Thursday, February 27, 2014
မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် မြန်မာစစ်တပ်နှင့် စစ်ဘက်ဆိုင်ရာဆက်ဆံရေးမှာ အလွန် အရေးပါပြီး စစ်တပ်ပူးပေါင်းပါဝင်ထောက်ခံခြင်း မရှိသည့် အသွင်ကူးပြောင်းရေးသည် နှေးကွေးသွားနိုင် သည်ဟု အမေရိကန်ကာကွယ်ရေး ထိပ်တန်းအရာရှိ ဒေးဗစ်ရှီးယားက သတိပေးလိုက်သည်။
အေပီသတင်းဌာန၏ ဖေဖော်ဝါရီလ ၂၆ ရက် ဖော်ပြချက်တွင် “နှေးကွေးသွားနိုင်ခြေရှိပါတယ်”ဟု ဒေး ဗစ်ရှီးယားက ဆိုသည်။
“မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးဟာ မြန်မာပြည်တွင်းမှာ လက်ရှိ လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အားလုံး အောင်မြင်ဖို့အတွက် အလွန်အရေးပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်”ဟု ရှီးယားက ဆိုခဲ့သည်။ ထို့အပြင် ပင်တဂွန်စစ်ဌာနချုပ်ကလည်း “စံချိန်စံညွန်းတွေနဲ့အညီ ချင့်ချင့်ချိန်ချိန် ဆက်ဆံသင့်ပါတယ်”ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံနှင့် စစ်ဘက်ဆက်ဆံရေးမှာ အလွန်အရေးပါသည်ဟု ဒေးဗစ်ရှီးယားက ဆိုသော်လည်း မြန်မာအစိုးရနှင့် လက်နက်ရောင်းဝယ်ခြင်းကိုမူ အမေရိကန်အစိုးရက စဉ်းစားခြင်းမရှိသေးဟု အမေရိကန် အစိုးရ ပြောခွင့်ရ အမျိုးသမီး ဂျန်ပီစက်အေကီက ဆိုသည်။
“အမေရိကန်အနေနဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းချခွင့် ပိတ်ပင်ထားတာကို ဖျက်သိမ်းပေးဖို့ မစဉ်း စားသေးပါဘူး”ဟု ဂျန်ပီစက်အေကီက ဆိုသည်။ အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံသို့လက်နက်ရောင်း ချခြင်းကို ၁၉၈၈ အရေးအခင်းပြီးနောက်ပိုင်းကတည်းက ရပ်ဆိုင်းထားခဲ့သည်။
အမေရိကန်နိုင်ငံသည် မြန်မာစစ်တပ်အတွင်း၌ ပြုပြောင်းလဲရေးများကို အားပေးထောက်ခံမှု ရှိလာစေ ရန်အတွက် လူ့အခွင့်အရေးနှင့် စစ်ဘက်ဆိုင်ရာဥပဒေများအကြောင်း ဆွေးနွေးမှုများကို စတင်ပြုလုပ်ခဲ့ ပြီဖြစ်သော်လည်း စစ်ဘက်ဆိုင်ရာဆက်ဆံရေး၌ တင်းကျပ်မှုများ ထားရှိထားဆဲ ဖြစ်သည်။
သို့သော် မြန်မာစစ်တပ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်နေဆဲဟူသော စွပ်စွဲချက်များကြောင့် အိုဘားမားအစိုးရနှင့် မြန်မာစစ်တပ်အကြားရှိ အသက်သေဆုံးစေနိုင်သည့် စစ်ဘက်လက်နက်ပိုင်းဆိုင် ရာ ပူးပေါင်းဆောင်ရွက်မှုများ စတင်နေခြင်းကို အမေရိကန်လွှတ်တော်က ဆန့်ကျင်လျက်ရှိသည်။ အို ဘားမားအစိုးရက ဆောင်ရွက်နိုင်သည်များအပေါ် သံသယရှိနေသေးသောကြောင့် ယခုကဲ့သို့ ဆက် လက် ဆန့်ကျင်နေခြင်းဖြစ်သည်ဟုလည်း အေပီက ရေးသားသည်။
အမေရိကန်သည် မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများ၊ နိုင်ငံရေး၊ စီးပွားရေးအပေါ် လွှမ်းမိုးမှုရှိသည့် သမိုင်းကြောင်းများနှင့်ပတ်သက်၍ “ရှင်းလင်းစွာ နားလည်ထားသင့်ပါတယ်”ဟုလည်း ရှီးယားက ဆိုသည်။ ထို့အတူ စစ်ဘက်ဆိုင်ရာဆက်ဆံရေး တိုးမြှင့်မှုများ ပြုလုပ်ရန် မြောက်ကိုရီးယား နိုင်ငံနှင့် လက်နက်ကုန်သွယ်မှု ရပ်တန့်ရန်တို့ လိုအပ်ကြောင်းလည်း ထည့်သွင်း ပြောကြားသွားခဲ့သည်။
Mizzima
No comments:
Post a Comment