Friday, March 28, 2014
ရခိုင်ကမ်းရိုးတန်း မုတ္တမပင်လယ်ကွေ့နှင့် တနင်္သာရီကမ်းရိုးတန်းရှိ ကမ်းနီး၊ ကမ်းဝေးရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်သစ်များတွင် အမေရိကန်၊ သြစတြေးလျ၊ ဂျပန်၊ အိန္ဒိယနှင့် ဥရောပတို့မှ ကမ္ဘာ့ထိပ်တန်း စွမ်းအင် ထုတ်လုပ်ရေး လုပ်ငန်းစုကြီးများ တင်ဒါအောင်ကာ လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီး ဌာနထံမှ သိရသည်။
၎င်းတို့မှာ ကမ္ဘာကျော် ကုမ္ပဏီများ ဖြစ်သည့် ဗြိတိန်မှ BG Group၊ အမေရိကန်မှ Chevron (Unocal)၊ Conoco Phillips၊ ဟော်လန်မှ Shell၊ အီတလီမှ Eni၊ ဂျပန်မှ Mitsui Oil (MOECO)၊ ပြင်သစ်မှ Total E&P၊ အိန္ဒိယမှ Reliance Industirs နှင့် သြစတြေးလျမှ Woodside တို့ကဲ့သို့သော ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီများ ဖြစ်သည်။
ယင်းကုမ္ပဏီများနှင့် အသေးစိတ် အချက်အလက်များ အပြီးသတ် ညှိနှိုင်းရန် ကျန်ရှိနေသေးသောကြောင့် တရားဝင် လုပ်ကိုင်ခွင့် စာချုပ်ချုပ်ဆိုရန် သုံးလခန့် ကြာနိုင်ပြီး စာချုပ်ချုပ်ဆိုခ အမေရိကန်ဒေါ်လာ ၂၂၆ သန်းကျော် ရရှိမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။၎င်းတို့မှာ ကမ္ဘာကျော် ကုမ္ပဏီများ ဖြစ်သည့် ဗြိတိန်မှ BG Group၊ အမေရိကန်မှ Chevron (Unocal)၊ Conoco Phillips၊ ဟော်လန်မှ Shell၊ အီတလီမှ Eni၊ ဂျပန်မှ Mitsui Oil (MOECO)၊ ပြင်သစ်မှ Total E&P၊ အိန္ဒိယမှ Reliance Industirs နှင့် သြစတြေးလျမှ Woodside တို့ကဲ့သို့သော ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီများ ဖြစ်သည်။
တင်ဒါအောင် ကုမ္ပဏီများ အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေပါ သတ်မှတ်ချက်များအရ ပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှု အခြေအနေများကို သိရှိနိုင်ရန် EIA၊ SIA စစ်ဆေးမှုဆိုင်ရာ အချက်လက်များ၊ ပြည်ထောင်စု အစိုးရအဖွဲ့ မှတ်ချက်နှင့် စွမ်းအင်ဝန်ကြီးဌာန ထောက်ခံချက် များဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ လုပ်ငန်းပါမစ် လျှောက်ထားရမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
“ဒီတစ်ခါ တင်ဒါက ထူးခြားတယ်။ အောင်ထားတဲ့ ကုမ္ပဏီတွေထဲမှာ တရုတ်နဲ့ ထိုင်းကုမ္ပဏီတွေ မပါဘူး။ ဒီကဏ္ဍက တိုင်းပြည်ဝင်ငွေကို အဓိက ရှာပေးနေတာ ဖြစ်သလို Risk လည်း များတဲ့ ကဏ္ဍဖြစ်နေတော့ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီတွေ ဝင်လာတာ ကောင်းပါတယ်။ ငွေတစ်ခုတည်း မဟုတ်ဘဲ နည်းပညာတွေ၊ ကျွမ်းကျင် လုပ်သားတွေ၊ အတွေ့အအကြုံတွေပါ ယူနိုင်ဖို့တော့ လိုမယ်” ဟု စွမ်းအင်ဝန်ကြီး ဌာနမှ အငြိမ်းစားအရာရှိ ဦးစိုးငွေက ဆိုသည်။
စွမ်းအင်ဝန်ကြီး ဌာနက ယမန်နှစ် ဧပြီလကလည်း ကမ်းနီးကမ်းဝေး ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် ၃၀ ကို တင်ဒါ ခေါ်ယူခဲ့ပြီး နိုင်ငံတကာမှ စွမ်းအင်ကုမ္ပဏီ ၆၁ ခု ဝင်ရောက် လျှောက်ထားကာ နောက်ဆုံး အဆင့် ရွေးချယ်ရာတွင် ကမ်းနီးလုပ်ကွက် ၁၀ ခုနှင့် ကမ်းလွန်လုပ်ကွက် ၁၀ ခုကို ချထားပေးခဲ့သည်။
The Voice Weekly

No comments:
Post a Comment