Friday, March 28, 2014

နိုင်ငံ့ဂုဏ်သိက္ခာ မညိုးနွမ်းစေရေး တရားဥပဒေဘောင်တွင်း ဆောင်ရွက်စေလို


မတ်လ (၂၈)

စစ်တွေမြို့မှာ NGO ဝန်ထမ်း နိုင်ငံခြားသူ အမျိုးသမီးက သာသနာ့ အလံကို မဖွယ်မရာ ပြုလုပ်တယ်ဆိုပြီး NGO ရုံးတွေကို စစ်တွေ ဒေသခံတွေက ခဲတွေ တုတ်တွေနဲ့ ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြတယ်လို့ စစ်တွေ ဒေသခံတစ်ဦးမှ ပြောကြားကြောင်းသိရှိရပါတယ်။
ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ရုံးတွေ တိုက်ခိုက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့က NGO ဝန်ထမ်း နိုင်ငံခြားသူ အမျိုးသမီးက သာသနာ့ အလံကို မဖွယ်မရာ ပြုလုပ်တယ်ဆိုတာ အမှန်တကယ် မဟုတ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ NGO ကိစ္စများကို အမှန်တကယ်ပြုလုပ်ခဲ့ပေမဲ့လည်း ဘင်္ဂလီတွေကိုပဲ ပိုမိုအလေးထား ဆောင်ရွက်ပေးကြောင်း ဒေသခံတစ်ဦးက ပြောကြားခဲ့ပါတယ်။
တကယ်တော့ ဒီကိစ္စမှာ NGO ဝန်ထမ်း နိုင်ငံခြားသူ အမျိုးသမီးက သာသနာ့ အလံကို မဖွယ်မရာပြုလုပ် ခဲ့မယ်ဆိုရင်လည်းတရားဥပဒေဘောင်အတွင်း ဖြေရှင်းသင့်ပါတယ်။ အမှန်တကယ် ကျူးလွန်သူ အမျိုးသမီး ကလည်း မိမိလုပ်ရပ်အပေါ် တာဝန်ယူမှုနဲ့ တာဝန်ခံ ဖြေရှင်းဆောင်ရွက်ပေးဖို့ လိုပါတယ်။ ပြီးတော့ အခုဖြစ်ခဲ့ တဲ့ကိစ္စဟာ သာမာန်သွေးရိုးသားရိုးမဖြစ်နိုင်သလို နိုင်ငံတွင်းပြသာနာတွေ တစ်စတစ်စကြီး ထွားလာအောင် နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်တာလည်း ဖြစ်နိုင်ပါတယ်။

ဘင်္ဂလီ အရေးကိစ္စများနဲ့ ပတ်သက်ပြီး နိုင်ငံ တကာမှာရှိတဲ့ မီဒီယာတွေက မဟုတ်မမှန်သတင်းတွေ ရေးသားဖော်ပြနေပါတယ်။ ဒါကြောင့်မလို့ နိုင်ငံတကာ အလယ်မှာ မြန်မာဆိုပြီး မျက်နှာမငယ်ရလေအောင်တရားဥပဒေ ဘောင်အတွင်းမှ ဖြေရှင်းကြဖို့ ပြောချင် ပါတယ်။ ခုကိစ္စနဲ့ပတ် သက်ပြီးတော့ စိတ်လိုက်မာန်ပါ မလုပ်ဆောင်ဖို့ ပိုပြီးသတိထားရမဲ့အချိန် ဖြစ်သလို ဒီကာလဟာ နိုင်ငံတော်အနေနဲ့ ခိုင်မာတဲ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေအနေ တွေကို တည်ဆောက်နေတဲ့ အချိန်ကာလ ဖြစ်နေပါတယ်။ နိင်ငံတော်ရဲ့ ဂုဏ်သိက္ခာ ညိုးနွမ်း စေမဲ့ ကိစ္စရပ်မျိုးလည်း မဖြစ်ရအောင် ပိုပြီးဂရုစိုက်ဖို့ လိုပါတယ်။

ဒါမှလည်း မိမိတို့နိုင်ငံတော် အပေါ်မှာ အခြားအခြားသော ပြည်ပနိုင်ငံများက အမြင်စောင်းမှုတွေ ဖိအားပေးမှု တွေ ပိုပြီးသက်ရောက်မှုတွေမရှိအောင်၊ အမှန်တကယ်လိုအပ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖော် ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီကိစ္စအမှန်တကယ် ပြုလုပ်ခဲ့ရင် တာဝန်ရှိသူများက တရားဥပဒေဘောင်အတွင်း၌ ဖြေရှင်းဆောင်ရွက်နိုင်ဖို့နဲ့ ဒေသခံများကလည်း နိုင်ငံတော်ဂုဏ်သိက္ခာ မထိခိုက်လေအောင် ဝိုင်းဝန်း ထိန်းသိမ်း ဆောင်ရွက်နိုင်ရန် ရေးသားဖော်ပြလိုက်ရပါတယ်။

အောင်မင်း

မြန်မာမျိုးစောင့်လူငယ်များ

No comments: