Monday , March 17 , 2014
သမ္မတဦးသိန်းစိန်က သူ့လက်ထက်တွင် ကချင်ပြည်နယ်အပါအ၀င် တစ်နိုင်ငံလုံး ငြိမ်းချမ်းစေလိုပြီး အ နာဂတ်မျိုးဆက်အတွက် ငြိမ်းချမ်းသာယာသည့်ကချင်ပြည်နယ်အဖြစ် လက်ဆောင်ပေးလိုသည်ဟု မတ် ၁၆ ရက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ခရစ်ယာန်ဓမ္မဆရာတော်များနှင့် တွေ့ဆုံစဉ် ပြောကြား လိုက်သည်။
“ကျွန်တော်တို့ခေတ် ကျွန်တော်တို့လက်ထက်မှာ ကချင်ပြည်နယ်ကြီးအပါအ၀င် တစ်နိုင်ငံလုံး ငြိမ်းချမ်း သွားတာ မြင်ချင်ပါတယ်။ အနာဂတ်မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းသာယာဝပြောတဲ့ ကချင်ပြည် နယ်ကြီးကို လက်ဆောင်အဖြစ် ပေးခဲ့ချင်ပါတယ်”ဟု သမ္မတက ပြောသည်။
အလားတူပင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးမည့်ရက် နီးကပ်လာလျက်ရှိ ပြီး ကချင်ပြည်နယ်သည်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တစ်သားတည်းပါဝင်ရန် မျှော်လင့်ထား သည်ဟုလည်း သမ္မတ ဆိုသည်။ “ကျွန်တော်တို့ခေတ် ကျွန်တော်တို့လက်ထက်မှာ ကချင်ပြည်နယ်ကြီးအပါအ၀င် တစ်နိုင်ငံလုံး ငြိမ်းချမ်း သွားတာ မြင်ချင်ပါတယ်။ အနာဂတ်မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းသာယာဝပြောတဲ့ ကချင်ပြည် နယ်ကြီးကို လက်ဆောင်အဖြစ် ပေးခဲ့ချင်ပါတယ်”ဟု သမ္မတက ပြောသည်။
မြန်မာနိုင်ငံတွင် ယနေ့အထိ ငြိမ်းချမ်းခြင်းမရှိသေးဟု သမ္မတက ၀န်ခံပြောကြားလိုက်ပြီး မပြီးဆုံးသေး သည့် တိုက်ပွဲများကြောင့် နစ်နာမှုများ ကြုံခဲ့ရသည်ဟုလည်း သမ္မတက ဆိုသည်။
“ကျွန်တော်တို့နိုင်ငံ ယနေ့အထိ မငြိမ်းချမ်းသေးပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေးကို အရေးတကြီး လိုအပ် နေပြီဖြစ်ပါတယ်။ မပြီးဆုံးနိုင်သေးတဲ့ တိုက်ပွဲများကြောင့် ကျွန်တော်တို့ မျိုးဆက်သစ်များရဲ့ပညာရေး၊ ကျန်းမာရေးအပါအ၀င် အစစအရာရာ နောက်ကျကျန်နေခဲ့ရပါတယ်”ဟု သမ္မတက ပြောသည်။
“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကေအိုင်အို၊ ကေအိုင်အေသာမဟုတ်ဘဲ ဘယ်သူမှ ကျန်ရစ်ခဲ့လို့မရပါဘူး” ဟုလည်း သမ္မတက ပြောသည်။
သမ္မတဦးသိန်းစိန်သည် မတ်လ ၁၆ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ရှိ တိုင်းရင်းသားခေါင်းဆောင်များ နှင့်လည်း တွေ့ဆုံခဲ့ပြီး မြစ်ကြီးနားမြို့ ပြည်သူလူထုနှင့် တွေ့ဆုံရာတွင် အစိုးရတပ်နှင့် ကချင်လွတ်လပ် ရေးအဖွဲ့(ကေအိုင်အို)တို့ တိုက်ပွဲဖြစ်ပွားခြင်းတို့အတွက်လည်း ၀မ်းနည်းကြေကွဲရသည်ဟု ဆိုသည်။
မည်သည့်ဘက်မှ တိုက်ခိုက်ဆုံးရှုံးသည်ဖြစ်စေ ထိုဆုံးရှုံးခြင်းသည် တိုင်းပြည်အတွက် ဆုံးရှုံးရခြင်းပင် ဖြစ်ပြီး အားလုံးအတွက် ၀မ်းနည်းကြေကွဲရသည်ဟု သမ္မတက ဆိုသည်။ တိုက်ပွဲများ ဆက်လက်မဖြစ် ပွားရန်လည်း သန်္နိဋ္ဌာန်ချထားသည်ဟု သမ္မတက ပြောကြားခဲ့သေးသည်။
အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့တို့သည် ၂၀၁၀ နိုဝင်ဘာလကတည်းက တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ခဲ့သည်။
Mizzima

No comments:
Post a Comment