Tuesday, February 11, 2014

ခင်ပွန်းသည် AIDS ကူးမှာစိုးလို့ဟုဆိုကာ ဇနီးသည်က ခင်ပွန်းကို ဓားနဲ့ထိုးသတ်ခဲ့


Tuesday, February 11, 2014
ရ၀မ်ဒါ နိုင်ငံ မှာဖြစ်ပွား ခဲ့တဲ့ မှုခင်း တစ်ခု ဟာ AIDS ရောဂါ ဝေဒနာ နဲ့ ဆက်စပ် ပတ် သက် နေခဲ့ လို့ စိတ်ဝင် စားစရာ ကောင်း ခဲ့ပါ တယ်။ အသက် အလယ် အလတ် အရွယ်ရှိ ကမ်ပို ရိုရို အမည် ရှိ အမျိုး သမီး တစ် ဦး ဟာ သူ့ရဲ့ခင်ပွန်း ဖြစ်သူ AIDS ရောဂါပိုး ကူးစက် မှာဆိုး လို့ သူကိုယ်တိုင် သတ်ပစ် ခဲ့တယ်လို့ သိရပါ တယ်။ သူ့ရဲ့ခင်ပွန်းဖြစ်သူဟာ အသက် (၄၈နှစ်)အရွယ်ရှိ မီယန်ဘီလီဖြစ်ပါတယ်။ မီယန် ဘီလီရဲ့ အစ်ကိုဖြစ် သူ ဟာ AIDS ရောဂါ ဝေဒနာကြောင့် သေဆုံး သွား ခဲ့ပါတယ်။

ရ၀မ်ဒါ နိုင်ငံမှာ ရိုးရာထုံး ထမ်း အစဉ် အလာ တွေ အရ သေဆုံးသွားတဲ့ ယောက်ျားဖြစ်သူရဲ့ဇနီးကို ဆွေမျိုးသားချင်းတွေက ကူညီထောက်ပံ့မှု တွေ ပြုလုပ်ရ ပါ တယ်။ ဒါကြောင့် မီယန်ဘီလီ ဟာ အစ်ကိုဖြစ်သူရဲ့ မိန်းမကို လက်ထပ်ပေါင်း သင်းရမှာဖြစ်ပါတယ်။ ဒါပေမဲ့ မီယန်ဘီလီရဲ့ ဇနီးဖြစ်သူဟာ သူ့ရဲ့ခင်ပွန်း AIDS ရောဂါပိုး ကူးစက်မှာကို မလိုလားခဲ့ပါဘူး။ ဒါကြောင့် ကမ်ပို ရိုရို ဟာ သားဖြစ်သူ၊ အစ်မဖြစ်သူတို့ နဲ့အတူ ယောက်ျားဖြစ်သူကို ဓားနဲ့ထိုးသတ်မှု ပြုလုပ် ခဲ့ခြင်းပါတယ်။ ဒီ သတင်းဟာ ရ၀မ်ဒါ နိုင်ငံမှာ ဟိုးလေးတကျော်ဖြစ်သွားခဲ့ပါတယ်။ မီယန်ဘီလီဟာ အစ်ကိုဖြစ်သူရဲ့ဇနီးကို မယူ မီအတောအတွင်းမှာ သတ်ဖြတ်ခံလိုက်ရ တာဖြစ်ပါတယ်။ ရ၀မ်ဒါနိုင်ငံမှာလူဦးရေ(၃) ရာခိုင်နှုန်းဟာ HIV ရော ဂါ ကူးစက်ခြင်းခံနေ ရတယ်လို့ သိရပါတယ်။

By The Messenger

No comments: