Monday, March 17, 2014

Challenge Cup အတွက်မြန်မာအသင်းပြင်ဆင်ချိန် ရက် ၂၀ သာယူ

Monday , March 17 , 2014

ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲတစ်ပွဲသာ ယှဉ်ပြိုင်ကစားတော့မည်ဖြစ် မော်လ်ဒိုက်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် 2014 AFC Challenge Cup ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအနေဖြင့် လေ့ကျင့်ပြင်ဆင်ချိန် ရက် ၂၀ ကျော်သာ ရယူထားသည်။

မြန်မာ့လက်ရွေးစင်နည်းပြချုပ် အေဗရာမိုဗစ်အနေဖြင့် မြန်မာ့လက်ရွေးစင် အသင်းကို ဧပြီလ ၂၃ ရက်မှ သာ စတင်စခန်းသွင်းလေ့ကျင့်ရန် စီစဉ်ထားပြီး မတ်လ ၁၅ ရက်တွင် အိမ်ရှင် မော်လ်ဒိုက်အသင်းနှင့် စတင်ကစားရမည် ဖြစ်သည်။ “အေဗရာမို ဗစ်ကတော့ အသင်းလူစာရင်းကို သူ လျာထားပြီးပြီလို့ ပြော တယ်။ AFC Challenge Cup ပြိုင်ပွဲဝင်မယ့် လက်ရွေးစင်အသင်းကို ၀ါရင့်ကစားသမားတွေနဲ့ အခြေခံဖွဲ့ စည်းမှာ ဖြစ်တာကြောင့် ပြင်ဆင်ချိန် ရက် ၂၀ လောက်ဆို လုံလောက်တယ်လို့ ပြောပါတယ်” ဟု မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးကျော်က ပြောသည်။
ထို့အပြင် မြန်မာအသင်းအနေဖြင့် မူလက နိုင်ငံတကာခြေစမ်းပွဲ သုံးပွဲခန့် ကစားရန် စီစဉ်ထားသော်လည်း ယခုအခါ ခြေစမ်းပွဲတစ်ပွဲသာ ယှဉ်ပြိုင်ကစားနိုင်ဖွယ် ရှိနေသည်။ “ခြေစမ်းပွဲစီစဉ်ဖို့က ရက် အရမ်းကပ်နေ ပြီ။ သူကိုယ်တိုင်ကလည်း ခြေစမ်းပွဲအများကြီး မကစားချင်ဘူးလို့ ပြောတယ်။ ကျွန်တော်တို့အနေနဲ့ ပြည် တွင်းမှာပဲ ခြေစမ်းကစားဖို့ ရှိပါတယ်။ အသင်း ကိုလည်း သူရွေးချယ်မှာပါ။ လောလောဆယ်တော့ တာ့မင် နစ္စတန်၊ အာဖဂန်နစ္စတန် အသင်းတွေကို ဖိတ်ကြားထားပါတယ်” ဟု ဦးစိုးမိုးကျော်က ဆိုသည်။ AFC Challenge Cup ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို နည်းပြချုပ်အဖြစ် အေဗရာမိုဗစ်၊ လက်ထောက်နည်းပြများအဖြစ် ယာကိုဗစ်နှင့် ဦးစိုးမြတ်မင်း၊ ဂိုးနည်းပြများအဖြစ် ယာနီနှင့် ဦးအောင်ကျော် ကျော်တို့က တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။

ပြိုင်ပွဲအကြို ခြေစမ်းပွဲကစားရန်အတွက် မလေးရှားအသင်းကို ဖိတ်ခေါ်ခဲ့သော်လည်း ပျက်ပြယ်ခဲ့ရပြီး တာ့မင်နစ္စတန်နှင့် အာဖဂန်နစ္စတန်အသင်းများကို ခြေစမ်းရန် ဖိတ်ခေါ်ထားသည်။

Mizzima

No comments: