Tuesday, March 04, 2014

ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ သမ္မတကိုယ်တိုင်ကွင်း ဆင်းကြည့်မည်ဟုဆို


Tuesday, March 04, 2014

ရန်ကုန်တိုင်းဒေသကြီးမြို့နယ်   များတွင် ရေစီးရေလာကောင်းမွန်  ရန် ထိန်းသိမ်းရေးကော်မတီ၏ အစည်းအဝေးအမှတ်စဉ် ၃/၂၀၁၄ ကို မတ်လ ၃ ရက်နေ့တွင် ဒဂုံမြို့  သစ်အရှေ့ပိုင်းမြို့နယ်ရှိကနောင် ခန်းမတွင် ကျင်းပပြုလုပ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာနဒုတိယ   ၀န်ကြီးဦးစိုးတင့်၊လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ဒုတိယ၀န်ကြီးဦးခင်ဇော်၊ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးနှင့် ဌာနဆိုင်ရာကော် မတီဝင်လူကြီးများတက်ရောက် ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင်   ရေစီးရေလာကောင်းမွန်ရန်ထိန်း သိမ်းရေးကော်မတီဥက္ကဋ္ဌဆောက် လုပ်ရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး ဦးစိုးတင့်က မတ်လ ၃ ရက်နေ့ နံနက် ၈း၃၀ နာရီအချိန်မှစ၍ မြို့နယ်များတွင်ဆောင်ရွက်လျက် ရှိသော လုပ်ငန်းခွင်များသို့သွား ရောက်ကြည့်ရှုရာလွန်ခဲ့သော ၂/၂၀၁၄ က ပြုလုပ်ဆောင်ရွက်  ထားရှိမှုထက် ယခုပိုမိုအကောင်း အထည်ပေါ်အောင်လုပ်ဆောင်  ထားရှိမှုများကို တွေ့ရှိရ၍ အများ  ကြီးဝမ်းမြောက်ကြောင်း၊ မိမိတို့ ဘက်မှပံ့ပိုးပေးရမည့်စက်ယန်္တယား များလည်း ထပ်မံပေးရန်ရှိကြောင်း၊ ယခုလိုလုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်ပေးသော ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ နှင့် ကော်မတီဝင်များကို ကျေးဇူး  တင်ကြောင်း ပြောကြားသွားသည်။

၎င်းနောက်ရေစီးရေလာ ကောင်းမွန်ရန်ထိန်းသိမ်းရေးကော် မတီအဖွဲ့ဝင်လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးခင်ဇော်မှ လုပ်ငန်း   ဆောင်ရွက်မှုနှင့် ပတ်သက်၍ လိုအပ်သော ဆီနှင့် စက်ယန္တယား  ရှိနေသော်လည်း ငွေကြေးအတွက်  ၀န်ကြီးထံတွင် တင်ပြတောင်းဆို  ထားကြောင်း ၎င်းလုပ်ငန်းကို သမ္မတကြီးကိုယ်တိုင်ကွင်းဆင်း ကြည့်ရှုမည်ဖြစ်ကြောင်း အကျယ်  တ၀င့်ပြောကြားသွားသည်။

HOT NEWS

No comments: