Tuesday, February 11, 2014

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီအစည်းအဝေး စတင်


Tuesday, February 11, 2014

ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းထားသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်မှုကော်မတီ ပထမအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ ၁၁ ရက်တွင် စတင်မည်ဟု ကော်မတီဝင်အချို့က မဇိ္ဈမကို အတည်ပြု ပြောကြသည်။

အဖွဲ့ဝင် ၃၁ ဦးဖြင့် ဖွဲ့စည်းထားသည့် အဆိုပါကော်မတီအတွင်း လူစားလဲလှယ်မှု တစ်ခုကိုလည်း ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြုလုပ်ခဲ့ပြီး လွှတ်တော်က အတည်ပြုပေးခဲ့သည်။

ချင်းတိုးတက်ရေးပါတီဝင်များဖြစ်ကြသည့် ပလက်ဝမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပိုက်လင်းအစား ဦးဇုန်လှယ်ထန်း ချင်းပြည်နယ် အမှတ်(၂) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကို အစားထိုးခန့်အပ်ခြင်း ဖြစ်သည်။

မူလပြည်သူ့လွှတ်တော်အမတ် ၁၀ ဦး၊ အမျိုးသားလွှတ်တော်အမတ် ၁၀ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ခုနစ်ဦးတို့ဖြင့် ဖွဲ့စည်ထားခြင်းဖြစ်သော်လည်း ယခုကဲ့သို့ အစားထိုးခြင်းကြောင့် အမျိုးသား လွှတ် တော်အမတ်ပါဝင်မှု ပိုများလာခဲ့သည်။

ယင်းတွင် ပြည်ခိုင်ဖြိုးပါတီဝင် ၁၄ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် နှစ်ဦးနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တစည ပါတီ၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ဖလုံစဝေါ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် တို့မှ တစ်ဦးစီတို့ ပါဝင်သည်။

ကော်မတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ ပိုမိုကောင်းမွန်အောင် ပြင်ဆင် သင့်သည့် အကြောင်းအရာများ၊ ပြင်ဆင်ခြင်းမပြုဘဲ ဆက်လက်ထားရှိသင့်သည့် အကြောင်းအရာများ၊ ပြင်ဆင်ခြင်းမပြုဘဲ ဆက်လက်ထားရှိသင့်သည့် အကြောင်းအရာများကို လေ့လာဖော်ထုတ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ် ဖြစ်ပေါ်လာသည်အထိ တာဝန်ယူဆောင်ရွက်ရမည် ဖြစ်သည်။

Mizzima 

No comments: