Wednesday , March 19 , 2014
ဘိန်းဖြူဟုယူဆရသည့် အဖြူရောင်အမှုန့်များကို အမျိုးသမီးတစ်ဦးက ကွန်ဒုံးဖြင့်ထုတ်၍ ၎င်း၏ လိင်အင်္ဂါအတွင်း ထည့်သွင်းသယ်ဆောင်လာသည်ကို စစ်ကိုင်းတိုင်း၊ မတူး-ကလေး အဝေးပြေးလမ်းမပေါ်တွင် မူးယစ်တပ်ဖွဲ့စုက မတ် ၁၈ တွင် ဖမ်းဆီးလိုက်သည်။
တမူးမြို့နယ်၊ ကမ္မကြီးကျေးရွာအနီးရှိ အဝေးပြေးလမ်းမပေါ်တွင် တမူးမှ ကလေးသို့ မောင်းနှင်လာသည့် ခရီးသည်ယဉ် တစ်စီးကို ရှာဖွေစစ်ဆေးခဲ့ရာမှ အဆိုပါ အမျိုးသမီးထံတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဖမ်းဆီးရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ထို့နောက် မူးယစ်လှုပ်ရှားအဖွဲ့က အဆိုပါကားပေါ်ရှိ ကျန်ခရီးသည်များကို ဆက်လက်၍ ရှာဖွေစစ်ဆေးခဲ့ရာ တစ်ရွာ်တည်းနေ မမြင့်မြင့်ခိုင်ဆိုသူ၏ ခရမ်းရောင်ဖျော့ အောက်ခံဘောင်းဘီအတွင်းမှ အလေးချိန်(၁၁)ဂရမ်၊ တစ်ရွာတည်းနေ မကြည်ကြည်မာဆိုသူ၏ ဘောင်းဘီအတွင်းမှ အလေးချိန်(၁၂)ဂရမ်ကိုတစ်ဆက်တည်း ရှာဖွေသိမ်းဆီးရရှိခဲ့သည်ဟု ခမ်းပတ်နယ်မြေရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်တစ် ဦးက ပြောသည်။
ထို့ကြောင့် မူးယစ်လှုပ်ရှားအဖွဲ့က အဆိုပါ အမျိုးသမီးများကို တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် ခမ်းပတ်နယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့ရာ ရဲစခန်းက မူးယစ်(ပ) ၉/၂ဝ၁၄၊ ၁ဝ/၂ဝ၁၄၊ ၁၁/၂ဝ၁၄ မူးယစ်ပုဒ်မ ၁၅/ ၁၉(က)အရ အမှုဖွင့် အရေးယူခဲ့သည်။
Mizzima
No comments:
Post a Comment