Monday , March 17 , 2014
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေး လိုလားကြောင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ယုံကြည်လာသောကြောင့် ၂၀၁၄ မေလ မကုန်မီ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်မည် ဖြစ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့မှ ဦးခွန်ဥက္ကာက ပြောကြားသည်။
ယခုနှစ် မတ်လ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် မြန်မာငြိမ်းချမ်းရေး စင်တာတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအဖွဲ့ NCCT နှင့် တပ်မတော် ခေါင်းဆောင် အချို့ ညှိနှိုင်းပြီး ဧပြီလ ပထမပတ် အတွင်း နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးအတွက် ကရင်ပြည်နယ် ဘားအံမြို့တွင် အကြိုဆွေးနွေးပွဲ ပြုလုပ်ရန် သဘောတူခဲ့သည်။
ယင်းဆွေးနွေးပွဲတွင် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် စာချုပ်ကို နှစ်ဖက် သဘောတူညီချက်ဖြင့် အပြီးသတ် ရေးဆွဲမည် ဖြစ်ကြောင်း ဦးခွန်ဥက္ကာက ထပ်လောင်း ပြောကြားသည်။တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေး လိုလားကြောင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ယုံကြည်လာသောကြောင့် ၂၀၁၄ မေလ မကုန်မီ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်မည် ဖြစ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့မှ ဦးခွန်ဥက္ကာက ပြောကြားသည်။
ယခုနှစ် မတ်လ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် မြန်မာငြိမ်းချမ်းရေး စင်တာတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအဖွဲ့ NCCT နှင့် တပ်မတော် ခေါင်းဆောင် အချို့ ညှိနှိုင်းပြီး ဧပြီလ ပထမပတ် အတွင်း နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးအတွက် ကရင်ပြည်နယ် ဘားအံမြို့တွင် အကြိုဆွေးနွေးပွဲ ပြုလုပ်ရန် သဘောတူခဲ့သည်။
“ဧပြီမှာ ဘားအံ ဆွေးနွေးပွဲမှာ စာချုပ်ကိစ္စ အပြီးသတ်မယ်။ မေမှာ ရန်ကုန် (သို့မဟုတ်) နေပြည်တော်မှာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ NCCT အဓိကထား လုပ်နေတယ်” ဟု ဦးခွန်ဥက္ကာ ဆိုသည်။
လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီမှ ၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင်ခဲ့သူ နိုင်ငံရေးသမားဟောင်း တစ်ဦးကမူ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်နှင့် ပတ်သက်ပြီး “နောက်ဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးမှုမှာတော့ တပ်မတော် ထိပ်တန်းခေါင်းဆောင် အချို့ ပါဝင်လာတာ မြင်တွေ့ရတဲ့ အတွက် အရင်ကထက်စာရင် ပိုနီးစပ်လာပြီ ဆိုတာတော့ မြင်တွေ့ရတယ်” ဟု သုံးသပ် ပြောဆိုသည်။
အစိုးရက၂၀၁၃ ခုနှစ် ဒီဇင်ဘာလ မတိုင်မီ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးနိုင်မည်ဟု ပြောဆိုခဲ့သော်လည်း ကချင်ပြည်နယ်တွင် KIO/KIA တပ်ဖွဲ့နှင့် အပစ်အခတ် ရပ်စဲနိုင်ခြင်း မရှိသောကြောင့် လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်း မရှိပေ။
ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်သော ညီလာခံ နှစ်ခု ကျင်းပကာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် စာချုပ် ရေးဆွဲခဲ့ပြီး ယင်းစာချုပ်၏ နောက်ဆုံး အဆင့်ကို လာမည့် ဧပြီလအတွင်း ပြုလုပ်မည့် ဘားအံ ဆွေးနွေးပွဲတွင် အပြီးသတ် ညှိနှိုင်းမည်ဟု NCCT ခေါင်းဆောင်များက ပြောဆိုထားသည်။
The Voice Weekly

No comments:
Post a Comment