Thursday, March 06, 2014
လမ်းမတော်မြို့နယ် လမ်းသစ်အိမ်ရာတွင် အိမ်ရာစီမံကိန်း ဆောက်လုပ်စဉ် ကာလအတွင်း ပြင်ပ၌ ငှားရမ်းနေထိုင်ရန် ယာယီပြောင်းရွှေ့ စရိတ်ကို လမ်းမတော် မြို့နယ်၏ လက်ရှိ အိမ်ငှားရမ်းခများ အတိုင်း ပေးအပ်ရန် ပြောင်းရွှေ့ရမည့် လမ်းသစ်အိမ်ရာ နေထိုင်သူများက တောင်းဆိုသည်။
လမ်းသစ်အိမ်ရာတွင် နေထိုင်သူများကို ယာယီပြောင်းရွှေ့ နေထိုင်စရိတ် လက်ရှိ နေထိုင်သည့် အခန်းအကျယ်အဝန်းပေါ် မူတည်၍ ကျပ်တစ်သိန်းခွဲမှ ကျပ်နှစ်သိန်းအထိ ၁၈ လစာ ထုတ်ပေးမည်ဟု မြို့ ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ အသိပေးထားကြောင်း အဆိုပါ လမ်းသစ်အိမ်ရာတွင် နေထိုင်သူ ဦးလွင်အောင်စိုးက ပြောကြားသည်။
“အခုချိန် လမ်းမတော်မြို့နယ်မှာ တစ်သိန်းခွဲ ဆိုရင် ရှစ်လွှာတောင် ရဖို့ မလွယ်တော့ဘူး၊ ကာလပေါက်ဈေးနဲ့ တွက်ချက်ပြီး ပေးစေချင်တယ်” ဟု ၎င်းက ပြောကြားသည်။လမ်းမတော်မြို့နယ် လမ်းသစ်အိမ်ရာတွင် အိမ်ရာစီမံကိန်း ဆောက်လုပ်စဉ် ကာလအတွင်း ပြင်ပ၌ ငှားရမ်းနေထိုင်ရန် ယာယီပြောင်းရွှေ့ စရိတ်ကို လမ်းမတော် မြို့နယ်၏ လက်ရှိ အိမ်ငှားရမ်းခများ အတိုင်း ပေးအပ်ရန် ပြောင်းရွှေ့ရမည့် လမ်းသစ်အိမ်ရာ နေထိုင်သူများက တောင်းဆိုသည်။
လမ်းသစ်အိမ်ရာတွင် နေထိုင်သူများကို ယာယီပြောင်းရွှေ့ နေထိုင်စရိတ် လက်ရှိ နေထိုင်သည့် အခန်းအကျယ်အဝန်းပေါ် မူတည်၍ ကျပ်တစ်သိန်းခွဲမှ ကျပ်နှစ်သိန်းအထိ ၁၈ လစာ ထုတ်ပေးမည်ဟု မြို့ ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ အသိပေးထားကြောင်း အဆိုပါ လမ်းသစ်အိမ်ရာတွင် နေထိုင်သူ ဦးလွင်အောင်စိုးက ပြောကြားသည်။
လမ်းသစ်အိမ်ရာရှိ အဆောက်အအုံများမှာ သက်တမ်းနှစ် ၇၀ ကျော်သာ ရှိပြီး ဆက်လက်နေထိုင်ရန် အန္တရာယ် မရှိသော အခြေအနေ ဖြစ်သောကြောင့် အချိန်ကာလ တစ်ခု စောင့်ဆိုင်းစေလိုကြောင်း၊ အိမ်ရာသစ် တည်ဆောက်ရေး လုပ်ငန်းကို မဖြစ်မနေ ဆောင်ရွက်မည် ဆိုပါက နေထိုင်သူများ၏ ဆန္ဒအတိုင်း အပြည့်အဝ ဆောင်ရွက်ပေးစေလိုကြောင်း အဆိုပါ အိမ်ရာတွင် နေထိုင်သူ ဒေါက်တာနေဝင်းက ပြောကြားသည်။
လမ်းမတော် မြို့နယ်တွင် လတ်တလော အိမ်ငှားရမ်းခများမှာ မြေညီထပ် တိုက်ခန်းကို ကျပ်သိန်း ၂၀၊ ရှစ်လွှာတိုက်ခန်း ငှားရမ်းခမှာ ကျပ်နှစ်သိန်းခန့် ရှိကြောင်း စိုင်းခွန်နောင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်း မန်နေဂျာ ဦးရန်အောင်ထံမှ သိရှိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနသို့ တယ်လီဖုန်းဖြင့် သုံးကြိမ်ခန့် ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။
လမ်းမတော် မြို့နယ်ရှိ လမ်းသစ် အိမ်ရာမှာ ၄ ဒသမ၂၆ ဧက ကျယ်ဝန်းပြီး အခန်းပေါင်း ၂၄၀ ကျော်တွင် အိမ်ထောင်စုပေါင်း ၂၄၀ ကျော် နေထိုင်ကြောင်း အိမ်ရာတွင် နေထိုင်သူများ ထံမှ သိရှိရသည်။
“အဆိုပါ အိမ်ရာစီမံကိန်းကို ၁၈လ အကြာ အချိန်ယူ ဆောက်လုပ်မည် ဖြစ်ကြောင်း မြို့ ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၁၃ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်များ အရ သိရှိရသည်။
The Voice Weekly

No comments:
Post a Comment