Sunday, February 16, 2014
အင်းစိန်ပန်းခြံပတ်လည်မှာ ကားတွေပိတ်နေလို့ တစ်မိုင်ခရီးလောက်ကို ကျွန်တော် လမ်းလျှောက်ပြီး ပြန်လာခဲ့ပါတယ်။ နေပူလို့ ထီးဆောင်းလာခဲ့ပေမယ့် ချွေးတွေထွက်ပြီး ပင်ပန်းပါတယ်။ ဒီလိုနဲ့ နံ့သာကုန်းရပ်ကွက်က ငွေကြေးကြွယ်ဝသူတွေ အများစုနေထိုင်ကြတဲ့ ခြံကျယ်ကြီးတွေနားရောက်တော့ တပ်မတော်က ရဲဘော်ဟောင်းနှစ်ဦး တစ်ခြံပြီးတစ်ခြံ စာအုပ်လိုက်ရောင်းနေတာကို တွေ့ရပါတယ်။ ကျွန်တော် လေးစားချစ်ခင်တဲ့ ရဲဘော်ဟောင်းတွေမို့လို့ ရပ်ပြီးကြည့်နေမိပါတယ်။ ဘယ်ခြံကမှ စာအုပ်ဝယ်တာ မတွေ့မိပါဘူး။
နောက်ဆုံး ကျွန်တော်ရပ်နေတဲ့ နေရာ နားက အိမ်ရှေ့ခြံဝမှာ သူတို့ရပ်ပြီး ““အိမ်ရှင် တို့ခင်ဗျာ၊ အိမ်ရှင်တို့ခင်ဗျာ””လို့ တလေး တစား ခေါ်နေပါတယ်။ အိမ်ထဲမှာ လူတွေရှိ ရက်နဲ့ မထူးပါဘူး။ အဖက်လည်း မလုပ်ပါဘူး။ ရဲဘော်ဟောင်းနှစ်ယောက်ကလည်း ဇွဲရှိရှိနဲ့ ငါးမိနစ်လောက်ရပ်ပြီး ခေါ်နေပါတယ်။ မလာ ပါဘူး။ ဒါနဲ့ ကျွန်တော်က ““သူတို့ မ၀ယ်ချင် နေပါစေဗျာ။ သူတို့ကိုယ်စား ကျွန်တော်ဝယ် ပါ့မယ်””ဆိုပြီး ကျွန်တော် စာအုပ်တစ်အုပ်ကို ၀မ်းသာအားရ ၀ယ်လိုက်ပါတယ်။ ပြီးတော့ သူတို့နဲ့ မိနစ်နှစ်ဆယ်လောက် အားရပါးရ စကားပြောခဲ့ပါတယ်။ အံ့သြစရာက သူတို့ မနက်ကတည်းက တစ်အိမ်ဝင် တစ်အိမ်ထွက် လျှောက်ရောင်းတာ စာအုပ်တစ်အုပ်မှ မ ရောင်းရသေးဘူးလို့ဆိုပါတယ်။ အသက်ခြောက် ဆယ်ကျော် အဂဩ မစုံတော့တဲ့သူတွေပါ။ နေ့ လည်(၁)နာရီထိုးနေပါပြီ။ ထမင်းမစားရ သေးလို့ ကျွန်တော့်အိမ်ကို ထမင်းလိုက်စားဖို့ ခေါ်တော့ ငြင်းရှာပါတယ်။ အခု ဈေးဦးပေါက် ပြီဖြစ်လို့ အချိန်ရှိတုန်း ဆက်ရောင်းလိုက် ပါဦးမယ်တဲ့။ ကျွန်တော်ထင်ပါတယ်၊ လမ်း လျှောက်ရတာ၊ ထမင်းငတ်တာဟာ သူတို့အ တွက် မှုစရာမဟုတ်ပေမယ့် မှုစရာက စာအုပ် များများ ရောင်းရရေးဖြစ်နေပါလိမ့်မယ်။ ကျွန် တော့်ကို အားနာတာလည်းပါမှာပါ။ အဲဒီ ရဲ ဘော်ဟောင်းတွေ စာအုပ်လိုက်ရောင်းတဲ့ အိမ်တွေထဲမှာ အငြိမ်းစားတပ်မတော်အရာရှိ အိမ်တွေ၊ ရဲအရာရှိအိမ်တွေပါတာကို ကျွန် တော်သတိပြုမိပါတယ်။ တချို့ အိမ်တွေဆိုရင် သူတို့ကို မချေမငံ ဆက်ဆံတာကိုပါ ခေါင်းငုံ့ ပြီး ခံလာခဲ့ရတယ်လို့ဆိုပါတယ်။ ဒါ ရိုင်းစိုင်း တဲ့ လုပ်ရပ်ပါ။ကျွန်တော်တို့ မလုပ်နိုင်တဲ့ အလုပ်တွေ ကို လုပ်ပြီး ဒီရဲဘော်ဟောင်းတွေဟာ အရွယ် ကောင်းတစ်ခုလုံး ပေးလှူခဲ့တာဖြစ်ပါတယ်။ သူတို့ ပင်စင်ယူပြီးတဲ့အခါ အလုပ်မျိုးစုံလုပ် ပြီး ၀မ်းရေးကို ဖြေရှင်းကြရာမှာ ရဲဘော်ဟောင်း ၀တ်စုံကိုဝတ်ပြီး စာအုပ်တို့၊ ပြက္ခဒိန်တို့ လိုက် ရောင်းတဲ့ ရဲဘော်ဟောင်းလောက်ကိုသာ လူ တွေက ရဲဘော်ဟောင်းမှန်း သိရတာပါ။ သာ မန်လူတွေမလုပ်ချင်တဲ့ ပင်ပန်းပြီး ၀င်ငွေနည်း တဲ့ အလုပ်တွေပါမလုပ်ချင်ဘဲလုပ်နေရတာ လည်းရှိနေနိုင်တာပါပဲ။ ဒါဆိုရင် ရဲဘော် ဟောင်းတွေဟာ မိအေးနှစ်ခါနာ ဖြစ်သွားရပြီ။ တချို့ဆိုရင် ““ခင်ဗျားတို့ ပင်စင်မရလို့ စာအုပ် လိုက်ရောင်းနေရတာလား””လို့ မညှာမတာ မေးတာတွေတောင်ရှိပါတယ်။ ပင်စင်မပြောနဲ့ လခနဲ့တောင် ဘယ်နိုင်ငံ့ဝန်ထမ်းမှ စားမ လောက်တာ လူ တိုင်းသိကြပါတယ်။
အချို့ရဲဘော်ဟောင်းတွေဆိုရင် ချိုင်း ထောက်တို့၊ ခြေအတုတို့နဲ့ အသားမကျသေး လို့ စာအုပ်လျှောက်ရောင်းရင်း လမ်းဘေးမှာ စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေကြတာ တွေ့ ဖူး ပါတယ်။ ချိုင်းထောက်တို့၊ ခြေအတုတို့နဲ့ အသားမကျတာ ကိစ္စမရှိပါဘူး။ ကိစ္စရှိနေတာ က အိမ်က၀မ်းရေးပါ။ အိမ်ငှားခပါ။ နေမကောင်း တာက မှိန်းနေလို့ရတယ်။ ငွေမရှိလို့ ကလေး တွေ ကျောင်းထုတ်ပစ်လိုက်ရတာက လွယ် တယ်။ ၀မ်းရေးနဲ့ အိမ်ငှားခက နေလို့မရပါဘူး။ ဒီရဲဘော်တွေဟာ ရှေ့တန်းမှာ မသေခဲ့လို့ အခု လို ရဲဘော်ဟောင်းအဖြစ်နဲ့ တွေ့ရတာပါ။ အချို့ဆိုရင် ရှေ့တန်းမှာ ပစ်စလက်ခတ် ကျဆုံး ခဲ့ရတာပါ။ ကျွန်တော်တို့ သူတို့ကို စာနာမှုနဲ့ အသိတရားလေး နည်းနည်းလောက်ထားကြ ရအောင်လား။ အသိတရားဆိုတာ နည်းပေ မယ့် ရွှေလိုပဲ တန်ဖိုးကြီးမားလှပါတယ်။ မိမိ ရဲ့ စိတ်ကိုရော ရွှင်လန်းစေလို့ နှစ်ဦးနှစ်ဖက် အကျိုးများလှပါတယ်။
တိုင်းပြည်တာဝန်ထမ်းဆောင်တာချင်း တူပေမယ့် ဌာနဆိုင်ရာဝန်ထမ်းနဲ့ တပ်မတော် သားဝန်ထမ်းတို့ရဲ့ တာဝန်ယူ ဆောင်ရွက်ရပုံ ချင်း မတူကြပါဘူး။ တပ်မတော်သားတွေဟာ မိမိရဲ့ အသက်ခန္ဓာကို တိုင်းပြည်အတွက် ရာ နှုန်းပြည့် ပေးလှူထားရပါတယ်။ ရှေ့တန်း ထွက်ရာမှာလည်း ကိုယ့်အထုတ်ကို ထမ်းပြီး တစ်ရက်ကို မိုင်သုံးဆယ်လောက် တစ်တော ၀င် တစ်တောင်တက်နဲ့ သွားရတာပါ။ အဲဒီလို သွားရာမှာလည်း လမ်းရှိတိုင်း လမ်းကို အသုံး ပြုလို့ မရပါဘူး။ လမ်းမဟုတ်တဲ့ နေရာက သွားမှ အန္တရာယ်က ပိုကင်းနိုင်ပါတယ်။ အိမ် က ဇနီး သားသမီးတွေဟာလည်း ရှေ့တန်းမှာ အဖိတ်အစင်ရှိလို့ အမည်နာမ မသိရသေးခင် မှာ ကြီးမားလှတဲ့ အပူလုံးကြီးကို ရင်ထဲမှာ ထည့်ထားရတာပါ။ ဌာနဆိုင်ရာဝန်ထမ်းတွေ ရဲ့ ဇနီး သားသမီးတွေကတော့ ဒီလို သောက မျိုးနဲ့ ကင်းဝေးပါတယ်။ ဒါ ကွာခြားချက်များ စွာထဲက အမြည်းသဘောလေး တင်ပြထား တဲ့ ကွာခြားချက်ပါ။
တပ်မတော်သားဝန်ထမ်းနဲ့ ဌာနဆိုင်ရာ ၀န်ထမ်းတွေဟာ တာဝန်ယူရပုံချင်း မတူလို့ ခက်ခဲမှု ကြမ်းတမ်းမှုတွေကလည်း မတူကြ ပါဘူး။ ဒါပေမဲ့ ကြီးမားတဲ့ တူညီချက်တစ်ခု တော့ ရှိနေပါတယ်။ အဲဒါကတော့ ပြည်သူ့ဝန် ကို ထမ်းရွက်ကြသူများဆိုတဲ့ အသိတရားပဲ ဖြစ်ပါတယ်။ ပြည်သူ့ဝန်ထမ်းချင်း တူပေမယ့် မတူညီတဲ့အချက်က ပင်စင်ယူတာချင်း အတူ တူ တပ်မတော်သားဝန်ထမ်းတွေက ခြေပြတ် လက်ပြတ်တွေ ဖြစ်လာနိုင်ခြေ ရှိနေရခြင်းပဲ ဖြစ်ပါတယ်။ တစ်ခါ အဲဒီ ခြေပြတ်လက်ပြတ် ရဲဘော်ဟောင်းတွေက ဌာနဆိုင်ရာတွေမှာ အလုပ်သွားတောင်းရင် ကြည်ဖြူစွာ အလုပ် မပေးချင်သလို ရဲဘော်ဟောင်းဝတ်စုံလေး ၀တ်ပြီး စာအုပ်တွေ လိုက်ရောင်းပြီး ၀မ်းရေး ကို ဖြေရှင်းပြန်တော့လည်း လူတွေရဲ့ မချေမငံ ဆက်ဆံခံရမှု၊ အထင်သေးမှုတွေနဲ့ ကြုံရပြန် ပါတယ်။ ဒီစိတ်ဓာတ်တွေကို ပြင်ရပါမယ်။ တပ်မတော်သားတွေဟာ သူများထက် ပိုပေး ဆပ်ရမှုများပြီး သူများထက်ပိုခက်ခဲတဲ့ ပင်စင် စားဘ၀နဲ့ နိဂုံးချုပ်ရဦးမယ်ဆိုရင် ဒါကြေကွဲ စရာပါ။ ခံစားချက်ခြင်း တူညီမှ ကိုယ်ချင်းစာ နိုင်မယ်ဆိုရင်တော့ လူတိုင်းလူတိုင်း စစ်ထဲ မ၀င် မနေရ စနစ်ဟာ အကောင်းဆုံးပါပဲ။
ကျွန်တော်ဟာ သတင်းစာပို့တဲ့လူတွေ၊ ကုမ္ပဏီပစ္စည်းလိုက်ကြော်ငြာတဲ့ လူငယ်လေး တွေ၊ စာအုပ်လိုက်ရောင်းတဲ့ ရဲဘော်ဟောင်း တွေကို တလေးစားဆက်ဆံသလို၊ ကျွန်တော့် မိသားစုကိုလည်း ကျွန်တော့်လို ဆက်ဆံကြ ဖို့ ပြောထားပါတယ်။ အထူးသဖြင့် စာအုပ် ရောင်းပြီး ၀မ်းစာရှာနေရတဲ့ ရဲဘော်ဟောင်း တွေကို ဧည့်သည်တစ်ယောက်လို ကြည်ဖြူ စွာ ဆက်ဆံပေးဖို့၊ သူတို့ရောင်းတဲ့စာအုပ် လည်း မဖြစ်မနေတစ်အုပ်တော့ ၀ယ်ယူအား ပေးဖို့ မှာထားပါတယ်။ မဖြစ်မနေ လုပ်ရမယ့် တာဝန်ပေးမှုပါ။ ကျွန်တော်ဟာ ၀န်ထမ်းဘ၀ နဲ့ အသက်ခြောက်ဆယ်ပြည့်တဲ့အထိ ကြိုး စားလုပ်ဆောင်ခဲ့ပေမယ့် ယခုအခါမှာ ၀မ်းရေး၊ ကျန်းမာရေးတွေမှာ ဘာအာမခံချက်မှ မရှိပါ ဘူး။ တစ်ပတ်ကို ဂျာနယ်တစ်စောင်တောင် ၀ယ်မဖတ်နိုင်ပါဘူး။ ဒါပေမဲ့ ခြေပြတ်လက်ပြတ် ဘ၀နဲ့ အသက်ထက်ဆုံး နေသွားရမယ့်လူ တွေထက်စာရင်တော့ ကျွန်တော်က ဖြေသာ ပါတယ်။
ယနေ့ ကျွန်တော်တို့ ရောက်နေတဲ့ ခေတ်ဟာ (၂၁) ရာစုခေတ်ပါ။ (၁၉)ရာစု အစောပိုင်းလောက်က ခေတ်မျိုးနဲ့ အသက် ရှင်ရမယ့် အခြေအနေမျိုး မဖြစ်သင့်ပါဘူး။ ယနေ့ကျွန်တော်တို့ တိုင်းပြည်မှာ စစ်ပြန်စစ် မှုထမ်းဟောင်းတွေရဲ့ ဘ၀တွေကို သိက္ခာ မဆည်ပေးနိုင်သမျှ၊ လယ်သိမ်းခြံသိမ်းတွေရဲ့ ပြဿနာတွေကို ပြီးပြည့်စုံအောင် မဖြေရှင်း ပေးနိုင်သမျှ၊ စစ်တပ်ယာဉ်များကြောင့် လူ သေနှုန်း မလျော့ချနိုင်သေးသမျှ ပြည်သူ့ဝန် ကို ထမ်းရွက်ပါရစေဆိုပြီး နိုင်ငံ့ဦးပိုင်းနေရာကို ယူထားကြတဲ့ ပုဂ်္ဂိုလ်များသည် ခန္ဓာအပေါ် ပိုင်းကိုသာ ၀တ်ကောင်းစားလှနဲ့ ဆင်ယင် ထားပြီး ခါးအောက်ပိုင်း ဗလာကျင်းနေတဲ့ လူ တစ်ယောက်လို ကြည့်ရ အလွန်အရုပ်ဆိုးနေ ပါလိမ့်မယ်။
ကျွန်တော်တို့ဟာ မိမိထက် နိမ့်ပါးသူ တွေကို သနားခြင်းကရုဏာနဲ့ တစ်ပိုင်တစ်နိုင် ကူညီကြရပါမယ်။ ထောက်ပံ့ပေးရပါမယ်။ ကျွန်တော်တို့ဟာ စပါးခင်းတွေကို စားသောက် ဖျက်ဆီးနေကြတဲ့ စာကလေးတွေ၊ ခိုတွေ၊ ကြက်တူရွေးတွေကိုတောင် ချစ်တတ်ကျွေး မွေးတတ်သေးတာပဲ လူလူချင်း ဘာဖြစ်လို့ မကျွေးမွေးနိုင်ရမှာလဲ။ကျွန်တော် ဒီကနေ့ တွေ့ ခဲ့ရတဲ့ ရဲဘော် ဟောင်းကြီးနှစ်ဦးဟာ သူတို့အကြောင်းကို ကြေကွဲစွာနဲ့ ပြောပြနေပြီး သူတို့ရဲ့ မျက်ဝန်း အစုံမှာလည်း မျက်ရည်တွေ ၀ဲနေပါတယ်။ သူ တို့ဟာ ကျွန်တော့်ကို ကြည့်ပြီး ပြောနေကြ ပေမယ့်လည်း ကျွန်တော့်ကို မြင်ပုံမရပါဘူး။ အတိတ်က သူတို့ စွမ်းစွမ်းတမံ အသက်စွန့် ခန်္ဓာစွန့်ပြီး လုပ်ဆောင်ခဲ့ပုံများနဲ့ ယခုပစ္စုပ္ပန် ဘ၀မှာ ဒုက်္ခိတဖြစ်မှ မိမိတို့က “ရေလို လလို တန်ဖိုးထားခဲ့တဲ့ ပြည်သူ”တွေရဲ့ အကျဉ်းခံရ ပုံတွေကိုသာ သူတို့ရဲ့ စိတ်အာရုံမှာ မြင်နေ မယ်ထင်တယ်။ တစ်ချိန်က သန်တုန်းမြန် တုန်းဘ၀တွေမှာ မြန်မာလူထုကို ကာကွယ် စောင့်ရှောက်သူတွေကို ပြည်သူတွေက ဘာ ဖြစ်လို့ တစ်လှည့်ပြန်ပြီး အနည်းငယ် မေတ္တာ ကိုမပြနိုင်ကြရတာလဲ။ ဒီရဲဘော်ဟောင်းတွေ ဟာ ဒီမိုကရေစီအရေးကိုလည်း မနှောင့်ယှက် ပါဘူး။
ဒီရဲဘော်ဟောင်းကြီးတွေဟာ စိတ်ဒဏ် ရာ ရနေပါပြီ။ မိုင်းထိတဲ့ ဒဏ်ရာ၊ သေနတ်မှန် တဲ့ ဒဏ်ထက် ဆိုးတဲ့ဒဏ်ရာပါ။ ဒီ ဒဏ်ရာနှစ် မျိုးကို ရင်မှာပွေ့ပိုက်ထားရပြီး သေနတ်သံ မိုင်းသံတွေထက် နားဝင်ဆိုးတဲ့ အိမ်တွေ၊ အိမ် ကြီးရှင်တွေရှိတဲ့ နေရာကို သူတို့ ရှေ့တန်း ထွက်တုန်းကလိုပဲ ၀မ်းရေးအတွက် မိုင်ပေါင်း များစွာ တရွေ့ရွေ့နဲ့ သွားနေကြရဦးမှာပါဗျာ။
The Messenger

No comments:
Post a Comment