Wednesday, January 22, 2014

ဘာသာပေါင်းစုံမှ လူငယ်များ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပမည်


Wednesday, January 22, 2014

ဖေဖော်ဝါရီ ပထမအပတ်တွင် ကျရောက်သော ကမ္ဘာ့ဘာသာပေါင်းစုံ သဟဇာတဖြစ်ရေး ရက်သတ္တပတ် အထိမ်းအမှတ်အဖြစ် ပြည်တွင်းရှိ ဘာသာပေါင်းစုံလူငယ်များ စုပေါင်း၍ အထိမ်းအမှတ်ပွဲ ကျင်းပမည်ဟု ယင်းပွဲကို ဦးဆောင်ကျင်းပမည့် Judson Research Center(JRC)မှ ဒါရိုက်တာဦးစောလှိုင်ဘွားက မဇ္ဈိမ ကို ပြောသည်။ 

“ငြိမ်းချမ်းရေးကိုတည်ဆောက်နေတဲ့ ဖြစ်စဉ်ထဲက ဘာသာပေါင်းစုံလူငယ်များရဲ့ကဏ္ဍ”ဟု အမည်ပေး ထားသည့် အဆိုပါပွဲကို ဖေဖော်ရီ ၇ ရက် ညနေ ၄ နာရီမှ ၈ နာရီအထိ အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံဓမ္မတက္ကသိုလ်တွင် ကျင်းပမည်ဖြစ်သည်။

ဦးစောလှိုင်ဘွားက “ဘာသာပေါင်းစုံက လူငယ်တွေ ၂၅၀ လောက် တက်မယ်လို့တော့ မျှော်မှန်းထားပါ တယ်။ အရင်က ဘာသာရေးခေါင်းဆောင် လူကြီးတွေက ဟောပြောဆွေးနွေးသွားပေမယ့် ဒီတစ်ခါ လူ ငယ်တွေကပဲ ဦးဆောင်ဆွေးနွေးသွားမှာပါ”ဟု ပြောသည်။

ဘာသာပေါင်းစုံလူငယ်များမှ အားအင်သစ် အတွေးအမြင်သစ် ခံစားမှုရသအသစ်များဖြင့် ဆက်လက်နိုး ကြား တက်ကြွရှင်သန်နေစေရန် ရည်ရွယ်၍ Judson Research Center (JRC)မှ ဦးဆောင်ကျင်းပခြင်း ဖြစ်သည်။

အဆိုပါပွဲတွင် ဘာသာပေါင်းစုံလူငယ်များမှ မိတ်ဟောင်းမိတ်သစ် လူငယ်များအချင်းချင်း ရင်းနှီးပွင့်လင်း ချစ်ခင်ညီညွတ်စွာဖြင့် ငြိမ်းချမ်းရေးတည်ဆောက်မှုကဏ္ဍတွင် လူငယ်များ၏အခန်းကဏ္ဍကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်သည်။

ငြိမ်းချမ်းရေးပွဲတွင် လူငယ်များ၏ ငြိမ်းချမ်းရေးဆွေးနွေးချက်များ၊ ဘာသာပေါင်းစုံ လူငယ်များ၏ တင် ဆက်မှုအမျိုးမျိုး၊ အဆိုတော်စောဖိုးခွား၏ ငြိမ်းချမ်းရေးသီချင်းသီဆိုခြင်း၊ ငြိမ်းချမ်းရေးအတွက် အထူး မေတ္တာပို့ ဆုတောင်းခြင်းများ ပါဝင်မည် ဖြစ်သည်။ 

အဆိုပါပွဲကို ကျင်းပသည်မှာ ဒုတိယအကြိမ် ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ပထမအပတ်အ တွင်းကလည်း မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ်တွင်ပင် ပထမအကြိမ် ကျင်းပခဲ့သေးသည်။

ကမ္ဘာတစ်ဝန်းတွင် ၂၀၁၁ ခုနှစ်မှစကာ ဖေဖော်ရီလ ပထမပတ်ကို ကမ္ဘာ့ဘာသာပေါင်းစုံ သဟဇာတဖြစ် ရေး ရက်သတ္တပတ်အဖြစ် ပြုလုပ်ကျင်းပကြသည်။ Judson Research Center (JRC) သည် အဓိကအားဖြင့် ဗုဒ္ဓဘာသာနှင့်ခရစ်ယာန်ဘာသာတို့အကြား အခြေခံသဘောတရား အနှစ်သာရတူညီမှုများကို လေ့ လာမှုပြုလုပ်နေပြီး ၂၀၀၃ ခုနှစ် ဇူလိုင်လက စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

Mizzima - News in Burmese

No comments: