Tuesday, January 28, 2014

မဖြစ်ဖြစ်အောင်ပြင်ရင် မဖြစ်သင့်တာတွေဖြစ်လာမယ်


Tuesday, January 28, 2014

အခုရေးမယ့် အကြောင်းအရာက ၅၉(စ) ပြင်သင့် မပြင်သင့်ကိစ္စ မဟုတ်ဘဲ၅၉(စ) ပြင်နိင်တဲ့ စွမ်းရည်ရှိမရှိ ကိစ္စဆိုတာ အရင်ဆုံးပြောထားချင်ပါတယ်။ မပြင်သင့်ဘူးပြောရင် ပြည်ခိုင် ဖြိုး လိုလိုတပ်လိုလိုတံဆိပ်တပ်မယ်။ပြင်သင့်တယ်ပြောရင် NLD ဘက်ကလို့ စွပ်စွဲမယ်။

ဘယ်ဘက် ကမှ မဟုတ်ဘဲ ပြည်သူ လူထုဘက်က အမြင်နဲ့ မဖြစ်သင့်တာ မဖြစ်ရအောင် ကြို တင် ပြော ထားတာ ဖြစ်ပါတယ်။

၅၉(စ)ကို လွှတ်တော်နည်းနဲ့ ပြင်ဖို့ ကြိုးစားတာ ဟာ ကျောက်ခဲဆီညှစ်သလို ဖြစ်မယ် ဆိုတာ သာမန်လူပြိန်း အတွေးနဲ့ တောင်သိနိင်တဲ့ ကိစ္စဖြစ်ပါတယ်။မဖြစ်ဖြစ်အောင်ပြင်မယ် ဆိုရင် လူထုနည်းလမ်းဘဲရှိတယ်။

လူထုနည်းလမ်းဆိုတာ အရှင်းဆုံးပြောရရင်တော့လမ်းပေါ်ထွက်ဆန္ဒပြတာဘဲ။ လူထု အစည်းအဝေးတွေ လုပ် လက်ညှိုးထောင် ခေါင်းငြိမ့်လောက် ကတော့အစိုးရ အတွက် အိပ်ရေးပျက်ခံ ထကြည့်လောက် တဲ့ကိစ္စမဟုတ်ပါဘူး။

လူထုနည်းနဲ့ ပြင်ချင်တယ်ဆိုသူတွေ အရင်ဆုံး လေ့လာသင့်တာက ၈၈ အရေး ပဲဖြစ်တယ်။ ၈၈ အရေး ဘာကြောင့် မအောင်မြင်ခဲ့သလဲ။နေ့  စေ့လစေ့ မို့ သာ မနေနိင်လို့ မွေးခဲ့ရပြီး လက်သည်ကောင်း မရှိခဲ့လို့ ခလေးဆုံးခဲ့ရသလိုဘဲ လူထုရဲ့  မကျေနပ် မှုတွေမနေနိင်လို့ ပေါက်ကွဲ ခဲ့ရပေမယ့်
ခေါင်းဆောင်မရှိဘဲအတင်းခေါင်းဆောင် ရှာတင် ခဲ့ရပြီးအုံကြွမှုအရှိန်ကိုထိန်းနိင်သူ မရှိ(ထိန်းရကောင်းမှန်းမသိ) တဲ့ ခေါင်းဆောင်မှုကြောင့် ဆိုတာ သင် ခန်းစာ ယူရမှာဖြစ်ပါတယ်။

အခု လူထုနည်းနဲ့ ပြင်ချင်ရင် ၈၈ အမှားတွေ ထပ်မဖြစ်အောင် ဘာတွေပြင် ဆင်ထားပြီ လဲ ဆိုတာအရင်ဆုံးမေးရမှာ ဖြစ်ပါတယ်။စံနစ်တကျ အောင်မြင်အောင် စီမံကွပ်ကဲ မှုအဖွဲ့ ဖွဲ့ စည်း လေ့ကျင့်ထားပြီလား။

အသက်၁၈နှစ်ပြည့်ပြီးမိမိအသိစိတ်နဲအသက်စွန့် မယ့်သူဘယ်လောက်စုထားပြီလဲ။(မူလတန်းအလယ်တန်း အထက်တန်း ကလေး တွေ ကိုရှေ့ က တင်ပြီးအသေခံ ခိုင်းတဲ့ ခေါင်းဆောင်တွေ မပါဖို့ လိုပါတယ်)ငြိမ်းချမ်းစွာ ဆန္ဒပြမှု ကနေဆူပူမှု အဆင့်မရောက်အောင် ဘယ်လို ထိန်းမလဲ။
(ထိန်းမယ့် သူထက် ဆူပူအောင်မြှောက်ပေး မယ့်သူပိုများနေတယ်)။

အခု လူထုနည်းနဲ့ ပြင်မယ်လို့ အော်နေသူတွေ ကိုယ်တိုင် ရှေ့ ကအသေမခံဘဲ၁၈နှစ်အောက် ခလေးတွေအပစ်ခံကြရရင်တော့ ဒီလူတွေဟာ လေလှိုင်းကြားကလူသတ်သမားစစ်စစ်တွေဘဲ။

လက်ရှိစစ်တိုင်းမှုးနဲ့ အထက်ဗိုလ်ချုပ်တွေဟာ အရပ်ဘက်အာဏာဆိုတဲ့အရသာ ကို မြည်းစမ်းခဲ့ ဖူးသူတွေဖြစ်တယ်။ အစိုးရသစ် လက်ထက်မှာခုအချိန်ထိ လွှတ်တော် ထဲကလွဲလို့ အရပ်ဘက်အုပ်ချုပ်ရေးမှာဝင်ရောက်စွတ်ဖက်တာမရှိပါဘူး။စစ်တပ်က အာဏာသိမ်းဖို့ 
ဂွင်ထဲရောက် လာရင်တော့ ( ပါးစပ်ထဲ လက်ညှိုး အတင်း ထဲ့ပေး လာရင်တော့ )ရှောင်နိင်ဖို့ ခက်ပါတယ်။

ဘာဘဲပြော ပြော အခုအနေအထား ဟာ ၂၀၁၅ ရွေးကောက်ပွဲ နဲ့ NLDအာဏာရဖို့ လမ်းပွင့်နေပါပြီ။ ဒီလိုချောမွေ့ နေတဲ့ လမ်းကို မလိုက်ဘဲ ဒေါ်စု သမ္မတဖြစ်ဖို့ ၅၉(စ)ကို မဖြစ်ဖြစ်အောင်ပြင်ရင်တော့ မဖြစ်သင့် တာတွေဖြစ်လာရင် မဖြစ်ဖြစ်အောင်ပြင်သူ တွေဟာ သမိုင်း တရားခံ တွေဖြစ်လာလိမ့်မယ် လို့ ကြိုတင် ဟောကိန်းထုတ်လိုက်ရပါတယ်။ ။

cradit to : ဦးသောင်းအေး

1 comment:

Unknown said...

ဒေါ်စုအတွက်ပြင်ချင်တာမဟုတ်ပါ။ နောင်လာနောက်သားအားလုံးအတွက်ပါ။