Wednesday, March 12, 2014
အမ်းမြို့နယ် တောင်စောက်ဓာတ်ငွေ့တွန်းပို့စက်ရုံ လုပ်ငန်းခွင် အလုပ်သမားအဆောင် မီးရှို့မှုနှင့် ပတ်သက်၍ မတ် ၁၀ ရက်က တရားလိုဘက်ကို စတင်စစ်ဆေးခဲ့ပြီး တရုတ်နိုင်ငံ ကောင်စစ်ဝန်ရုံးမှ တရုတ်လူမျိုး အရာရှိနှစ်ဦး လာရောက်ခဲ့ကြောင်း သိရသည်။
“ဒီနေ့ရုံးထုတ်တဲ့အခါ အမှုနဲ့ပတ်သက်ပြီး တရားလိုဘက်ကို စစစ်တာဖြစ်တယ်။ နောက်ရုံးချိန်းကတော့ မတ် ၂၄ ရက်ပါ။ တရားလိုဘက်က သက်သေတွေကို ဆက်စစ်ဆေးဖို့ ရှိတယ်” ဟု အမှုအား လိုက်ပါဆောင်ရွက်နေသူ တစ်ဦးဖြစ်သည့် ရှေ့နေဦးအေးကျော်သန်းက ပြောကြားသည်။
အဆိုပါ ကောင်းစစ်ဝန်ရုံးမှ တရုတ်အရာရှိနှစ်ဦးမှာ အမှုနှင့်ပတ်သက်၍ စတင်ရုံးတင် တရားစွဲဆိုသည့်နေ့ဖြစ်သော ဖေဖော်ဝါရီ ၂၄ ရက်ကလည်း အမ်းမြို့နယ်တရားရုံးသို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ရုံးထုတ်စဉ် ဖမ်းဆီးခံထားရသူများ၏ မိသားစုများလည်း လာရောက်တွေ့ဆုံခဲ့ရကြောင်းလည်း သိရသည်။အမ်းမြို့နယ် တောင်စောက်ဓာတ်ငွေ့တွန်းပို့စက်ရုံ လုပ်ငန်းခွင် အလုပ်သမားအဆောင် မီးရှို့မှုနှင့် ပတ်သက်၍ မတ် ၁၀ ရက်က တရားလိုဘက်ကို စတင်စစ်ဆေးခဲ့ပြီး တရုတ်နိုင်ငံ ကောင်စစ်ဝန်ရုံးမှ တရုတ်လူမျိုး အရာရှိနှစ်ဦး လာရောက်ခဲ့ကြောင်း သိရသည်။
“ဒီနေ့ရုံးထုတ်တဲ့အခါ အမှုနဲ့ပတ်သက်ပြီး တရားလိုဘက်ကို စစစ်တာဖြစ်တယ်။ နောက်ရုံးချိန်းကတော့ မတ် ၂၄ ရက်ပါ။ တရားလိုဘက်က သက်သေတွေကို ဆက်စစ်ဆေးဖို့ ရှိတယ်” ဟု အမှုအား လိုက်ပါဆောင်ရွက်နေသူ တစ်ဦးဖြစ်သည့် ရှေ့နေဦးအေးကျော်သန်းက ပြောကြားသည်။
“ဒီကနေ့ရုံးထုတ်တော့ သားနဲ့တွေ့ဖို့ မနေ့ကတည်းက အမ်းကိုရောက်နေတာ ဖြစ်တယ်။ ဒီနေ့မှာ တရားလိုဘက်က တစ်ယောက်ကို စစ်ဆေးတယ်။ ကျွန်တော်တို့ဘက်ကိုတော့ မစစ်သေးဘူး။ နောက်ရုံးချိန်းမှ စစ်မယ်လို့ထင်တယ်။ သားကတော့ ကျန်းကျန်းမာမာ တွေ့ရပါတယ်။ သူ့လုပ်အားကို မိသားစုမှီခိုနေရတော့ သားအချုပ်ထဲ ၀င်နေတာကို စိတ်မကောင်း ဖြစ်ရတယ်” ဟု မကွေးတိုင်း ငဖဲမြို့နယ်မှ ဦးအောင်မြင့်ထွန်းက ပြောကြားသည်။
ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းနေသည့် တရုတ်-မြန်မာဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းတည်ဆောက်ရေး တောင်စောက်သဘာဝဓာတ်ငွေ့တွန်းပို့စက်ရုံ လုပ်ငန်းခွင်ရှိ အလုပ်သမားများ နေထိုင်သည့်အဆောင် မီးလောင်မှုနှင့် ပတ်သက်၍ ဖမ်းဆီးစစ်ဆေးနေသည့် သံသယရှိသူ မြန်မာနိုင်ငံသား ၁၇ ဦးအား ဒုတိယအကြိမ် ရုံးထုတ်ခြင်းဖြစ်ပြီး အမှုအား စတင်စစ်ဆေးခြင်းဖြစ်ကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ် အမ်းမြို့နယ် တောင်စောက်ကျေးရွာရှိ ရေနံပိုက်လိုင်း တည်ဆောက်ရေးစခန်းတွင် ဇန်န၀ါရီ ၂၆ ရက်က တရုတ်လုပ်သားတချို့က မြန်မာလုပ်သားများကို မျက်နှာသစ်သည့်ရေဖြင့် ပက်ရာမှ အချင်းများမှုများ ဖြစ်ပွားခဲ့ပြီး အဆောင်မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်ခဲ့သည့် အဆောင်မှာ ငါးခန်းတွဲ ယာယီနှစ်ထပ်ဖိုင်ဘာ၊ အလူမီနီယံဖြင့် တည်ဆောက်ထားသည့် နှစ်ထပ်အဆောင်ဖြစ်ကြောင်း သိရသည်။ ယခုအဖမ်းခံရသူများမှာ မကွေးတိုင်း၊ ငဖဲမြို့နယ်မှ ချင်းတိုင်းရင်းသားများဖြစ်ကြောင်း သိရသည်။
Eleven Media Group

No comments:
Post a Comment