိကြောင်း ဂွမြို့ပေါ်ရှိကျောက် ပုစွန်အ၀ယ်ဒိုင်များမှ သိရသည်။
Hot News Journal

No comments:
Post a Comment