အခုနှစ်အတွင်း နယ်စပ်ကနေ တရားမ၀င် ၀င်ရောက်လာတဲ့ ကုန်ပစ္စည်းတွေ ဖမ်းဆီးတာ မြန်မာကျပ်ငွေ ၁၁ ဘီလီယံကျော်သွားပြီလို့ စီးပွား/ကူးသန်းဝန်ကြီး ဦးဝင်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။
ပြည်တွင်းဈေးကွက်အတွင်းမှာ မကြာခဏ ပြည်ပကနေ၀င်ရောက်လာတဲ့ စားသောက်ကုန်တွေဟာ စားသုံးဖို့ မသင့်တဲ့ ကုန်ပစ္စည်းတွေအဖြစ် စစ်ဆေးတာတွေ ရှိနေပါတယ်။
ဒါကြောင့် အဲဒီပစ္စည်းတွေ ပြည်တွင်းကို မ၀င်ရောက်ဖို့ နယ်စပ်ဂိတ်တွေကနေ တားဆီးရာမှာ အခုနှစ် ဇန်ဝါရီလကနေ ဖေဖော်ဝါရီလ ဒုတ်ယပတ်အထိ မြန်မာကျပ်ငွေ ၁၁ ဘီလျံကျော်သွားပြီလို့ စီးပွား/ကူးသန်းဝန်ကြီး ဦးဝင်းမြင့်က ပြောဆိုလိုက်တာပါ။
ဒါကြောင့် ပြည်ကကနေ ဈေးကွက်ထဲကို စားသုံးဖို့မသင့်တဲ့ စားသောက်ကုန်တွေကြောင့် ကလေးတွေအတွက် စိုးရိမ်စရာအခြေအနေ ရှိနေတယ်လို့ စားသုံးသူကာကွယ်ရေးအသင်းရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။
လက်ရှိမှာတော့ တရားမ၀င်စားသောက်ကုန်တွေ ဖမ်းဆီးဖို့အတွက် ဌာနပေါင်းစုံပါဝင်တဲ့ Mobile Team ကို ဖွဲ့စည်းထားပြီး၊ နယ်စပ်ဂိတ်တွေအပါအ၀င် ဂိုဒေါင်တွေကို ရှောင်တခင်စစ်ဆေးမှုတွေ လုပ်နေပါတယ်။

No comments:
Post a Comment