Saturday , March 15 , 2014
ဒေါ်လာ နှစ်သိန်း ပေးရုံဖြင့် ကမ္ဘာမြေပြင် အထက် ကီလိုမီတာ ၁၀၀ ကျော်သို့ ယာဉ်ပျံဖြင့် တက်ခွင့် ရမည်ဖြစ်ပြီး အလေးချိန် မဲ့အနေအ ထားဖြင့် စီးမျော ရသည့် အရသာ ကို ခံစားနိုင်ကြ တော့မည်ဖြစ် ကြောင်း သိ ရသည်။
Astium အာကာသ ခရီးသွား လုပ်ငန်း သည် စင်ကာပူ ကောင်းကင်ယံ တွင် ၎င်းတို့၏ အာကာသ ယာဉ်ပျံကို မေလတွင် ပေတစ် သောင်း အထက်၌ စမ်းသပ် ပျံသန်း တော့မည်ဖြစ်သည်။ အောင်မြင်ပါ က လာမည့် နှစ်တွင် ပေ တစ်သိန်း အထိ တက်ရောက် ပျံသန်းကာ စမ်းသပ် သွားမည်ဖြစ်ကြောင်း လည်း သိရသည်။
ပြီးခဲ့သည့် ဆယ်နှစ်ခန့် တောက် လျှောက် Austium သည် လူသား များအား အာကာသ သို့ စီးပွားဖြစ် ပို့ဆောင် ပေးနိုင်ရေး စမ်းသပ်နေခဲ့ သော လုပ်ငန်း လည်းဖြစ်သည်။ ကမ္ဘာ မြေပြင် အထက် ကီလိုမီတာ ၁၀၀ ကျော်အထိ အာကာသ ယာဉ်ပျံဖြင့် ပျံသန်း တက်ရောက် ကာ လူသား များအား အာကာသ အရသာ ပေး စွမ်းနိုင် အောင် စီစဉ် သွားမည်ဖြစ် ကြောင်း သိရသည်။ဒေါ်လာ နှစ်သိန်း ပေးရုံဖြင့် ကမ္ဘာမြေပြင် အထက် ကီလိုမီတာ ၁၀၀ ကျော်သို့ ယာဉ်ပျံဖြင့် တက်ခွင့် ရမည်ဖြစ်ပြီး အလေးချိန် မဲ့အနေအ ထားဖြင့် စီးမျော ရသည့် အရသာ ကို ခံစားနိုင်ကြ တော့မည်ဖြစ် ကြောင်း သိ ရသည်။
Astium အာကာသ ခရီးသွား လုပ်ငန်း သည် စင်ကာပူ ကောင်းကင်ယံ တွင် ၎င်းတို့၏ အာကာသ ယာဉ်ပျံကို မေလတွင် ပေတစ် သောင်း အထက်၌ စမ်းသပ် ပျံသန်း တော့မည်ဖြစ်သည်။ အောင်မြင်ပါ က လာမည့် နှစ်တွင် ပေ တစ်သိန်း အထိ တက်ရောက် ပျံသန်းကာ စမ်းသပ် သွားမည်ဖြစ်ကြောင်း လည်း သိရသည်။
ယာဉ်ပျံ သည် ပုံမှန်ဂျက် လေယာဉ် အရွယ်အစား ရှိမည်ဖြစ်ပြီး ဒုံးအင်ဂျင် အသုံးပြု မည်ဖြစ်ကြောင်း သိရသည်။ လက်တွေ့ အောင်မြင် ပါက ထိုင်ခုံ တစ်နေရာစာ အတွက် လက်မှတ်ခ ဒေါ်လာ နှစ်သိန်း သတ် မှတ်မည်ဖြစ် ကြောင်း Austium က ကြေညာ ထားသည်။
Source: Daily Mail
Messenger News Journal

No comments:
Post a Comment