Friday, March 07, 2014

ဧရာဝတီမြစ် ရေရှည်တည်တံ့ရေး ဆွေးနွေးမည်

Friday, March 07, 2014

ဧရာဝတီမြစ် ရေရှည်တည်တံ့ခိုင်မြဲရန်ကိစ္စရပ်များကို မတ်လ ၁၄ ရက်တွင် ကျရောက်မည့် ကမ္ဘာ့မြစ်များ နေ့(International Rivers Day) အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့ တံဖဲကျေးရွာ၌ ဆွေးနွေးသွားမည် ဖြစ်ကြောင်း စိမ်းရောင်စိုအဖွဲ့မှ စီစဉ်သူ ဦးစိုးဟိန်းက မဇ္ဈိမကို ပြောသည်။

အဆိုပါပွဲတွင် ဧရာဝတီ ရေရှည်တည်တံ့ရေး ကိစ္စရပ်များ၊ ဧရာဝတီမြစ်ဝှမ်းဒေသ လူထုဗဟိုပြု ဗျူဟာ မြောက် ပတ်ဝန်းကျင်လေ့လာဆန်းစစ်ချက်များ၊ အနီးဝန်းကျင်ရှိ ဒေသခံများတွင် ဖြစ်ပေါ်နေသော အ ခြေအနေအချက်အလက်များနှင့် မြစ်ဆုံစီမံကိန်း လုံးဝရပ်ဆိုင်ရေးကိစ္စရပ်များကို အဓိက ဇောင်းပေးဆွေး နွေးသွားမည်ဖြစ်သည်။
အထက်ပါဆွေးနွေးပွဲသို့ တက်ရောက်ရန် မြစ်ကြီးနား၊ မြင်းခြံ၊ တောင်သာ၊ မကွေး၊ ပြင်ဦးလွင်၊ ထီးချိုင့်၊ ဧရာဝတီ၊ ကသာ၊ ရှိန်းမကား စသည့်နယ်မြေများတွင် ဧရာဝတီကိစ္စရပ်များကို လုပ်ဆောင်နေသောအဖွဲ့ များနှင့် လိုအပ်သည့် ဥပဒေပိုင်းဆိုင်ရာများ ဆွေးနွေးပေးမည့် အထက်မြန်မာပြည်ရှေ့နေများကွန်ရက် တို့ကို ဖိတ်ကြားကာ ဆွေးနွေးသွားမည်ဖြစ်သည်။

ဧရာဝတီမြစ်ဆိုင်ရာ တွေ့ရှိချက်များ၊ စာတမ်းများ၊ လေ့လာမှုလုပ်ငန်းစဉ်များ၊ ပညာရှင်များ၏ သုံးသပ်ချက်များ၊ ဓာတ်ပုံများ စုဆောင်းရေးကိုလည်း မတ်လ ၁၄ ရက်မတိုင်မီ အကြိုဆွေးနွေးပွဲတစ်ခုပြုလုပ်ရန် စီစဉ်နေသည်ဟု ဆိုသည်။

Mizzima

No comments: