Thursday, February 13, 2014
ငွေစက္ကူ များပေါ်တွင် ဗိုလ်ချုပ်ပုံများ ရိုက်နှိပ် ထုတ်ဝေခြင်း မရှိတော့သော် လည်း ဗိုလ်ချုပ်ပုံပါ ပိုက်ဆံများကို အမြတ်တနိုး စုဆောင်းသိမ်းဆည်းကြ သူများကြောင့် ဈေး ကွက် မှာ ယခုအချိန်အထိ ပုံမှန် လည်ပတ်လျက်ရှိသည်။
အဆိုပါ ဗိုလ်ချုပ်ပုံပါ ပိုက်ဆံများမှာ နေ့စဉ်ရောင်းနေရခြင်း မျိုး မဟုတ်သော် လည်း ကြုံကြိုက်သလို ဝယ်ယူ စုဆောင်း သူများကြောင့် ဈေးကွက် ပျက်ခြင်း မရှိ ဘဲ ရောင်းအား ရှိနေသည်ဟု ဗိုလ်ချုပ် ပိုက်ဆံရောင်းချသူ အချို့က ဆိုသည်။
”ဒီမှာက ၇၅ ကျပ်တန်တို့၊ ၂၅ ကျပ်တန်တို့ လာဝယ်စုတဲ့ သူတွေလည်း ရှိတယ်။ အကြွေစေ့တွေ လာဝယ် စုတဲ့ သူတွေလည်း ရှိတယ်” ဟု ဗိုလ်ချုပ်ပိုက်ဆံ များနှင့် ရှေး ဟောင်း ပစ္စည်းများ ရောင်းချသည့် ဆိုင်ရှင်တစ်ဦးက ပြောသည်။
ဗိုလ်ချုပ်ပိုက်ဆံ ဝယ်ယူစုဆောင်း သူများမှာ မြန်မာနိုင်ငံသား များသာမက ပြည်တွင်းသို့ လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသား များကလည်း ဝယ်ယူကြ ကြောင်း ၄င်းတို့ အရောင်းဆိုင် များထံမှ သိရသည်။
ဗိုလ်ချုပ်ပုံပါ ပိုက်ဆံများကို ၁ဝဝ ကျပ်၊ ၇၅ ကျပ်၊ ၃၅ ကျပ်၊ ၂၅ ကျပ်၊ တစ် ဆယ်ကျပ် စသည်ဖြင့် အတွဲလိုက် ရောင်းချခြင်း၊ တစ်ရွက်ချင်း ရောင်း ချခြင်းရှိ သကဲ့သို့ အကြွေစေ့များ ကိုလည်း အတွဲလိုက်ဖြစ်စေ တစ်စေ့ချင်းဖြစ်စေ ရောင်းချကြသည်။ ၄င်းပိုက်ဆံ အတွဲများကို နှစ်ထောင့် ငါးရာ၊ သုံးထောင့် ငါးရာ စသည်ဖြင့် ရောင်းချ ကြကြောင်း ၄င်းဈေးကွက်မှ သိရသည်။
ပြည်သူ့လွှတ်တော် အစည်းအဝေး တွင်လည်း ဗိုလ်ချုပ်ပုံ ပါ ပိုက်ဆံများ ထပ်မံ ရိုက်နှိပ် ထုတ်ဝေရန် အတွက် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ပြည်သူ့ လွှတ်တော် အစည်း အဝေးတွင် သင်္ဃန်းကျွန်း ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က မြန်မာ တစ်နိုင်ငံလုံးက ကြည်ညို လေးစားပြီး ကမ္ဘာကပါ လေးစားခံ ရသည့် အမျိုးသားခေါင်းေ ဆာင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ ရုပ်ပုံများဖြင့် ငွေစက္ကူ များ၏ တန်ဖိုး အသီးသီးတွင် ယခင်ခေတ် အဆက်ဆက်က အတိုင်း ပြန်လည်အစား ထိုး ထုတ်ဝေပေးရန် အဆိုတင်သွင်းခဲ့သည်။
ယင်းအဆိုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြန်လည်ဆွေးနွေးခဲ့သည် မှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေနဲ့ နောက် ထပ်ငွေစက္ကူ များ ထပ်မံ ထုတ်ဝေရန်ရှိသော အချိန်တွင် ထင်ရှားသော နိုင်ငံ ခေါင်းဆောင်များ၊ နိုင်ငံ၏ ထင်ရှားသော အဆောက်အအုံ များ၊ ရှုခင်းများ၊ အထိမ်း အမှတ် ပုံ များစသည် တို့ကို အခြေအေ နအချိန်အခါနှင့် လိုက်လျော ညီထွေရှိမည့် ပုံများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထည့်သွင်း ရိုက်နှိပ် ထုတ်ဝေသွားမည် ဟု ပြန် လည်ဖြေကြားခဲ့သည်။
၁၉၈၈ နောက်ပိုင်း ဗိုလ်ချုပ်ပုံ ပါသည့် ငွေစက္ကူ အမျိုးအစား အသစ်များ ကို ထပ်မံရိုက်နှိပ်ခြင်း မရှိတော့ဘဲ ကေသရာဇာ ခြင်္သေ့မင်း ပုံပါသည့် ငွေစက္ကူ များသာ ရိုက်နှိပ်တော့သည်။
ထိုသို့ ဗိုလ်ချုပ်ပုံပါ ပိုက်ဆံသစ်များ ထပ်မံ ရိုက်နှိပ်ခြင်း မရှိသေးသည့် အတွက် ဗိုလ်ချုပ်ပုံပါ ပိုက်ဆံများကို မြတ်နိုးသူများက ပိုက်ဆံဟောင်းများ ကို အမှတ်တရ ဝယ်ယူ သိမ်းဆည်းနေကြဆဲ ဖြစ်သည်။
Popular Myanmar News Journal

No comments:
Post a Comment