Friday, March 14, 2014

ဂမ္ဘီရဆန်ဆန် ပျောက်ဆုံးနေသော မလေးရှား လေယာဉ် အပိုင်းအစများ ရက်ပိုင်းအတွင်း ပြန်တွေ့မည်ဟု မြန်မာ နက္ခတ်ပညာရှင် ဟောကိန်းထုတ်

Friday , March 14 , 2014

မလေးရှားနိုင်ငံမှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ပျံသန်းစဉ် ဂမ္ဘီရဆန်ဆန် ပျောက်ဆုံးနေသော မလေးရှား လေကြောင်းပိုင် လေယာဉ်၏ အပိုင်းအစများကို ရက်ပိုင်းအတွင်း (မတ်လ ၁၄ ရက်မှ ၁၇ ရက်အတွင်း) ပြန်လည် တွေ့ရှိမည်ဟု မြန်မာနိုင်ငံမှ နက္ခတ်သိပ္ပံပညာရှင် တစ်ဦးဖြစ်သော ဦဇေယျာကိုက ဟောကိန်း ထုတ်လိုက်သည်။

မတ်လ ၈ ရက်နေ့ကတည်းက ခြောက်ရက်ကြာ ပျောက်ဆုံးနေသော မလေးရှား လေကြောင်းပိုင် လေယာဉ်နှင့် ပတ်သက်၍ The Voice က ဦးဇေယျာကို ကို တွေ့ဆုံ မေးမြန်းခဲ့ရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“ကွာလာလမ်ပူက လေယာဉ်ထွက်တဲ့ အချိန်မှာ ဖြစ်ပေါ်နေတဲ့ ဂြိုဟ်တွေရဲ့အနေအထား၊ လေယာဉ်မှူးရဲ့ ဇာတာနဲ့ လေကြောင်းခရီးစဉ် အမှတ်တို့ကို အခြေခံ နက္ခတ်ပညာအရ ဒီလေယာဉ်ဟာ ကြီးမား ပြင်းထန်စွာ ပေါက်ကွဲခဲ့တယ်လို့ ယူဆပါတယ်” ဟု ဦးဇေယျာကိုက ဆိုသည်။

ခရီးသည် ၂၂၉ ဦးနှင့် လေယာဉ်အမှုထမ်း ၁၂ ဦး လိုက်ပါလာသော မလေးရှား လေကြောင်းပိုင် ဘိုးရင်း ၇၇၇ (လေကြောင်း ခရီးစဉ် MH ၃၇၀) သည် ကောင်းကင်ယံ၌ပင် ကြီးမား ပြင်းထန်စွာ ပေါက်ကွဲခဲ့ပြီး ခရီးသည်နှင့် လေယာဉ် အမှုထမ်းများမှာ အသက် ဆုံးရှုံးဖွယ် ရှိကြောင်း နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံ သင်တန်းကျောင်း အမှုဆောင် အရာရှိချုပ်ဖြစ်သူ ဦးဇေယျာကိုက ပြောကြားသည်။

“ရေပေါ်မှာထက် ကုန်းပေါ်မှာ ရှာတွေ့နိုင်ခြေ များပါတယ်” ဟု ဦးဇေယျာကိုက ဆိုသည်။

အထက်ပါ လေယာဉ်သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဘေဂျင်း လေဆိပ်သို့ ပျံသန်းစဉ် မတ်လ ၈ ရက် နံနက်ပိုင်းက ထူးဆန်း အံ့သြဖွယ် ကောင်းစွာ ပျောက်ဆုံနေခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ လေယာဉ်အစီး ၄၀ ကျော် ရေယာဉ်အစီး ၄၀ ကျော်တို့ဖြင့် ရှာဖွေလျက် ရှိသည်။

The Voice Weekly

No comments: