Tuesday , March 18 , 2014
မန္တလေးမြို့ ရှုခင်းများကို ကြည့်ရှုနိုင်သော မြို့ပတ်မိုးပျံရထားလမ်းတစ်ခု ဆောက်လုပ်ရန် ကမ်းလှမ်းမှုတစ် ခုကို လက်ခံရရှိထားကြောင်း မန္တလေးတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၀န်ကြီး ဦးကျော်ဆန်းက မတ်လ ၁၇ ရက်က မဇ်္ဈိမကို ပြောသည်။
“မြို့ပတ်မိုးပျံရထားတစ်စင်းကို သံလမ်းတစ်ချောင်းတည်းနဲ့ပြေးတဲ့ မီးရထား (Mono Rail)စနစ်ကို ကျင့်သုံး တဲ့ မြို့ပတ်ရထားတစ်စင်း တည်ဆောက်သွားဖို့ ကမ်းလှမ်းထားတာရှိပါတယ်။ ဘာမှ ဆွေးနွေးရခြင်းမရှိ သေးပါဘူး”ဟု ၀န်ကြီးက ပြောသည်။
တည်ဆောက်ရန် တံတားဦးလေဆိပ်မှ မန္တလေးမြို့တွင်း ရှုခင်းကောင်းသောနေရာများကို မြင်နိုင်သည့်နေ ရာများကို မိုးပျံရထားဖြင့် ကြည့်ရှုနိုင်ရန် လုပ်ဆောင်သွားမည့် ကိစ္စတစ်ခုဖြစ်သည်။ မန္တလေးမြို့ ရှုခင်းများကို ကြည့်ရှုနိုင်သော မြို့ပတ်မိုးပျံရထားလမ်းတစ်ခု ဆောက်လုပ်ရန် ကမ်းလှမ်းမှုတစ် ခုကို လက်ခံရရှိထားကြောင်း မန္တလေးတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၀န်ကြီး ဦးကျော်ဆန်းက မတ်လ ၁၇ ရက်က မဇ်္ဈိမကို ပြောသည်။
“မြို့ပတ်မိုးပျံရထားတစ်စင်းကို သံလမ်းတစ်ချောင်းတည်းနဲ့ပြေးတဲ့ မီးရထား (Mono Rail)စနစ်ကို ကျင့်သုံး တဲ့ မြို့ပတ်ရထားတစ်စင်း တည်ဆောက်သွားဖို့ ကမ်းလှမ်းထားတာရှိပါတယ်။ ဘာမှ ဆွေးနွေးရခြင်းမရှိ သေးပါဘူး”ဟု ၀န်ကြီးက ပြောသည်။
အဆိုပါစီမံကိန်းအတွက် ငွေကြေးစိုက်ထုတ်တည်ဆောက်လို၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြလာ လျှင် လက်ခံဆောင်ရွက်သွားရန်လည်း စီစဉ်ထားကြောင်း သိရသည်။
Mizzima
No comments:
Post a Comment