Friday, March 07, 2014

လိင်တူချစ်သူ ၂ ဦး အား ဗဟန်းမြို့မရဲစခန်း တွင် စတင်စစ်ဆေးနေပြီဟုဆို

Friday, March 07, 2014

အာရှနိုင်ငံများတွင် လိင်တူဆက်ဆံခြင်းကို လုံးဝခွင့်ပြုထားခြင်းမရှိဘဲ ကမ္ဘာ့နိုင်ငံ၁၅ နိုင်ငံတွင်သာ လိင်တူလက်ထပ်ခြင်းကို လွတ်လပ်စွာခွင့်ပြုထားပြီး ၁၃နိုင်ငံတွင် ကန့်သတ်ချက်များဖြင့် လိင်တူလက်ထပ်ခြင်းအားခွင့်ပြုထားပါသည်။ လိင်တူ လက်ထပ်ခြင်းကို အမေရိကန်ပြည်ထောင်စု
တွင်ပင်ပြည်နယ်(၁၈)ခုတွင် သာ ခွင့်ပြုထားပြီး ကျန်ပြည်နယ်များတွင်လုံးဝခွင့်ြ့ပုထားခြင်း
မရှိကြောင်းသိရှိပါသည်။

မြန်မာနိုင်ငံတွင် လိင်တူဆက်ဆံခြင်းကို ၇ာဇသတ်ကြီးဥပဒေပုဒ်မ (၃၇၇) ဖြင့်တားမြစ်ထားပြီး ကျူးလွန်ပါက ထောင်ဒဏ်(၁၀)နှစ်မှစပြီး တစ်သက် တ ကျွန်းထိချမှတ်နိုင်ကြောင်း ဥပဒေပြဌာန်းထားရှိပါသည်။
ရာဇသတ်ကြီးပုဒ်မ(၃၇၇)တွင် မည်သူမဆိုယောင်္ကျားနှင့်ဖြစ်စေ .မိန်းမနှင့်ဖြစ်စေ/ တိရစ္ဆာန် နှင့်ဖြစ်စေ မိမိအလိုအလျောက် ဓမ္မတာနှင့်ဆန့်ကျင်သော ကာမ စပ်ယှက်မှုကို ပြုလုပ်လျှင် ပုဒ်မ(၃၇၇)နှင့်ငြိစွန်းသည်ဟု ပါရှိပါသည်။

Excel Treasure hotel မှာကျင်းပပြုလုပ်ခဲ့တဲ့လိင်တူချစ်သူနှစ်ဦး ရဲ့ (၁၀)နှစ်ပြည့် အထိမ်းအမှတ်မင်္ဂလာအခမ်းအနားနဲ့ပတ်သက်ပြီး ဗဟန်းမြို့မရဲ စခန်းမှ စတင်စစ်ဆေးနေပြီ
ဖြစ်ကြောင်းသိရှိရပါသည်။

လတ်တလောပေါ်ပြူလာအဖြစ်ဆုံးဟာသများ

No comments: