Friday, February 28, 2014
ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ထန်းတပင်ကျေးရွာတွင် ဇီးကုန်းအမှတ် (၁) သကြားစက်ရုံအတွက် သိမ်းယူထားသည့် လယ်ယာမြေများ ပြန်လည် ရရှိရန် လယ်သိမ်းခံ ကျေးရွာငါးရွာမှ လယ်သိမ်းခံ တောင်သူများ ဖေဖော်ဝါရီ ၂၅ ရက်နေ့က တွေ့ဆုံ၍ လယ်ယာမြေ ပြန်လည် ရရှိရေး ကော်မတီ စတင်ဖွဲ့စည်းခဲ့ကြောင်း လယ်သိမ်းခံ တောင်သူများက တညီတညွှတ်တည်း ပြောကြားသည်။
ကန့်ဘလူမြို့နယ် အတွင်းရှိ ထန်းတပင်၊ ပုပ္ပါး၊ သလဲဦး၊ ပျဉ်းတော်၊ ချောင်းကံရွာများမှ လယ်မြေဧက ၈၈၈ ဒသမ ၁၃ ဧကကို အမှတ် (၁) ကြံစိုက်ပျိုးရေး တပ်က ၁၉၉၉ ခုနှစ်တွင် စတင်သိမ်းယူခဲ့ပြီး စီမံကိန်းမှ လွတ်သည့်လယ်များကို ၂၀၁၃ ခုနှစ်မှ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ထိ တောင်သူများ လယ်ယာလုပ်ကိုင်ခဲ့ရာ လက်ရှိ စိုက်ပျိုးထားသည်များကို ရပ်တန့်ထားရန် အကြောင်းကြားစာများ ရောက်ရှိလာကြောင်း ပျဉ်းတော်ကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။
ယင်းကြောင့် တောင်သူများ ညီညွှတ်မှု ရှိရန်နှင့် မြို့နယ်မြေယာ စီမံခန့်ခွဲမှု ကော်မတီနှင့် မတ်လ ၉ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်၍ တောင်သူများအနေနှင့် မတ်လ ၉ ရက်နေ့အထိ စောင့်ဆိုင်းပေးရန် လယ်ယာမြေ ပြန်လည်ရရှိရေး လှုပ်ရှားသူ ဦးကျော်သင်းက ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment