Monday, March 03, 2014
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ကုန်းကြီး ကျေးရွာအုပ်စုကုန်းကြီးရွာ၊ ပန်း တော်ပြင်ကျေးရွာ၊ မဲဇလီတော ကျေးရွာ၊ ရွာတော်ကျေးရွာအုပ်စု သံပုရာကန်ကျေးရွာနှင့် မင်းလှမြို့ ရုံးရပ်ကွက်တောင်ပိုင်းမှ တောင်သူ (၁၄၉)ဦး၏ ဥယျာဉ်ခြံမြေနှင့် လယ်ယာမြေဧက (၁၅၀၀) ကျော် အား တပ်မြေအဖြစ်အသိမ်းဆည်း ခံရ၍ နစ်နာကြေးများရလိုမှုပေါ် နိုင်ငံတော်သို့အသနားခံတင်ပြဆောင် ရွက်ထားမှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ (၂၅) ရက်နေ့မွန်းလွဲ (၃) နာရီက အထက်မင်းလှမြို့၊ရုံး ရပ်တောင်ပိုင်းတောင်သူကြီး ဦးမြမောင်၏အိမ်၌စာနယ်ဇင်းရှင်း လင်းပွဲပြုလုပ်ခဲ့သည်။
စာနယ်ဇင်းရှင်းလင်းပွဲတွင် တောင်သူများကဥယျာဉ်ခြံမြေနှင့် ယာမြေများသိမ်းဆည်းခံရပုံများကို ရှင်းလင်းပြောပြကြသည်။ ကုန်း ကြီးကျေးရွာတွင် ၁၉၉၄ ခုနှစ်က ကာကွယ်ရေးပစ္စည်းစက်ရုံအမှတ် (၁၀) တည်ဆောက်ရန်အတွက်ဆို ကာ တောင်သူများလုပ်ကိုင်ခွင့်ရ မြေခွန်ပြေစာထွက်ယာမြေများနှင့် ဥယျာဉ်ခြံမြေမှာ ဧက (၉၀၀)ခန့် သိမ်းဆည်းခံခဲ့ရသည်ဟုဆိုသည်။
ကုန်ကြီးဒေသခံရွာသားဦးစံ မြင့်နှင့် ဦးသာဆင်တို့က “ဘိုးဘွား များလက်ထက်ကတည်းကဒီယာ မြေတွေပေါ်မှာ နှမ်း၊ ပဲ၊ ပြောင်း သီးနှံတွေစိုက်ပျိုးခဲ့ပါတယ်။ လျော်ကြေးပေးမယ်လို့တော့မပြော ဘူးနစ်နာကြေးတော့ပေးမယ်လို့ ပြောတယ်။ နောက်ကျတော့ ဘာတစ်ခုမှ မရဘူး၊ အသိမ်းခံရ တဲ့ လူတွေထဲမှာ တချို့ဆိုရင် ချွတ်ခြုံကျမွဲသွားတာတွေရှိတယ်။ ကျွန်တော်တို့လည်း အခြေအနေ လေးပေးလာလို့ရမလားဆိုပြီး အသနားခံတင်ပြတာပါ။ နစ်နာ ကြေးလေးရရင်တော့ ပြန်ပြီးရင်းနှီး စားသောက်လို့ရပြီး ဘ၀ပြန်လည် ရှင်သန်လာနိုင်တာပေါ့”ဟုပြော သည်။
ထို့ပြင် “မင်းလှမြို့ရုံးရပ်ကွက် တောင်ပိုင်းနှင့် ပန်းတောင်ပြင်ကျေး ရွာ ကွင်းအမှတ် (၈၅၉) နှင့် (၈၆၀) မှ ယာမြေ (၆၆.၃၃) ဧက ကို အမှတ် (၉၄၉) စစ်လက်နက် ပစ်္စည်းသိုလှောင်ရေးတပ်ဆွယ်က (၁၉၉၅) ခုနှစ်တွင် သိမ်းဆည်းခဲ့ ကြောင်း၊ ၁၉၉၇ ခုနှစ်တွင် သီးနှံ နစ်နာကြေးအဖြစ် ကာလပေါက်ဈေး မဟုတ်ဘဲ မြေခွန်သာသာကိုသာ မယူမနေရ လက်မှတ်ထိုးခိုင်းပြီး ပေးခဲ့ကြောင်း၊ ယာမြေအတွက် လျော်ကြေးမပေးကြောင်း၊ သိမ်း ဆည်းခံယာမြေများကို သီးစားခ အဖြစ်တစ်နှစ်အတွက် တစ်ဧက (၁) တင်းနှုန်းတပ်သို့ပေးသွင်းရ ကြောင်း၊ ၁၉၉၆ ခုနှစ်မှစ၍ (၂) နှစ်လုပ်ကိုင်ခဲ့ရကြောင်း၊ နောက်ပိုင်း တွင် လုပ်ကိုင်ခွင့်မပေးတော့ဘဲ၊ တပ်တွင်းမှ အရာရှိ/အရာခံများ ကို သီးထောက်ခစနစ်ဖြင့်လုပ်စေ ခဲ့ကြောင်း၊ သိမ်းဆည်းခံမြေဧက (၆၆.၃၃) အနက် ဧက (၂၀) ခန့် ကို စိုက်ပျိုးရေးလုပ်ကိုင်နေကြ သည်မှာ ယနေ့တိုင်ဖြစ်ကြောင်း၊ သိမ်းဆည်းခံယာမြေများအတွက် နစ်နာကြေးနှင့် လျော်ကြေးများ ကို သင့်တော်သည့်နှုန်းထားဖြင့် တောင်သူများအား ပေးသင့် ကြောင်း တပ်တွင်းက အရာရှိအရာ ခံများစိုက်ပျိုးလုပ်ကိုင်နေသော ကင်းလွတ်မြေဧက (၂၀) ခန့်ကို လည်း မူလပိုင်ရှင်တောင်သူများ ပြန်လည်စိုက်ပျိုးလုပ်ပိုင်ခွင့်ပြုရန် တင်ပြထားကြောင်း သိရသည်။
ပန်းတော်ပြင်ကျေးရွာ ဒေါ်ခွေး (၆၅) နှစ်က
“၉၄၉ တပ်က သိမ်းသွားတာ ၅ ဧကလောက်ပါသွားတယ်။ ကျွန်မက မုဆိုးမပါ သားအမိနှစ် ယောက်ထဲရှိပါတယ်။ ယာပိုင်ဘ၀ ကနေလက်လုပ်လက်စားပေါင်း ထိုး၊ မြက်နှုတ်၊ ၀ါကောက်၊ အငှား လိုက်နေရတယ် လုပ်စားစရာမြေ မရှိတော့ဘူးလေ”ဟု ၀မ်းနည်းပက် လက်ပြောရှာသည်။
ထို့ပြင် သံပုရာကန်ကျေးရွာ တောင်သူများလုပ်ကိုင်စားသောက် သော ယာမြေများကို အမှတ် (၁၀) ကာကွယ်ရေးပစ်္စည်းစက်ရုံ တည်ဆောက်ရန်အတွက် ၁၉၉၃ ခုနှစ်ကတစ်ကြိမ်၊ ၂၀၁၀ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း ၂ ကြိမ်၊ ဧက ပေါင်း ၂၄၀ ခန့် သိမ်းဆည်းခံခဲ့ ရပြီး၊ ပထမအကြိမ်တွင် လျော် ကြေးလုံးဝမရဘဲ ၂၀၁၀ ခုနှစ် ဒုတိယအကြိမ်တွင်မူ တစ်ဧက ၁၂ ကျပ်နှုန်းလျော်ကြေးပေးခဲ့ ကြောင်း၊မူလပိုင်ရှင်တောင်သူများ အနေဖြင့် ထိုက်သင့်သော လျော် ကြေးရရှိရေးနှင့် အသုံးမပြုဘဲ ကျန်နေသော မြေများပြန်လည်ရရှိ ရေးအတွက် တောင်သူ (၂၉) ဦး က လက်မှတ်ထိုး၍ လယ်ယာ မြေနှင့် အခြားမြေများသိမ်းဆည်း ခံရမှုစုံစမ်းရေးကော်မရှင်ပြည်ထောင် စုလွှတ်တော်သို့တင်ပြထားကြောင်း သိရသည်။
ထိုပြင်မဲဇလီတောကျေးရွာ မှ တောင်သူ (၄၅) ဦးကလည်း က.ပ.စ (၁၀) က သိမ်းယူထား သောမြေများအတွက် ကရုဏကြေး ပေးရန် လယ်ယာမြေစုံစမ်းရေး ကော်မရှင်၊ ပြည်ထောင်စု လွှတ်တော်ရုံး၊တိုင်း (၆) နေပြည် တော်သို့တင်ပြခဲ့သည်။ သို့သော် ၁၇.၁၂.၂၀၁၄ ခုနှစ်က မင်းလှမြို့ နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ က မကွေးတိုင်းဒေသကြီး က.ပ.စ (၁၀)မှ သိမ်းယူထား သောမြေများသည် ယာမြေ နိုင်ငံပိုင်ပြုရေးဥပဒေအရသိမ်းဆည်း ထားသော ယာမြေများသည့်အတွက် ကရုဏကြေးပေးရန်မလိုကြောင်း တောင်သူများအားခေါ်ယူရှင်းပြခဲ့ ကြောင်း သိရသည်။
မယ်ဇလီတောကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက
“တောင်သူတွေမှာ ယာမြေ အသိမ်းခံရတဲ့အတွက် တောင်သူ ဘ၀ကိုစွန့်လွှတ်ရပြီး ဆင်းရဲပင်ပန်း စွာရရာအလုပ်များကို အရင်းအနှီး မဲ့စွာလုပ်ကိုင်စားသောက်နေရပါ တယ်။ သက်ကြီးရွယ်အိုများဆို လည်း စေတနာရှိသူများ၏ကျွေးမွေး မှုကိုမျှော်လင့်ပြီးစားသောက်နေ ရပါတယ်”ဟုပြောသည်။
အထက်မင်းလှမြို့နယ် ကုန်းကြီးရွာ၊ ပန်းတော်ပြင်ရွာ၊ မဲ ဇလီတောရွာ၊ သံပုရာကန်ရွာ ရုံး ရပ်ကွက်တောင်ပိုင်းမှ တောင်သူ (၁၄၉) ဦးပိုင်ဥယျာဉ်ခြံမြေနှင့် ယာမြေဧကစုစုပေါင်း (၁၅၀၀) ကျော်အား တပ်မြေအဖြစ်အသိမ်း ဆည်းခံရပြီး ယနေ့အထိ နစ်နာ ကြေးများမရရှိသဖြင့် မြေအသုံး ချမှုစီမံခန့်ခွဲရေးဗဟိုကော်မတီ၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူ များနစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့နှင့် ကာကွယ် ရေးဝန်ကြီးဌာနများသို့တင်ပြထား ကြောင်း သိရသည်။
HOT NEWS

No comments:
Post a Comment