►DJ Jay
“အခက်အခဲတွေကတော့ အများကြီး ပါပဲ။ စစချင်းတိုင်းပြည်က မတိုးတက်သေး ဘူး။ နည်းပညာကလည်း ဘာမှ မရှိသေးဘူး။ အခုဆို ရင်တောင် မှ စုံတယ်လို့ ပြော လို့ မရသေးပါဘူး။ကျွန်တော် တို့တုန်းကဆို တော်တော်လေးကို အခြေအနေဆိုးပါတယ်။ကျွန်တော်ကDJလို့သာ အမည်ခံလိုက် တာအမှန်တကယ်ကျွန်တော်က Musician ဒီလမ်းကိုကျွန်တော်တို့စဖောက် ခဲ့တယ်။ လွယ်တော့ မလွယ်ပါဘူး။ ကျွန်တော်တို့စဖောက်တဲ့အချိန်မှာ လူတွေ ကလည်း မညီကြဘူး။
အခုတော့နည်းနည်းကောင်းလာပါပြီ။အင်တာနက်တွေလည်းကောင်း လာပြီ။ ဆက်သွယ်ရတာလည်းအဆင်ပြေလာ ပြီ ဆိုတော့လွန်ခဲ့တဲ့ ၁ဝနှစ်တုန်းကထက် စာရင်
တော့အများကြီးကောင်းလာပါပြီ။ ကြိုးစားခဲ့ရ တာတော့အများကြီးပါပဲ။ အခုလက်ရှိလည်း ကြိုးစားခဲ့ရတာတော့အများကြီးပါပဲ။ အခုလက်ရှိ လည်း ကြိုးစားနေတုန်း ပါပဲ။ DJတွေလည်း များလာပြီ။ Music Producer တွေ လည်းများ လာပြီ။တဖြည်းဖြည်းတိုးတက်လာတယ်လို့ ထင် ပါတယ်။DJ ဆိုတဲ့ နေရာမှာ သီချင်းတစ်ပုဒ်နဲ့ တစ်ပုဒ်ဖွင့် တတ်တာကို အဲဒါ DJ လို့ မခေါ်ဘူး။ ဥပမာအားဖြင့် CD စက် ထဲဒီဘက်ဘားနဲ့ဟို ဘက်ဘားနဲ့ ကောက်ညှိလိုက်တာ၊DJလို့မှ မခေါ်တာ။ဒါက Playlist လို့ခေါ်တာပါ။
DJ တစ်ယောက်ဖြစ်ဖို့က လေ့လာမှုအားကောင်းရ မယ်။ရှိသမျှတူရိယာပစ္စည်းတွေအကုန်လုံး မဟုတ် တောင်အနည်းအကျဉ်းပေါ့။ တစ်ခု၊နှစ်ခုတော့ တီးတတ်ရမယ်။ Music Theory အကြမ်းတော့ သိထားရမယ်။ခေတ်နဲ့အညီ ပေါ်နေတဲ့ သီချင်း အားလုံးကို Up Date ဖြစ်နေရမယ်။ ပြီးတော့ ကိုယ် ကိုယ်တိုင်က သီချင်းတစ်ခုလုံးကို တာဝန်ယူပြီးတော့ ဖန်တီးနိုင်မယ့် လူတစ်ယောက်ဖြစ်နေရမယ်။
အသံပိုင်းဆိုင်ရာကိုလည်း ခေတ်နဲ့အညီလိုက်လျောပြီး တော့ ယှဉ်နိုင်တဲ့သူဖြစ်ရမယ်။ သီချင်းများများ နားထောင်ပြီး တော့ လေ့လာအားကောင်းရ မယ်။ ပြီးတော့ ဒီတစ် ခုကို ကိုယ်သိသွားပြီ ဆိုရင် ကိုယ် တစ်ယောက်တည်း သိမ်းမထား ဘဲနဲ့ လိုက်Share ပေး ရမယ်။ တခြားသူဆီက ပညာလည်း ကိုယ့်ကို ပြန် Shareပေါ့။ အဲ့ဒါ ဆို သူ လည်း တိုးတက်၊ ကိုယ် လည်းတိုးတက်ပေါ့။ ပြိုင်ပွဲလုပ် ဖို့က တော်တော်တော့မလွယ် သေးဘူးဗျ။ ဘာကြောင့်လဲဆို တော့ နိုင်ငံခြားမှာ Dance Music Championship ဆိုတဲ့ DMC ။ အဲဒါဆိုရင်Beat တွေ ကို ဘယ်လိုဆော့သွားလဲ၊ လက် တွေရဲ့ Skill ဘယ်လိုပါဖောမန့် တွေလုပ်သွားလဲ၊DMC ပွဲတွေ ကို ကြည့်လိုက်ရင် သဘော ပေါက် ပါတယ်။ အဲဒီလိုSkill မျိုးက ကျွန်တော်တို့ဆီမှာ လက် ချိုးရေလို့ရတယ်။ ဒါပေမဲ့ အဲဒီInternational World DMC ချန်ပီယံရထားတဲ့ သူကလည်း ကျွန်တော်တို့ မြန်မာ လူမျိုးပဲ။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံက မဟုတ်ဘူး။ တိုင်းတစ်ပါးက မြန်မာလူမျိုးဖြစ်နေတယ်။ မြန်မာDJ ကတွေအနေနဲ့ ပြောချင်တာ လေ့လာပါ။ ကြိုးစားပါ။ ခေတ် နဲ့အညီဖြစ်အောင် ကြိုးစားပါ။ ဒါပါပဲ”
►DJ Ice
“၂ဝဝ၁၊ ၂ဝဝ၂လောက် မှာ ကျွန်တော်စလုပ်ခဲ့တာ အခု၂ဝ၁၄ဆိုရင် ကျွန်တော့် သက်တမ်းက ၁၂နှစ်လောက် ရှိပါပြီ။ အရင်DJ ဘဝတွေ က တအားခက်ခဲတယ်။ သီချင်း ရှာ ရတာတွေကအစပေါ့။ အဲဒီ တုန်းကလည်းMyanmar DJ Producer တွေ မများသေးဘူး။ မများတဲ့ ခေတ်ဆိုတော့ အနောက်တိုင်း သီချင်းတွေပဲ များသောအားဖြင့် ဖွင့်ခဲ့ရ တယ်။အခုခေတ်နဲ့တော့ တခြား စီကွာသွားပြီ။ အခုက အင်တာ နက်ကလည်း ရှိလာတော့ သီချင်း အသစ်တစ်ပုဒ်ထွက်ပြီဆိုတာနဲ့ ဒီဘက်မှာ သိရပြီ။ လွယ်ကူလာ တယ်။
အရင်ကစက်တွေနဲ့ အခုခေတ်စက်တွေကို ယှဉ် လိုက်မယ်ဆိုရင်တောင် အရင်က စက်တွေ ကပိုပြီး ပရော်ဖက်ရှင် နယ်ဆန်တာပေါ့နော်။ အခု ခေတ်က Auto တွေ များ တယ်။ Auto တွေများတဲ့ အတွက်DJ သမားတစ်ယောက်ကို တအား လွယ်ကူအောင် လုပ်ပေးထားတယ်။ သက်သောင့်သက်သာနဲ့ Mixing လုပ်လို့ရတယ်။ ကျွန် တော် တို့တွေကBeat to Beat နားနဲ့ အပြင်က Monitor နဲ့ကို သေသေ ချာချာချိန်ပြီးတော့ကို လေ့ကျင့်ခဲ့ရတယ်။ အခုခေတ်DJ တွေကျတော့ ဖြတ်လမ်း နည်းတွေလည်း များလာ တယ်။စက်ပိုင်းဆိုင်ရာတွေကလည်း အားကောင်းလာတဲ့အတွက်DJ တွေအနေနဲ့ တအားကို လွယ်ကူပါ တယ်။ ကျွန်တော်တို့ DJ တွေရဲ့ ဘဝက အရင်က ထက်စာရင်ပိုပြီး တော့ကောင်း လာပါတယ်။ ဒါပေမဲ့ နိုင်ငံခြား နဲ့ယှဉ်ရင်တော့ လိုအပ်နေ ပါ သေးတယ်။ ၂ဝ၁၂ကနဲ့ ၂ဝ၁၃ ဆို ရင် ၂ဝ၁၃ကပိုသာလာတယ်။ ၂ဝ၁၃နဲ့ ၂ဝ၁၄ဆိုရင် ၂ဝ၁၄က ပိုသာလာတယ်။ အဲဒီလို တ ဖြည်းဖြည်း လူသိအောင် ကြိုး စားလာရတာပေါ့။ ကိုရန် ရန်ချန်းနဲ့ ကျွန်တော်တို့ ပေါင်း ပြီးလုပ်တဲ့ DJ ပွဲလေးကFirst Time ဆိုတော့ နည်းနည်း လေးတော့ လိုအပ်ချက်ရှိပါ တယ်။ နောက်ပိုင်းကျရင် ဒီ့ ထက်ပိုပြီးကောင်းလာအောင် လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာ ပထမဆုံးလည်း ဖြစ်တယ်။ တောက် လျှောက်သီချင်းတွေ ချည်းပဲ ဖွင့်သွားတဲ့အခါကျ တော့ ပရိသတ်နဲ့နည်း နည်းစိမ်း ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း တော့ ဒီထက်ပိုပြီးေ ကာင်းလာ မယ်လို့ ထင်ပါတယ်။ အခုလော လောဆယ်မှာ DJ တွေ ကျယ် ပြန့်လာအောင် DJ တွေကို သင်တန်းဖွင့်ထားတယ်။ Train ပေးတယ်။ Certificate ပေး တယ်။ ကျွန်တော်နဲ့Wine နဲ့ပေါင်းပြီး ဖွင့်ထားတယ်။DJ တစ်ယောက်မှာ Producer ပိုင်းနဲ့ Mixing ပိုင်းဆိုပြီး ရှိ တယ်။ကျွန်တော်တို့ကMixing ပိုင်းကို သင်တယ်။
Producer ပိုင်းက Course တစ်ခုအနေနဲ့ ထပ်မံသင်ဖို့ရှိပါတယ်။ အခု အချိန်မှာDJတွေ အနေနဲ့ ရုန်းကန်နေရတဲ့အနေ အထားမှာ ရှိပါတယ်။ အလုပ်ရှိတဲ့သူ တွေ လည်း
အလုပ်လုပ်ကြ၊ အလုပ် မရှိတဲ့သူတွေကလည်း ဝါသနာ ပါလို့ သင်္ကြန်ကျမှ ဝင်ဖွင့်တဲ့DJတွေလည်း အများကြီးရှိ ပါတယ်။အားလုံး ကြိုးစားနေကြ တဲ့ အချိန်မှာ အခက်အခဲေ တွကို မေ့ထားပြီး ကိုယ်ဝါသနာ ပါတဲ့ အလုပ်ကို လျှောက်လှမ်းနေရ တာပါ။ကျွန်တော်ကအခုလက် ရှိ GTR မှာလုပ်နေတယ်။ ကျွန်တော့် ရဲ့အချိန်ကများ သော အားဖြင့် ည၁နာရီမှာ စဖွင့်တာများတယ်။ ပုံမှန်က တော့ နေ့ခင်းဆိုအိပ်၊ ညဆို အလုပ်ဆင်းပေါ့။ ပြီးသွားရင် အားတဲ့ အချိန် သီချင်းတီးပေါ့။ ကျွန်တော်တို့က ညလောက သားတြွေ ဖစ်နေပါပြီ။ Club တစ်ခုမှာDJက Main ပေါ့။ DJ စွမ်းဆောင်မှု ကောင်းလေ Club က နာမည် ကြီးလေပါပဲ။ သီချင်းကိုလည်း အမြဲတမ်း Up to Date ဖြစ်ရမယ်။ အောက်က ပရိသတ်က ကိုယ့်သီချင်း အပေါ် လိုက် ပြီးပါလာမလား၊ မပါဘူး လားလည်း ကြည့်ရပါသေး တယ်။ ခေတ်ကတဖြည်းဖြည်း တိုးတက်လာတယ်။ အရင် ခေတ် တုန်းကဆိုရင် Club တွေ ကလက်ချိုးရေလို့ရပါတယ်။ အခုနောက်ပိုင်း Club တွေ လည်း တဖြည်းဖြည်းများလာ တယ်။ Music ကို ကြိုက်တဲ့သူ တွေလည်း များလာတယ်။ Club တွေနောက်ထပ် လည်းထပ်ပေါ်လာဦးမှာပါ။ အဲဒီ အပေါ်မှာ အရည်အချင်း ရှိတဲ့DJ တွေများများထွက်ပေါ် လာဖို့ကို ကူညီပေးသွားမှာပါ။ ကိုယ့်ရဲ့Junior DJ တွေ ကို ကိုယ့်ထက်ပိုကောင်းအောင် ကိုယ်တွေ့ကြုံလာရတဲ့ အတွေ့ အကြုံတွေကို လက်ဆင့်ကမ်း ပေးဖို့ ရည်ရွယ်ထားပါတယ်”
►DJ Wine
“ကျွန်တော် ဒီလောကကို စဝင်လာတာကDJ တစ်ယောက် အနေနဲ့ မဟုတ်ဘဲ သီချင်းတီး တဲ့သူတစ် ယောက်အနေနဲ့ပေါ့။ ငယ်ငယ်ကတည်းက ဒီမြူးဇစ် ကို ဝါသနာပါ ခဲ့တယ်။ ၂ဝဝ၂ လောက်မှာ ကျွန်တော် အကြမ်း တီးထားတာတွေကို Sample လျှောက်ဝေရင်းနဲ့ ဒီလောကထဲ ရောက်လာတာ။ ကျွန်တော့် ဆရာ DJ Jam ဆိုတာရှိတယ်။ သူကနေမှ ဒီလောကထဲကို ခေါ်လာရင်းနဲ့ပဲ DJ တွေနဲ့ရင်း နှီးပြီးတော့ Remix တွေလုပ် ရင်း ၂ဝဝ၃ အကျော်မှာ ဒီလောကထဲရောက်လာ ခဲ့တယ်။
အဲဒီတုန်းကတော့DJတွေ ကသီချင်းတီးတဲ့သူတွေရှားတယ်။ Producer ပိုင်းအားနည်း ကြတာပေါ့နော်။ အဲဒီဘက် ခေတ်တုန်းက ကောင်းပါသေး တယ်။ ဒီဘက်ခေတ် မှာတော့ တော်တော်ဆိုးဆိုးဖြစ်လာ တာ။DJ တွေအနေနဲ့ သင်ပေးတဲ့ ပညာအပြည့်မရဘဲ နဲ့DJ တွေ တအားများလာတယ်။DJ ပဲများနေတာ။တကယ့် အရည် အချင်းရှိတဲ့ သူတွေ မရှိကြဘူး။ အဲဒီတော့DJ တွေ ကို ငှားရမ်းတဲ့သူတွေရော၊Night Club ပိုင်ရှင်တွေရောDJ တွေ ကို အထင်သေးလာကြ တယ်။ အထင်သေးလာတဲ့ အကျိုးဆက် တွေ ကတော့ ကျွန်တော်တို့ လခနည်းလာကြတယ်။ ရသင့်ရထိုက်တဲ့ Facilities တွေမရ တော့ဘူး။ ဟိုးအရင်က DJ တွေလောက် ရှိသင့်ရှိထိုက်တဲ့ ပညာတွေမရှိကြေ တာ့ ဒီဘက် ခေတ်မှာ Respect အရနည်း လာကြတယ်။ ကျွန်တော်တို့က အဲဒါ တွေကို ပြန်လည်ပြီးတော့ ဖော်ထုတ်နေတာပါ။ ကျွန်တော် တို့ဆီမှာ သင်တန်းသင်ရင်ေ တာ့ အမြဲတမ်းသင်ကြားပေးပါ တယ်။ DJ ဆိုတာDJ စက် တစ်ခုတည်း ကိုင်ဖွင့်တတ်လို့ လည်း မရပါဘူး။ မြူးဇစ်အမျိုး အစားအားလုံးကိုလည်း သိကျွမ်း ပြီးတော့ နေ့တိုင်း နားထောင် နေရတာပါ။ တစ်ကိုယ် ရေသန့် ရှင်းမှုတို့၊ Personal Relation တို့၊ သူ့ရဲ့သွင်ပြင်လက္ခဏာ Figure တွေကDJ တစ်ယောက် မှာ ရှိသင့်တဲ့ပုံစံမျိုးတွေ ရှိသင့် ပါတယ်။ နောက်ပိုင်းက အဲဒီလို မျိုးတွေ သိပ်မလိုက်နာနိုင်ကြ တော့DJ က စက် ဖွင့်တတ်ရင် ပြီး ရောဆိုပြီး စက်သမား လိုလိုဖြစ်နေတော့ အဲဒီအခက် အခဲတွေတော့ ရှိတာပေါ့။
နောက်ဆုံးဗျာDJ တစ်ယောက်က Finnicial Background လည်းတောင့်ဖို့ လိုပါတယ်။ နိုင်ငံခြားမှာဆို ဒီအလုပ်ကြီး က Carrierတစ်ခုပါ။ ဒီမှာက Carrier တစ်ခု လို့ပြောလို့မရ တော့ လောက်အောင်ကို ဆိုးကျိုးတွေဖြစ် နေတယ်။ မြန်မာDJ စကတည်းက နိုင်ငံ ခြားကပွဲလုပ်ချင်တဲ့သူတွေ၊ DJ တွေ၊အေဂျင်စီတွေက ကျွန်တော် တို့ကို ဆက်သွယ်ပါတယ်။ အခု ကိုရန်ရန်ချန်းလုပ်ခဲ့တဲ့ ပွဲမျိုး တွေ ဒီမှာဖြစ်သွားခဲ့ပြီဆိုတော့ နောက်ထပ်စီစဉ်နေတဲ့ပွဲမျိုး တွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒီမှာကDJ တွေ အနေနဲ့ Level နေရာတစ်ခု ရောက် သွားပြီဆို ရင် ရပ်သွားကြတာများတယ်။ Club DJ ဖြစ်သွားပြီဆိုရင် ပရိုဂျူဆာဘက်ကိုမလုပ်ချင်ကြ တော့ဘူး။ ဆက်မလေ့လာကြ တော့ဘူး။ အဲဒီလိုဖြစ်တာက လည်းဆက် မလေ့လာနိုင် အောင် လုပ်နေတဲ့ ပတ်ဝန်းကျင် တွေရှိကြလို့ပါ။ ကျွန်တော် ဆို အမြဲတမ်းပြောပါတယ်။ သီချင်း တီးတတ်အောင်လုပ်ကြပါ။ အမြဲတမ်းလေ့လာပါ။ ကျွန်တော် တို့ဆီမှာ ပရိုဂျူဆာတွေများ များလိုအပ်ပါတယ်”
►DJ Nway Oo
“DJတွေအနေနဲ့က ဝါသနာပါလို့လုပ်တိုင်း ထမင်း စားလို့မှမရ တာဆိုသလိုမျိုးပဲ။ အဓိကကတော့ ဝါသနာပါတဲ့ အလုပ်ကိုလည်း လုပ်၊ ထမင်း စားလို့ရမှ အဆင်ပြေမှာပါ။ ကျွန်တော်တို့ကို ခိုင်းတဲ့သူ တွေက ခိုင်းတာနဲ့တန်ရာ တန် ကြေးပေးဖို့ လိုအပ်ပါတယ်။ကျွန်တော့်အနေနဲ့ ဒီလကုန်မှာ သင်တန်းတစ်ခု ဖွင့်ဖို့ရှိပါ တယ်။ Training Centre မျိုးပေါ့။ အဓိကImage ပေး ချင်တာက ကြိုက်တဲ့သူ လာသင်၊ စက်နဲ့ ပြတ်လပ်နေတဲ့ အရင်တုန်းက DJ သမားတွေလည်း လာ Train လို့ရအောင်ပေါ့။DJနဲ့ပတ် သက်ပြီး အရင်တုန်းက၁၉၈၇၊ ၁၉၈၉ လောက် တုန်းက ပေါ်ခဲ့ တဲ့ ဓာတ်ပြားတွေရော၊ ဓာတ်ပြား ဖွင့်တဲ့ စက်တွေရော အကုန်ပေး ထားမယ်။
ကိုယ်ကသူများကို ဖျော်ဖြေချင်တဲ့စိတ်ဓာတ်ပဲဗျ။ ကိုယ့်ကြောင့် သူတစ်ပါးပျော် ရွှင်စေချင် တာပေါ့။ DJ ဆိုတာ လွယ်လွယ်ကူကူပြောရရင် ဓာတ် ပြားဖွင့်တဲ့ ကောင်ပေါ့။ ဓာတ်ပြား ဖွင့်ပြီး အလုပ်လုပ်နေတဲ့သူတွေ ပေါ့။ သူများကိုသီချင်းဖွင့်ပြတဲ့နေရာမှာ ကိုယ်ကြိုက်တဲ့သီချင်း တွေချည်းပဲဖွင့်မလား၊ သူများ ကြိုက်တဲ့သီချင်းတွေ ဖွင့်မလား။ ကိုယ်လုပ်ချင်တာချည်းပဲ လုပ် နေလို့မဖြစ်ဘူး။ သူများလည်းအဆင်ပြေရမယ်။ ကိုယ်လည်း အဆင်ပြေရမယ်။ Music ဆိုတာ လူတန်းစားမျိုးစုံ၊ လူ တန်းစားမရွေး အားလုံး ကို စိတ် ခံစားမှုမျိုးစုံပေးစွမ်းနိုင် ရမယ်။ လူတန်းစားမရွေး အားလုံး အသုံးပြုနိုင်ရမယ်။ စိတ်ညစ်နေ တဲ့ သူတွေကို ပျော်ရွှင်စေရမယ်။ အားတက်စေရမယ်။
ခံစားမှု ရသမျိုးစုံ ပေးစွမ်းနိုင်ရမယ်။ ဒါပေမဲ့လူတွေက တစ်ကိုယ် ကောင်းဆန်စွာ အသုံးပြုနေတဲ့ အတွက် မြူးဇစ်ကလည်း ချောင် ထိုးခံနေရတာပါ။ အဲဒီ စိတ် ဓာတ်လေးေ တွကို ပြင်ရပါမယ်။DJ နဲ့ပတ်သက်ပြီး ပရိသတ်တွေ အနေအထားက တော်တော် လေး ကို အားကောင်းလာတာ တွေ့ရ ပါတယ်။လူကြီးတွေက ကျွန်တော် တို့ကို ခေါ်ပြီး သုံးလာတယ်။ အကယ်ဒမီပေးပွဲတွေ၊ City FM ပွဲတွေမှာDJ တွေကို ခေါ်ပြီးသုံးရကောင်းမှန်း သိ လာ တယ်။ ဒါပေမဲ့ အနုပညာ ကြေး ကို ထိုက်ထိုက်တန်တန် မပေး ဘူး။ တော်တော်များများ တော့ အသိအမှတ်ပြုလာကြ ပါပြီ။DJ တွေအနေနဲ့က ကျွန် တော် ပြောချင်တာက ဘယ်နေရာပဲ သွားသွား ကိုယ့်စိတ်ဆန္ဒကို ဦးစားမပေးရဘူး။ ဘယ် Club ပဲသွားသွား ကိုယ် ဖွင့်ရဲရမယ်။ ကိုယ့်မှာ ပရိသတ် ရှိနေရမယ်။ ကျွန်တော်က အဲဒီလို ဖြစ်စေချင် တယ်။ ဆိုက်ကားသမားလည်း သီချင်းနားထောင်တယ်၊ သူဌေး သားလည်း သီချင်းနားထောင် တယ်။လူတန်းစားမျိုးစုံ နား ထောင်တဲ့အရာမျိုးကို ဖန်တီး ပေးကြပါ”
မျိုးမောင်

No comments:
Post a Comment