Wednesday, March 19, 2014

၂၀၁၅ အလွန် မြန်မာ့ကံကြမ္မာ

Wednesday , March 19 , 2014

အခုတစ်လော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ ပြည်တွင်း ရှိနိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ပါတီများ၊ ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသာမက ပြည်တွင်းမှာရှိတဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်စတဲ့ အနောက်အုပ်စုသံတမန် များကလည်း ပြောင်ပြောင်တင်းတင်းပဲ ထောက်ခံလာတာကို တွေ့ရပါတယ်။ ကူညီမယ်လို့လည်း ပြောကြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ၅၉(ဃ)၊ (စ)၊ ၄၃၆ စတဲ့ဥပဒေတွေကိုပြင်ဆင်ဖို့ မြို့နယ်အလိုက် ကွက်ကျားကွက်ကျား ဆန္ဒပြမှုတွေ ရှိနေသလို အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်သူများ၊ နိုင်ငံရဲ့အနာဂတ်ကို မျှော်တွေးပြီး စိတ်ပူသူများကလည်း မျိုးစောင့်ဥပဒေပြဌာန်းနိုင်ရေးအတွက် ဆန္ဒပြမှုတွေကို တွေ့မြင်နေရပါတယ်။ ဒေါ်စုဦးဆောင်တဲ့ NLD နဲ့ တိုင်းရင်းသားအဖွဲ့အစည်းပါတီတွေက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဆိုတဲ့ ဘုံသဘောတူညီချက်ကို တညီတညွတ် ထည်းပြောဆိုနေကြသော်လည်းဘဲ ရည်ရွယ်ချက်ချင်း မတူတာကို တွေ့ရပါတယ်။
ဒေါ်စုဦးဆောင်တဲ့ NLD ပါတီကတော့ ဒေါ်စုသမ္မတဖြစ်ဖို့အတွက် ၅၉(ဃ)၊ (စ)နဲ့ ပတ်သတ်လိုသာ အဓိကပြင်ဆင်လိုကြပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ ပြည်နယ်များကို သွားတဲ့အခါမှလည်း ၅၉(စ)ပြင်ဆင်ရေး ကိုသာ ဒေါ်စုကိုအဓိကထားပြောဆို
နေကြတာကို တွေရပါတယ်။ တိုင်းရင်းသားများအရေးနဲ့ ပတ်သတ်တဲ့ ဥပဒေများကိုတော့ အာရုံသိပ်မရှိလှတာကိုလည်း တွေ့ရပါတယ်။

၅၉(စ)ကို ပြင်နိုင်လို့ ဒေါ်စုသမ္မတဖြစ်တဲ့အခါ ဒေါ်စုဟာ အမေရိကန်နဲ့ အနောက်ဥရောပကိုယိမ်တဲ့ လူဖြစ်တဲ့အတွက် ၎င်းတို့ရဲ့အထောက်အပံ့တွေ အထိုက်အလျောက်ရရှိလာနိုင်ပါတယ်။ ဒီလိုယိမ်းတဲ့အတွက် မြန်မာနိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒဖြစ်တဲ့ လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒဟာ စာရွက်ပေါ်မှာပဲ ရှိတော့မှာဖြစ်ပါတယ်။ အမေရိကန်နဲ့ဥရောပအုပ်စုကလည်း မြန်မာနိုင်ငံကို လွှမ်းမိုးချုပ်ကိုင်ပြီး တရုတ်ကိုထိန်းချုပ်ဖို့ ကြိုးစားမှာဖြစ်ပါတယ်။ အဲ့ဒီအခါမှ အမေရိကန်အုပ်စု၊ ဥရောပအုပ်စုတွေနဲ့ စစ်ရေး၊ နိုင်ငံရေးအားပြိုင်နေတဲ့ တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံနဲ့နယ်နိမိတ်ချင်း မိုင်ပေါင်းများစွာ ထိစပ်နေတဲ့ အတွက် သူရဲ့အမျိုးသားကိုယ်ကျိုးစီးပွားကို ကာကွယ်တော့မှာဖြစ်ပါတယ်။ အဲဒီအချိန်မှာသူ့ကိုမှီခိုပြီးတော့ လက်နက်ကိုင်အင်အားတောင့်တင်းပြီ လက်ရှိအစိုးရကို ပြည်နယ်တောင်းနေတဲ့ UWSA (၀)နဲ့ လက်ရှိအစိုးရကို လက်နက်ကိုင်ဆန်ကျင်ဆဲဖြစ်တဲ့ ကေအိုင်အေ၊ ရှမ်း(အရှေ့)မှာရှိတဲ့ ဗကပလက်အောင်းတွေဖြစ်တဲ့ (မိုင်းလား) လက်နက်ကိုင်အဖွဲ့၊ အက်စ်အက်စ်အေ(၀မ်ဟိုင်း)အဖွဲ့တိုကို ပွဲထုတ်လာမှာဘဲဖြစ်ပါတယ်။ အဲ့ဒီတော့ အင်အား ကြီးနိုင်ငံနှစ်ခုရဲ့ အားပြိုင်မှုကြားမှာ မြန်မာနိုင်ငံဟာ မြေဇာပင်ဖြစ်သွားနိုင်ပါတယ်။ အကယ်၍ အမေရိကန်နဲ့ တရုတ်ဆိုတဲ့ အင်အားကြီးနိုင်ငံနှစ်နိုင်ငံရဲ့ကြားမှာ မြန်မာနိုင်ငံဟာ နိုင်ငံရေးကစားမယ်ဆိုရင်လည်း အဲ့ဒီနိုင်ငံ တွေက ကိုယ်ထက်ပိုလည်ပြီး ပိုအင်အားကြီးတယ်ဆိုတာ သတိရှိစေလိုပါတယ်။

တိုင်းရင်သားပါတီတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း တန်ဒတူညီတူအခွင့်အရေးရရှိရေး၊ သယံဇာတခွဲဝေရေး၊ ကိုယ်ပိုင်ပြဌာန်းနိုင်တဲ့ ဖက်ဒရယ်စနစ်ကျင့်သုံးရေးအပြင် ကမ္ဘာပေါ်က ဘက်ဖက်ဒရယ် ပြည်ထောင်စုမှာမှမရှိတဲ့ တစ်ပြည်နယ် လက်နက်ကိုင်တစ်ဖွဲ့ ဖြစ်လာဖို့တောင်းဆိုနေပါတယ်။ ပင်လုံစာချုပ်လို့ တစာစာဟစ်ကြွေးနေရတာကလည်း လိုအပ်လာတဲ့အချိန်ကျရင် ပင်လုံစာချုပ်မှပါတဲ့အတိုင်း ခွဲထွက်ခွင့်တွေ တောင်းဆိုဖို့ဘဲဖြစ်ပါတယ်။ ဒီလိုမတောင်းဆိုရင်တောင်မှ ဗဟိုအစိုးရချုပ်ကိုင်မှုကိုလက်မခံ၊ အမိန့်ကိုမနာခံတဲ့ ပြည်နယ်အစိုးရတွေ ပြည်နယ်လွတ်တော်တွေလည်း ပေါ်ပေါက်လာနိုင်ပါတယ်။ အဲ့ဒီအချိန်မှာ အစိုးရကအင်အားသုံးအရေးယူမယ်ဆိုရင်လည်း ကာကွယ်ဖို့ ပြည်နယ်လက်နက်ကိုင်တပ်ဖွဲ့များလည်း ရှိနေပြီးဖြစ်ပါတယ်။ ဒါကြောင့်အဲ့ဒီအချိန်မှာ မြန်မာနိုင်ငံရဲ့မြေပုံဟာ ပုံစံအမျိုးမျိုးဖြစ်သွားနိုင်ငံပါတယ်။

ယခုလက်ရှိယူကရိန်းမှာ နှစ်ခြမ်းကွဲတော့မယ့် ပြဿနာတွေဖြစ်ပေါ်နေပါတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံကတော့ နှစ်ခြမ်းကွဲရုံတင်မကပါဘူး။ အစိတ်စိတ်အမွှာမွှာ ကွဲသွားစေမယ့် အခြေအနေအထိဖြစ်သွား နိုင်ပါတယ်။ ဒါကြောင့်ပြည်သူပြည်သားတွေကို သတိပြုမိစေဖို့ ရေးသားလိုက်ရပါတယ်။

credit to : Nyi Naung Bour

No comments: