Thursday, March 13, 2014

၈၈မတ်လအရေးအခင်းတွင်ကျဆုံးသွားသော ကိုဖုန်းမော်နှင့်ကိုစိုးနိုင်တို့ ဧ။်(၂၆)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကျင်းပ

Thursday, March 13, 2014
ရန်ကုန်စက်မှုတက္ကသိုလ် ၁၉၈၈ခုနှစ်မတ်လအရေးအခင်းတွင်ကျဆုံးသွားသော ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ဧ။်(၂၆)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကိုအင်းစိန်ကြို့ ကုန်းရှိ ဗြူကုန်း စာသင်တိုက်တွင် ယနေ့ နံနက် ပိုင်းကကျင်းပခဲ့ရာအဆိုပါအခမ်းအနား ကျင်းပရေးကော်မတီသည်၎င်းတို့ ဧ။်သဘော ထားကြေညာချက်များထုတ်ပြန်ခဲ့သည်။

အဆိုပါသဘောထားကြေညာချက်များမှာ...

(၁)ကိုဖုန်းမော်နှင့်ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရသည့် ၁၉၈၈ မတ်လ ၁၃ ရက်နေ့ ရန်ကုန်စက်မှုတက္ကသိုလ် တွင်ဖြစ်ပွားခဲ့သောအရေးအခင်းသည် စစ်အာဏာရှင်ဧ။် မတရားဖိနှိပ်မှု၊စီးပွားရေးချွတ်ခြုံကျမှုလူ့ အခွင့် အရေးကင်းမဲ့မှုနှင့် ဒီမိုကရေစီကင်းမဲ့မှုကြောင့်ဖြစ်သည်။
(၂)ထိုဗြောင်ကျသောဖိနှိပ်မှုကြောင့် အထွေထွေမကျေနပ်မှုဖြင့်တင်းမာနေသော လူထုတစ်ရပ်လုံးအုံကြွခဲ့ပြီး အာဏာရှင်စနစ် ဆန့် ကျင်ရေးတိုက်ပွဲကြီးပေါ်ပေါက်ခဲ့ရသည်။"ဓါးဓါးချင်းလှံလှံချင်း" ဟု၎င်း"ပစ်ရင် မိုးပေါ်ထောင် မပစ်ဘူးတည့်တည့်ပစ်တယ်" ဟု၎င်းလူထုစိန်ခေါ်ခဲ့သောအာဏာရှင် လည်းနိဂုံးချုပ်ခဲ့ရသည်။

(၃)၁၉၈၈ ခုနှစ်မတ်လ ၁၃ ရက် မှစတင်ခဲ့သော စစ်အာဏာရှင်စနစ်ဆန့် ကျင်ရေးတိုက်ပွဲကြီးသည် လွတ်လပ်ရေးကြိုးပမ်းမှုကာလမှမပြီးဆုံးသေးသော ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီရေး သမိုင်းပေးတာဝန် ကိုထမ်းဆောင်ခြင်းပင်ဖြစ်သည်။

(၄)မြန်မာနိုင်ငံတွင်အာဏာရှင်စနစ်ချုပ်ငြိမ်း၍ လူ့ အခွင့်အရေးကိုအာမခံသော၊ငြိမ်းချမ်းသော၊ ဒီမိုကရေစီ ထွန်းကားသောလူ့ အဖွဲ့ အစည်းထူထောင်ရေးသည် ကျွန်ုပ်တို့ တာဝန်ဖြစ်သည် ဟုကြေညာချက် ထုတ်ပြန်ခဲ့သည်

Popular Myanmar News Journal

No comments: