Friday, March 07, 2014
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လာမည့်ရွေးကောက်ပွဲတွင် ရှုံးသည်ဖြစ်စေ၊ နိုင် သည်ဖြစ် စေ ကျေနပ် လက်ခံမည်ဟု ဥက္ကဋ္ဌသူရဦးရွှေမန်းက မတ်လ ၆ ရက်က ပြောသည်။
ထို့ကြောင့် လာမည့်ရွေးကောက်ပွဲအပြီး အာဏာရပါတီအဖြစ် ဆက်လက် ရပ်တည်နိုင်ခြင်းမရှိခဲ့ပါက တိုင်း ပြည်တည်ငြိမ်ရေးအပေါ် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ မည်သို့ သုံးသပ်ထားပါသနည်းနှင့် ဒီမိုကရေစီပြုပြင်ပြောင်း လဲ ရေးလုပ်ငန်းစဉ်များ ထိခိုက်လာနိုင်ပါသလားဟု မဇ္ဈိမက မေးမြန်းခဲ့သည်။ တိုင်းပြည်တည်ငြိမ်ရေးနှင့် စပ် လျဉ်း၍မူ ဖြေကြားခြင်းမပြုခဲ့သော်လည်း လာမည့်ရွေးကောက်ပွဲ ရှုံးရှုံးနိုင်နိုင် ကျေနပ်လက် ခံမည်ဟု ပြည် ခိုင်ဖြိုးဥက္ကဋ္ဌက ပြောခဲ့ခြင်းဖြစ်သည်။
“ပြည်ခိုင်ဖြိုးရှုံးသွားတာနဲ့ အဲဒီလိုဖြစ်မယ်မထင်ပါဘူး။ လက်ရှိအခြေအနေအရ ပြောခြင်းဖြစ်ပါတယ်။ လို လားတာကတော့ ခုနက တရားမျှတပြီးတော့ လွတ်လပ်တဲ့ အောင်မြင်မှုများကိုပဲ ရစေချင်တယ်၊ နိုင် လည်း နိုင်တဲ့အပေါ်မူတည်ပြီးတော့၊ ရှုံးလည်း ရှုံးတဲ့အပေါ်မူတည်ပြီးတော့ ကျေနပ်လက်ခံမှာပါ၊ ဒါမှပဲ ဒီမိုကရေစီ ဆိုတာ ဖြစ်လာမှာပါ”ဟု ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်တွင် ၎င်းက ပြောခဲ့သည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လာမည့်ရွေးကောက်ပွဲတွင် ရှုံးသည်ဖြစ်စေ၊ နိုင် သည်ဖြစ် စေ ကျေနပ် လက်ခံမည်ဟု ဥက္ကဋ္ဌသူရဦးရွှေမန်းက မတ်လ ၆ ရက်က ပြောသည်။
ထို့ကြောင့် လာမည့်ရွေးကောက်ပွဲအပြီး အာဏာရပါတီအဖြစ် ဆက်လက် ရပ်တည်နိုင်ခြင်းမရှိခဲ့ပါက တိုင်း ပြည်တည်ငြိမ်ရေးအပေါ် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ မည်သို့ သုံးသပ်ထားပါသနည်းနှင့် ဒီမိုကရေစီပြုပြင်ပြောင်း လဲ ရေးလုပ်ငန်းစဉ်များ ထိခိုက်လာနိုင်ပါသလားဟု မဇ္ဈိမက မေးမြန်းခဲ့သည်။ တိုင်းပြည်တည်ငြိမ်ရေးနှင့် စပ် လျဉ်း၍မူ ဖြေကြားခြင်းမပြုခဲ့သော်လည်း လာမည့်ရွေးကောက်ပွဲ ရှုံးရှုံးနိုင်နိုင် ကျေနပ်လက် ခံမည်ဟု ပြည် ခိုင်ဖြိုးဥက္ကဋ္ဌက ပြောခဲ့ခြင်းဖြစ်သည်။
Mizzima

No comments:
Post a Comment