Thursday, March 13, 2014

မလေးရှား လေယာဉ်ပျောက် ရှာတွေ့ တော့မလား

Thursday, March 13, 2014
ပျောက်ဆုံးမလေးရှားလေယာဉ်ရဲ့ အပိုင်းအစလို့ ယူဆရတဲ့ ပင်လယ်ထဲမျောနေတဲ့ ပစ္စည်းတချို့ရဲ့ ဓာတ်ပုံတွေကို တရုတ် အစိုးရက ထုတ်ပြန်လိုက်ပါတယ်။

အခု ထုတ်ပြန်တဲ့ ဓာတ်ပုံတွေက လေယာဉ်ပျောက်ပြီး နောက်တနေ့ တနင်္ဂနွေနေ့က ရိုက်ကူးခဲ့တာဖြစ် တယ် လို့ တရုတ် အစိုးရရဲ့ ကြေညာချက်က ဆိုပါတယ်။
လေယာဉ်အပိုင်းအစလို့ ယူဆရတဲ့ အခုတွေ့တယ် ဆိုတယ်ဆိုတဲ့ နေရာကတော့ လေယာဉ်ရဲ့ မူလ လမ်းကြောင်းအနီး မိုင်းအနည်းငယ်အကွာမှာ တွေ့ရတာဖြစ်တယ်တဲ့။

အခုတွေ့တယ်ဆိုတဲ့ ပင်လယ်ထဲ မျောနေတယ်ဆိုတဲ့ ပစ္စည်းတွေဟာ ဘာတွေလည်း၊ တကယ်ပဲ ပျောက် ဆုံး လေယာဉ် ရဲ့ အပိုင်းအစတွေလား ဆိုတာတော့ သေချာ ပြောဖို့ မရသေးဘူးလို့လည်း ဆိုထားပြန်ပါ တယ်။

ဒီထက်ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာကောတ့ အမေရိကန်ချီကာဂိုက အိုင်တီ မန်နေဂျာ တဦးဖြစ်တဲ့ Mike Seberger ကလည်း လေယာဉ်ပုံစံ ပုံရိပ်တခုကို အခုလို ဂြိုလ်တုကနေ လေယာဉ်ပျောက် ရှာဖွေတဲ့ အွန်လိုင်း ဝန်ဆောင်မှုမှာ တွေ့ထားပါတယ်။
ဒီတွေ့ရှိမှုကတော့ မနေ့ညက ဖြစ်ပြီး နေရာကတော့ တောင်တရုတ်ပင်လယ်ဝန်းကျင် ထိုင်း ပင်လယ်ကွေ့ မှာ ဖြစ်ပါတယ်။

ဒီတွေ့ရှိချက်သာ မှန်ကန်မယ်ဆိုရင်တော့ Mike Seberger ဟာ ပဟေဠိဆန်တဲ့ မလေးရှားလေယာဉ်
ပျောက် ကို အဖြေရှာနိုင်သူဖြစ်လာပါလိမ့်မယ်။

အွန်လိုင်းကနေ ဂြိုလ်တုသုံး မြေပြင်ကို ကြည့်တဲ့ စနစ်ကို Digital Globe က Tomnod ဝက်ဆိုက် ကနေ Mike Seberger လိုပဲ စေတနာ့ဝန်ထမ်းပြီး လေယာဉ်ပျောက် ကို ရှာဖွေ ပေးနေသူပေါင်း ထောင်နဲ့ ချီ ရှိတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

လေယာဉ်ဟာ မူလလမ်းကြောင်းကနေ ပြန်ကွေ့သွားဆယ်ဆိုတဲ့ အချက်အလက်တွေအပေါ် မူတည်ပြီး ရှာဖွေရေးလုပ်ငန်း တွေလည်း ဖြစ်နိုင်ခြေရှိတဲ့ နေရာတွေကို အရှိန်မြှင့် ရှာနေတာပါ။

မနေ့က မလေးရှား ပို့ဆောင်ရေး ဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောတာကတော့ ပျောက် ဆုံး
လေယာဉ် ရှာဖွေမှုကို နိုင်ငံစုစုပေါင်း ၁၂ နိုင်ငံက လေယာဉ်တွေ၊ သင်္ဘောတွေနဲ့ ရေပြင် စတုရန်းမိုင် ၃ သောင်းခွဲကျော် အကျယ်မှာ အပူတပြင်း ရှာနေဆဲဖြစ်တယ်လို့ ပြောထားပါတယ်။
လေယာဉ်ဟာ ၅ ရက်တိုင်ကြာလာသည်အထိ အစအနတွေ ရှာမရတော့ လူမစွမ်းတော့ နတ် မ, ဆိုသလို မနေ့ကတော့ မလေးရှား နတ်ဆရာတဦးရဲ့ အကူအညီနဲ့ အစီအမံကောဇောနဲ့ လေယာဉ်ပျောက် ပြန်လာ
ရေး ကွာလာလမ်ပူ လေဆိပ်ထဲမှာ အခုလို  ဒုတိယအကြိမ် အစီအမံတွေ လုပ်နေပါတယ်။

The Irrawaddy

No comments: