Monday, March 03, 2014

လပွတ္တာမြို့နယ်ပြည်သူ့ဆေးရုံး ပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်

Monday, March 03, 2014

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့တွင် (၂၈.၂.၂၀၁၄) နေ့ နံနက် (၉) နာရီအချိန်က (၂၈.၁၀.၂၀၁၁) နေ့တွင် အပြီး ပိတ်သိမ်းခံခဲ့ရသော လပွတ္တာမြို့  နယ်ပြည်သူ့ဆေးရုံကြီးအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးအတွက်  ဆန္ဒထုတ်ဖော်ပွဲအား လူဦးရေ (၄၀၀) ခန့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်၍ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

လပွတ္တာမြို့နယ်ပြည်သူ့ရဲတပ်   ဖွဲ့သို့ငြိမ်းချမ်းစွာစီတန်းလှည့်လည် ၍ ဆန္ဒထုတ်ဖော်ခွင့်ပြုရန် (၂၃.၂.၂၀၁၄) နေ့တွင် လျှောက်  ထားခဲ့သော်လည်း မြို့နယ်အဆင့်  တာဝန်ရှိပုဂ်္ဂိုလ်များနှင့် ပြည်သူ့  ရဲတပ်ဖွဲ့၏ ငြိမ်းချမ်းစွာစီတန်းလှည့်  ဆန္ဒထုတ်ဖော်ခွင့်မပြုကြောင်း ပြန်ကြားခဲ့သဖြင့် ဆန္ဒထုတ်ဖော်  ပွဲခေါင်းဆောင်များမှ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့သို့သွား ရောက်ပြီး လျှောက်ထားခဲ့ရာ (၂၆.၂.၂၀၁၄) ရက်နေ့တွင်  စာအမှတ် ၁၀၀၂(၉၃)/၁၀၃/ဦး  ၁ ဖြင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ခွင့်ပြုမှုအရ ယခု ကဲ့သို့ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခွင့်ရရှိခဲ့ကြောင်း ဆန္ဒထုတ် ဖော်ပွဲခေါင်းဆောင်တစ်ဦး၏ပြော ကြားချက်အရ သိရှိရသည်။ ယင်း အဖွဲ့အနေဖြင့် လပွတ္တာမြို့ရှိပြည် သူ့ဆေးရုံအား ဖွင့်ခွင့်မရရှိပါက  အတန်းတင်စာမေးပွဲများအပြီးတွင် ရရှိသည်အထိ တစ်လလျှင် တစ်ကြိမ်ဆက်လက်ဆန္ဒထုတ်ဖော်   သွားမည်ဟု သိရသည်။

မြို့ခံလူနာရှင်တစ်ဦးမှလည်း  ယခုကဲ့သို့ဆန္ဒဖော်ထုတ်ပွဲတွင် လပွတ္တာမြို့နယ်ကုတင် (၂၀၀) ဆံ့ ဆေးရုံကြီးသို့ ဒေသရှိNGO အဖွဲ့  ဖြစ်သော ကျန်းမာရေးစောင့်ရှောက်  မှုအဖွဲ့Merlin ၏ လစဉ်ထောက် ပံ့ပေးနေသော ဆေးဝါးများမှာ ဆေးရုံတက်လူနာရှင်များအား ကုသမှုမရှိဘဲ လူနာများအနေနှင့်  အရေးပေါ်စမ်းသပ်နေစဉ်မှာပင်  လိုအပ်သည်ဟုပြောသော ဆေး ၀ါးများကို အဆမတန်ဈေးကြီးပေး  ၍ ၀ယ်နေရခြင်းများရှိသဖြင့်Merlin မှ လှူဒါန်းသော ဆေးဖိုး ငွေသိန်း (၈၀) ခန့်မှာ ထိရောက် မှုရှိမနေခြင်းအားလည်း ထုတ်ဖော်   ဆန္ဒပြုသင့်ကြောင်း အကြံပေး သွားသည်ဟု သိရသည်။

HOT NEWS

No comments: