Tuesday, March 18, 2014

ဆယ်တန်းမဖြေဘဲ ဆရာမကိုခိုးပြေးတဲ့ ၁၆ နှစ်သား နောက်ဆက်တွဲသတင်း

Tuesday , March 18 , 2014
ရန်ကုန်က ၁၆ နှစ်သားနဲ့ ၄၁ နှစ်အရွယ်အမျိုးသမီးတို့ ခိုးပြေးကြတဲ့ အမှု နောက်ဆက်တွဲသတင်းတခု  ဒီကနေ့ထုတ် Venus News ဂျာနယ်မှာ ဖော်ပြထားပါတယ်
 -
ဒီကောင်လေးရဲ့အုပ်ထိန်းသူတွေက ရဲစခန်းမှာ အမှုဖွင့်ခဲ့တယ်လို့ ရေးထားပါတယ်။

"ကောင်လေးတွေဖက်က လူပျောက်နဲ့ အရင် အမှုဖွင့်တာ၊ ပြီးမှ သွေးဆောင်ဖြားယောင်းမှုနဲ့ ပြောင်းပြီး ဖွင့်တာပါ" ဆိုတဲ့  ဗဟန်းမြို့နယ် ရဲစခန်းက တာဝန်ရှိသူတဦးရဲ့ ပြောဆိုချက်ကို တွေ့ရပါတယ်။
ကနဦးသတင်းတွေမှာတော့  ၄၁ နှစ်အရွယ်အမျိုးသမီးက ရန်ကုန်တက္ကသိုလ်ကဆရာမ ဖြစ်တယ်၊ ဒီအမျိုးသမီးရဲ့ အိမ်က ရဲစခန်းမှာ အမှုဖွင့်ထားတယ်၊ သူတို့ မန္တလေးဘက် ရောက်နေကြတယ်ဆိုပြီး ဖော်ပြထားကြတာပါ။ ဒီအကြောင်း
ဆယ်တန်းမဖြေဘဲ ဆရာမကိုခိုးပြေးတဲ့ ၁၆ နှစ်သား  http://blog.irrawaddy.org/2014/03/blog-post_320.html ဆိုပြီး ဒီဘလော့မှာ ဖော်ပြခဲ့ရာမှာ တပတ်အတွင်း လူဖတ်အများဆုံး ၅ ပုဒ်ထဲမှာ ထိပ်တန်း ရောက်ခဲ့ပါတယ်။

သူတို့ ရုတ်တရက်ပျောက်ဆုံးသွားတဲ့အတွက် သူတို့ရဲ့အိမ်တွေက ရဲစခန်းကို အကြောင်းကြား အမှုဖွင့်ထားကြဟန်တူပါတယ်။

သူတို့နှစ်ယောက် ဘယ်လောက်အထိ အနေနီးစပ်မှုရှိခဲ့တယ်၊ ဆက်စပ်မှု ရှိခဲ့တယ် ဆိုတာကို နှစ်ဘက် မိသားစုက သိချင်မှလည်း သိကြပါလိမ့်မယ်။

ဆယ်တန်းစာမေးပွဲဖြေဖို့ ရက်ပိုင်းလေးပဲလိုချိန်မှာ ဒီဖြစ်ရပ် ပေါ်ပေါက်ခဲ့တာပါ။

ဒီကျောင်းသားလေး စာမေးပွဲဖြေပြီးချိန်အထိ မစောင့်နိုင်ရတဲ့အကြောင်းရင်းကလည်း စိတ်ဝင်စားစရာ ကောင်းပါလိမ့်မယ်။

စာမေးပွဲဆိုတာက ဖြေလိုက်တာ ကောင်းပါတယ်၊ အဆင်သင့် မဖြစ်သေးဘူး သို့မဟုတ် ဖြေနိုင်မယ် မထင်ဘူး ဆိုရင်လည်း အတွေ့အကြုံယူတဲ့အနေနဲ့ ရင်ဆိုင်သင့်တဲ့အခက်အခဲတခုပါ။
 ဆယ်တန်းစာမေးပွဲက  ဘ၀အတွက် အရေးကြီးတယ်လို့ ဆိုနိုင်ပါတယ်။

ခိုးရာလိုက်ပြေးတယ်၊ နှစ်ဦးသဘောတူ ထွက်ပြေးတယ်၊ အိမ်ထောင်တခု ထူထောင်တယ် ဆိုတာကလည်း ဘ၀အတွက် အရေးကြီးတဲ့လုပ်ရပ်ပါပဲ။

အရေးကြီးတဲ့ဖြစ်ရပ် ၂ ခုကို ဒီဆယ်တန်းကျောင်းသား တပြိုင်နက် ရင်ဆိုင်လိုက်ရတာပါ။

စာမေးပွဲကို ရှောင်လိုက်တာ ဘာကြောင့်လဲ ဆိုတာ သူတို့နှစ်ဦး ရန်ကုန်ကို လူသိရှင်ကြား ပြန်ရောက်တဲ့အခါ သိရမယ်လို့ ယူဆရပါတယ်။

ဧရာဝတီ

No comments: