Tuesday , March 18 , 2014
လွန်ခဲ့သော ငါးနှစ်တာကာလတွင် အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် စစ်လက်နက်အများဆုံး ၀ယ်ယူသော နိုင်ငံအဖြစ် ဆက်ရှိနေခဲ့ကာ ဒုတိယအများဆုံး ၀ယ်ယူခဲ့သော တရုတ်နိုင်ငံနှင့် တတိယ အများဆုံးဝယ်ယူ ခဲ့သော ပါကစ္စတန်နိုင်ငံတို့ထက် စစ်လက်နက် သုံးဆနီးပါး ပိုမိုဝယ်ယူတင်သွင်းခဲ့ကြောင်း ဆွီဒင်သုတေ သနအဖွဲ့ တစ်ခုအား ကိုးကားကာ အေအက်ဖ်ပီ သတင်းတစ်ရပ်၌ ဖော်ပြထားသည်။
၂၀၀၉-၂၀၁၃ ကာလအတွင်း နိုင်ငံတကာ လက်နက်ရောင်းချမှု စုစုပေါင်း ပမာဏမှာ ၂၀၀၄-၂၀၀၈ ကာ လက နိုင်ငံတကာ လက်နက်ရောင်းချမှုပမာဏထက် ၁၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနအဖွဲ့(SIPRI) ကဆိုသည်။
၂၀၀၄-၂၀၀၈ ကာလနှင့် နှိုင်းယှဉ်လျှင် ၂၀၀၉-၂၀၁၃ ကာလ၌ အိန္ဒိယနိုင်ငံ၏ အဓိကလက်နက်များ ၀ယ် ယူမှုမှာ ၁၁၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ယခင်က ကမ္ဘာလက်နက်ဝယ်ယူမှုစုစုပေါင်း၏ (၇) ရာခိုင်နှုန်း မှာ အိန္ဒိယနိုင်ငံသို့ ၀ယ်ယူတင်သွင်းခြင်း ဖြစ်ခဲ့ကာ ယခုအခါတွင်မူ ကမ္ဘာ့လက်နက်ဝယ်ယူမှု စုစုပေါင်း၏ ၁၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း SIPRI က ဆိုခဲ့သည်။လွန်ခဲ့သော ငါးနှစ်တာကာလတွင် အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် စစ်လက်နက်အများဆုံး ၀ယ်ယူသော နိုင်ငံအဖြစ် ဆက်ရှိနေခဲ့ကာ ဒုတိယအများဆုံး ၀ယ်ယူခဲ့သော တရုတ်နိုင်ငံနှင့် တတိယ အများဆုံးဝယ်ယူ ခဲ့သော ပါကစ္စတန်နိုင်ငံတို့ထက် စစ်လက်နက် သုံးဆနီးပါး ပိုမိုဝယ်ယူတင်သွင်းခဲ့ကြောင်း ဆွီဒင်သုတေ သနအဖွဲ့ တစ်ခုအား ကိုးကားကာ အေအက်ဖ်ပီ သတင်းတစ်ရပ်၌ ဖော်ပြထားသည်။
၂၀၀၉-၂၀၁၃ ကာလအတွင်း နိုင်ငံတကာ လက်နက်ရောင်းချမှု စုစုပေါင်း ပမာဏမှာ ၂၀၀၄-၂၀၀၈ ကာ လက နိုင်ငံတကာ လက်နက်ရောင်းချမှုပမာဏထက် ၁၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနအဖွဲ့(SIPRI) ကဆိုသည်။
၂၀၁၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံသည် တရုတ်ကိုကျော်တက်ကာ လက်နက်အများ ဆုံးဝယ်ယူသောနိုင်ငံ ဖြစ်လာခဲ့သည်။ အိန္ဒိယနိုင်ငံ၏ ကာကွယ်ရေးစက်မှုလုပ်ငန်းများ အနေဖြင့် အဆင့်မြင့် နည်းပညာသုံး စစ် လက်နက်များ ထုတ်လုပ်ရန် အခက်အခဲ ရှိနေသည့်အပြင်၊ ပိုမိုကောင်းမွန်သော စစ်လက်နက် ပစ္စည်းများ တပ်ဆင်ထားသည့် တရုတ်တပ်ဖွဲ့များ၏ အဆင့်အတန်းမျိုးကို အမီလိုက်နိုင်ရန်နှင့် အိမ်နီးချင်းနိုင်ငံတချို့ အကြား ဆက်ဆံရေးမတည်ငြိမ်သဖြင့် စစ်ရေးအရ စိန်ခေါ်မှုများ ရှိနေခြင်းတို့ကြောင့် အိန္ဒိယအနေဖြင့် စစ်အသုံးစရိတ် အများအပြား သုံးစွဲနေရခြင်း ဖြစ်သည်။
Mizzima
No comments:
Post a Comment