Friday, March 28, 2014
ကုလသဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်း စာနာထောက်ထားရေး ဋ္ဌာနေ ကိုယ်စားလှယ် မစ္စ တွိုင်လေ ကာဗန်နော့ဗ် က တော့ မနေ့ မတ်လ ၂၇ ရက်နေ့စွဲနဲ့ အမည်မသိ ဆန္ဒပြသူတွေက စစ်တွေမြို့မှာ အကူ အညီပေးရင်း နေထိုင်ကြတဲ့ NGO အဖွဲ့က တာဝန်ရှိသူတွေကို တိုက်ခိုက်မှုတွေဖြစ်လို့ အလွန်စိုးရိမ်ကြောင်း ထုတ်ပြန်ထားပါတယ်။
စစ်တွေမြို့မှာ နိုင်ငံတကာ ကူညီကယ်ဆယ်ရေး အဖွဲ့တွေနဲ့ ဒေသခံတွေအကြား ညမထွက်ရ အမိန့် ကို ဒေသဆိုင်ရာ အာဏာပိုင်တွေက ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိပါတယ်။
စစ်တွေမြို့မှာ နိုင်ငံတကာ ကူညီကယ်ဆယ်ရေး အဖွဲ့တွေနဲ့ ဒေသခံတွေအကြား ညမထွက်ရ အမိန့် ကို ဒေသဆိုင်ရာ အာဏာပိုင်တွေက ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိပါတယ်။
လွန်ခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က စစ်တွေမြို့မှာ ရှိတဲ့ မာတေဇာ NGO အဖွဲ့က ငှားရမ်းထားတဲ့ အိမ်က သာသနာ့အလံကို မဖွယ်မရာ လုပ်တယ်ဆိုတဲ့ ကောလဟာလတွေကြောင့် ဒေသခံတွေက မာတေဇာ NGO က အမေရိကန်နိုင်ငံသား ၂ ဦး အပါအဝင် အခြား NGO က နိုင်ငံခြားသား တချို့နဲ့ သူတို့အဖွဲ့ အစည်းတွေရဲ့ ကူညီကယ်ဆယ်ရေး ပစ္စည်းသိုလှောင်ရုံတွေကို ဒေသခံ လူအုပ်စုက တိုက်ခိုက်မှုတွေ
ဖြစ်ခဲ့လို့ အာဏာပိုင်တွေဘက် က သေနတ်ပစ်ခတ်ဖောက်ခွဲမှုတွေနဲ့ လူစုခွဲခဲ့ရပြီး အခုလို ညမထွက်ရ အမိန့်ကို မနေ့က ထုတ်ပြန်ထားခဲ့တာပါ။
ညနေ ၆ နာရီကနေ မနက် ၆ နာရီထိ ညမထွက်ရ အမိန့် ထုတ်ပြန်ထားခဲ့ပါတယ်။
NGO က တာဝန်ရှိ သူတွေကို ဒေသခံတွေက တိုက်ခိုက်ရန်ပြုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားရေးနဲ့ ဒေသဖွံ့ဖြိုးရေး အကူ အညီတွေ ပေးနေတဲ့ အခြား မဟာမိတ်အဖွဲ့တွေအနေနဲ့ လူသားချင်းစာနာမှု အကူအညီနဲ့ အသက်ကယ်တင်ရေးကို ဆက် လုပ်ဖို့ သုံးသပ်နေတယ်လို့လည်း သူက ဆိုပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတွေအပေါ် အခြေအနေတွေက အကာအကွယ်ပေးဖို့ လိုအပ် မှုတွေရှိနေတဲ့ အပေါ်လည်း စိုးရိမ်ကြောင်း ကုလ သမဂ္ဂ ဋ္ဌာနေ တာဝန်ခံက ထုတ်ပြန်ပါတယ်။
ဒါကြောင့် မစ္စတာ တွိုင်လေ ကာဗန်နော့ဗ် က မြန်မာ တာဝန်ရှိသူတွေအနေနဲ့ တိုက်ခိုက်သူတွေနဲ့ ကျူးလွန်သူတွေအပေါ် အရေးယူပေးဖို့နဲ့ အခြေအနေတွေကို ထိမ်းသိမ်းဖို့ တိုက်တွန်းထားတယ်လို့ လည်း ပြောဆိုထားပါတယ်။
irrawaddy

No comments:
Post a Comment