Friday, February 14, 2014
ဒီဓါတ်ပုံတွေ ဟာ တောင်ငူ မြို့မ ဈေး မီးလောင်ချိန်မှာ ငြိမ်ငြိမ်မနေနိုင်တဲ့ တပ်မတော် ရဲ့ လှုပ်ရှားမှုပုံရိပ်တွေပါ ။
ပြည်တွင်း၊ ပြည်ပ မှာ ရှိတဲ့ ဘယ်မီဒီယာ ၊ ဘယ်သတင်းစာမှာ မှ ဖော်ပြခြင်း မခံရပါဘူး။
ဖော်ပြခြင်း ခံရဖို့ ဆိုတာထက် တရား မျှတ စွာ ကောင်းရင် ကောင်းသလို ၊ မကောင်းရင် မကောင်းသလို ဖော်ပြစေချင်ပါတယ်။
ကေအိုင်အေ ဂွမ်မော် ရန်ကုန်ကို ဆေးလာကုတာ မီဒီယာတွေ အတွက် သတင်း ဖြစ်ပေမယ့် ၊ မီးငြိမ်းသတ်တဲ့ စစ်သည် တွေ က သတင်းမဖြစ်ပါဘူး ။
ဒီမီးလောင်မှု မှာစစ်သည် အင်အား အယောက် ၆၀၀ သုံးပြီး မီးဝိုင်းဝန်း ငြိမ်းသတ်ပေးခဲ့ပါတယ်။
ပြည်တွင်း၊ပြည်ပ မီဒီယာတွေ ဘာလဲ ဘယ်လဲ ဆိုတာ ကို ကျွန်တော်မမေးပါဘူး ။ ပြည်သူက ပဲ ဆုံးဖြတ်ပါလိမ့်မယ်။
တပ်မတော် အနေနဲ့ကတော့ မီဒီယာ က ဖော်ပြသည် ဖြစ်စေ ၊ မဖော်ပြသည်ဖြစ်စေနိုင်ငံ နဲ့ လူမျိုးအတွက် နေ့စဉ်ဆိုပြီး စားတဲ့ ထမင်းစား သစ္စာအတိုင်းအသက်ကို လောင်းကြေးထပ် ပြီးနိုင်ငံနဲ့ ပြည်သူအကျိုးအတွက် ကိုယ်ကျိုးမဖက်ပဲ ဆောင်ရွက်နေကြအုံးမှာပါပဲ။
credit to : မြန်မာ့ တပ်မတော်











No comments:
Post a Comment