Tuesday, February 11, 2014

“ KIA ရဲ့ အောက်တန်းကျတဲ့ စိတ်ဓါတ် ”


Tuesday, February 11, 2014

KIA ဗဟိုဌာနချုပ်မှ သူတို့တပ်မဟာလက်အောက်မှာရှိတဲ့ တပ်ရင်းများကို တစ်ရင်းလျှင် လူသစ်အပါဝင် အင်အား ၂၀၀ဦး ပြည့်မီရေးအတွက် ဆိုင်ကယ်ကယ်ရီ၊ ရခိုင်၊ ကုလား၊ ရှမ်း၊ လီဆူ၊ ရဝမ်များ တောင်ယာ/သစ်ခုတ်/မီးသွေးဖုတ်/ရွှေမှော်များတွင် တပ်သား သစ်များစုဆောင်းရန် ညွှန်ကြားထား ကြောင်းနှင့် မြစ်ကြီးနားမြို့ပေါ်ရှိ မန်ခိန်၊ ရွှေစက် ရပ်ကွက်များ နှင့် နန်ကျင်ကျေးရွာ ဘိန်းဖြတ် စခန်းမှ ၁၀ဦးစီ မဖြစ်မနေရရှိရေး စုဆောင်းနေတယ်လို့ သိရှိရပါတယ်..

ဒါက KIA တပ်ဖွဲ့မှာ အင်အားနည်းနေပြီဆိုတာ မီးမောင်းထိုးပြလိုက်သလိုပဲ၊ ဒါ့အပြင် ဝမ်ပေါင်နိုင်ငံအတွက် အင်အားများစုစည်းပြီး ခွဲထွက်ဆန့်ကျင်ရန်တာဆူနေတာ အကျိုးမရှိ အနာဂတ် အတွက် ဘာအာမခံချက်မှမရှိဘဲ သေသွားရတဲ့ သူတို့ရဲ့ အဓမ္မစုစစ်သည်တွေ ၊ ပြီးတော့ သူတို့ အဖွဲ့ရဲ့ အထက်နှင့်လက်အောက် ဆင်းရဲချမ်းသာကွာခြားမှုကြီးမားတာတွေကြောင့် ထွက်ပြေး တိမ်းရှောင်သွားတဲ့ စစ်သည်တွေ၊ တစ်နေ့ဝမ်းစာတစ်နေ့ လည်ပတ်နိုင်ဖို့အရေး တစ်နေကုန် နေပူ ကျဲကျဲမှာရုန်းကန်၍ KIA ရဲ့ မတရားအတင်းအဓမ္မတောင်းခံတဲ့ ဆက်ကြေးဆိုတာတွေကို ပန်းဦးလွှတ်တင်နေရတဲ့ ပြည်သူတွေရဲ့ဘဝ၊ ခံစားချက်တွေကို စာနာသနားပြီး KIA မှ ထွက်ပြေး အလင်းဝင်လာတဲ့ သူတွေကြောင့် KIA တပ်ဖွဲ့မှာ လူမရှိတော့ဘူးလို့ ထွက်ပြေးလွတ်မြောက် လာသူတွေ ပြောပြလို့သိရပါတယ်….

အခုလဲကြည့် မသိနားမလည်သေးတဲ့ လူငယ်တွေကို မဟုတ်တမ်းတရားတွေ ဟောပြီး မြူဆွယ်ဆွဲဆောင်စည်းရုံးတယ်… အဲလိုမှမရရင် အသက်အန္တရာယ်ကို လက်နက်နဲ့ခြိမ်းခြောက်ပြီး အတင်းအဓမ္မဖမ်းဆီး လူသစ်စုတယ်.. ပြီးရင် လူညွှန့်တုံးအောင် ဘိန်းဖြူတွေကျွေးပြီး ရှေ့တန်း စစ်မြေပြင်မှာခိုင်းတာလုပ် အသေခံဖို့ အသုံးချတယ်.. ဒီကောင်တွေရဲ့ လုပ်ရပ်က “သားရေပေါ်အိပ် သားရေနားစား” တဲ့ ခွေးအတွေလိုပဲ… ပြည်သူတွေထံ ဆက်ကြေးတွေတောင်း၊ ပြီးတော့အဲဒီ ပြည်သူတွေကို အတင်းအဓမ္မလူသစ်စုပြီး သူတို့ကိုယ်ကျိုးစီးပွား ၊သူတို့အတ္တတွေအတွက် ရှေ့တန်း တိုက်ပွဲတွေမှာ အသေခံတိုက်ခိုင်းဦးမယ်…

ဒါ့ကြောင့် ကချင်ပြည်နယ်မှာနေရတာ ဘယ်နေ့ ဒီKIA ရဲ့ အသုံးချခံရမလဲဆိုတာပဲ စိုးရိမ်နေရတယ်ဗျာ … KIA အမြန်နိဂုံးချုပ်စေဖို့လဲ မပျက်မကွက်ဆုတောင်းတဲ့အထဲ ပါတယ်ဗျ…။

စိုင်းသာထူး

ကြေးမုံသတင်းစာ

No comments: