Wednesday, January 22, 2014

၇ နှစ်အရွယ် မြန်မာမိန်းကလေးတစ်ဦး အမေရိကန်တွင် အဓမ္မကျင့်၊ သတ်ဖြတ်ခံရမှု စစ်ဆေးနေဆဲဖြစ်


Wednesday, January 22, 2014

အမေရိကန် ယူတာ့(Utah) ပြည်နယ် Salt Lake City မြို့တွင် နေထိုင်သည့် အသက် ၇ နှစ်အရွယ် မြန်မာဒုက္ခသည် မိန်းကလေးတစ်ဦးသည် ၂၀၀၈ ခုနှစ် မတ်လက အသက်၂၆ နှစ်အရွယ် အိန္ဒိယလူမျိုးတစ်ဦး၏ အဓမ္မကျင့်၊ သတ်ဖြတ်ခြင်းခံခဲ့ရပြီး ယင်းအမှုကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ အထိ ဆက်လက်စစ်ဆေးနေဆဲဖြစ်သည်။

ဆာနာမူး(Hser Ner Moo) ခေါ် မြန်မာအမျိုးသမီးငယ်သည် ၂၀၀၈ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် အသတ်ခံခဲ့ရခြင်းဖြစ်ပြီး သူမ၏ မိဘနှင့်အတူ နေထိုင်သည့် အိမ်အောက်တွင် ဆော့ကစားရင်း ပျောက်ဆုံးသွားခဲ့ရာမှ အိမ်နီးနားချင်း အိန္ဒိယမျိုးနွယ်ဖွား မွတ်ဆလင်လူမျိုး ဆာမက်၏ နေအိမ် ရေချိုးခန်း မြေအောက်ခန်းအတွင်း သွေးအိုင်ထဲတွင် သေဆုံးနေသည်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အသက် ၂၆ အရွယ်ရှိ ဆာမက်ကို ကလေးပြန်ပေးဆွဲမှုနှင့် လူသတ်မှုတို့ဖြင့် ဖမ်းဆီးကာ တရားစွဲဆိုထားသည်။

ဆာမက်ကို စစ်ဆေးနေသည့် စတုတ္ထမြောက်နေ့တွင် ကလေးသူငယ် အလွဲသုံးစားပြုမှုဆိုင်ရာ ကျွမ်းကျင်သူ လော်ရီဖရေဆာက ဆာနာမူး တွေ့ကြုံခံစားခဲ့ရဖွယ်ရှိသည့် နှိပ်စက်ညှင်းပမ်းခံရမှု အသေးစိတ်ကို ထွက်ဆိုခဲ့သည်။

ဖရေဆာ၏ အဆိုအရ မိန်းကလေး၏ လိင်အင်္ဂါမှာ ဆိုးဝါးသည့် ဒဏ်ရာများတွေကရသည့်အပြင် ဘယ်လောက်မောင်းလည်း ကျိုးနေသည်ဟု ဆိုသည်။ ထို့ပြင် ရရှိသောဒဏ်ရာများကို ကြည့်ရှုခြင်းဖြင့် အကြမ်းဖက် နှိပ်စက်ညှင်းပမ်းကာ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

တရားခံရှေ့နေကမူ ဖရေဆာသည် ကလေးများ နှိပ်စက်ညှင်းပမ်းမှု လေ့လာသူသာဖြစ်ပြီး သေမှုသေခင်း စစ်ဆေးရေးအရာရှိမဟုတ်ကြောင်း မေးခွန်းထုတ် ကန့်ကွက်ခဲ့သည်။

ဆာမက်သည် ပြစ်ဒဏ်ချမှတ်ခံရပါက ထောင်ဒဏ်တစ်သက် ကျခံရဖွယ်ရှိပြီး တရားလိုရှေ့နေများကမူ သေဒဏ်အထိ မချမှတ်စေလိုဘဲ ဘာသာစကား အတားအဆီးများကြောင့် ဖြစ်သည်ဟု ထွက်ဆိုထားသည်။

ဆာနာမူးတို့မိသားစုသည် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့တိမ်းရှောင်ထွက်ပြေးခဲ့သည့် ဒုက္ခသည်များဖြစ်ကာ အမေရိကန်၊ ယူတာ့(Utah) ပြည်နယ်၊ Salt Lake City မြို့သို့ပြောင်းရွှေ့ ရောက်ရှိနေခြင်းဖြစ်ပြီး ဆာမက်မှာလည်း ထိုင်းနိုင်ငံ မြန်မာဒုက္ခသည်စခန်းတွင် နေထိုင်ခဲ့ဖူးသူဖြစ်သည်။

ဆာမက်သည် လူသတ်မှု မကျူးလွန်မီ တစ်လအလိုမှ Salt Lake City သို့ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး အခန်းဖော် လေးဦးနှင့်အတူ နေထိုင်ခဲ့သည်။

ရည်ညွှန်း - ဒေးလီးမေး၊ Salt Lake Tribune
Mizzima 

No comments: