Thursday, March 06, 2014
MFF ရှုံးထွက်ဖလားပြိုင်ပွဲ၏ ဆုကြေးငွေကို ကျပ်သိန်းငါးရာ အထိတိုး မြှင့်မည်ဟု ဘောလုံးအဖွဲ့ချုပ်မှသိရသည်။
''အဓိကတော့ ဆက်သွယ်ရေးကုမ္ပဏီပံ့ပိုးမှုရှိလာတဲ့အတွက် အခုလိုချီးမြှင့်ဖို့ ဆုံးဖြတ်ထားတာပါ။ အဆင့်သတ်မှတ်ချက်အလိုက် ဆုကြေးငွေကတော့
အစည်းအဝေးထပ်လုပ်ရဦးမှာပါ'' ဟု ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရှုံးထွက်ဖလား၏ ခေါင်းစဉ်ကို MFF Ooredoo Cup ဖြင့် ကျင်းပမည်ဖြစ်ကြောင်း၊ ဧပြီလမှစ၍ ပြိုင်ပွဲကိုကျင်းပတော့မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။MFF ရှုံးထွက်ဖလားပြိုင်ပွဲ၏ ဆုကြေးငွေကို ကျပ်သိန်းငါးရာ အထိတိုး မြှင့်မည်ဟု ဘောလုံးအဖွဲ့ချုပ်မှသိရသည်။
''အဓိကတော့ ဆက်သွယ်ရေးကုမ္ပဏီပံ့ပိုးမှုရှိလာတဲ့အတွက် အခုလိုချီးမြှင့်ဖို့ ဆုံးဖြတ်ထားတာပါ။ အဆင့်သတ်မှတ်ချက်အလိုက် ဆုကြေးငွေကတော့
အစည်းအဝေးထပ်လုပ်ရဦးမှာပါ'' ဟု ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
''ငွေကြေးပံ့ပိုးမှုအနေအထားကို ကြည့်ပြီး ဆုငွေပေးအပ်တာပါ။ မနှစ်ကလည်း ဆီးဂိမ်းရှိတဲ့အတွက် အဖြစ်သဘောပုံစံမျိုးပဲကျင်းပခဲ့တယ်။ ဒါကြောင့် ဒီနှစ်မှာအကောင်းဆုံးပံ့ပိုးမှုတွေ ပြုလုပ်ပေးတာပါ''ဟု ၎င်းက ဆက်ပြောသည်။
ပြိုင်ပွဲကို MNL လိဂ်မှ အသင်း ၁၂ သင်းနှင့် MNL 2 မှ ၁ဝ သင်းဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်၊ ကွာတား၊ ဆီမီးဖိုင်နယ်စသည့်ပုံစံများဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဗိုလ်လုပွဲကို စက်တင်ဘာလတွင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ရှုံးထွက်ဖလားပြိုင်ပွဲကို ၂ဝ၁ဝ ခုနှစ်မှ စ၍ကျင်းပပေးခဲ့ပြီး စပွန်ဆာပံ့ပိုးမှုအပေါ်မူတည်၍ Max Cement Cup , MFF Digital Cup ဖြင့် ကျင်းပခဲ့သော်လည်း ဆုကြေးငွေအဖြစ် ကျပ်သိန်းနှစ်ရာအထိသာ ချီးမြှင့်ပေးခဲ့သည်။ ယခုနှစ် MFF ရှုံးထွက်ဖလားပြိုင်ပွဲကို ဆက်သွယ်ရေးကုမ္ပဏီ Ooredoo မှ
ဒေါ်လာငါးသိန်းပံ့ပိုးကူညီထားကြောင်း ဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ချက်အရသိရသည်။
Popular Myanmar News Journal
No comments:
Post a Comment