Friday,March14,2014
မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့နယ် ထုံးပေါက်ချိုင် ကျေးရွာနေ အရပ် ၇ ပေ ၁၀ လက်မရှိ မြန်မာနိုင်ငံ၏ အရပ်အရှည်ဆုံး ကိုဝင်းဇော်ဦးကို ဂျာမနီနိုင်ငံရှိ ဖိနပ်ကုမ္ပဏီက ၂၀၁၄ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ဖိနပ်များ လာရောက် လှူဒါန်းမည် ဖြစ်ကြောင်း ၎င်းအား ကုသမှုပြုရာတွင် ပံ့ပိုးခဲ့သည့် လမ်း ၃၀ ဆေးခန်းထံမှ သိရှိရသည်။
ဂျာမနီနိုင်ငံရှိ ဖိနပ်ကုမ္ပဏီသည် ကိုဝင်းဇော်ဦး၏ အကြောင်းကို သတင်းတွင် တွေ့ရှိရာမှ စိတ်ဝင်စားကာ ဂျာမနီသံရုံး၏ အစီအစဉ်ဖြင့် လာရောက် လှူဒါန်းမည် ဖြစ်ကြောင်း ယင်းဆေးခန်း ထံမှ သိရသည်။
အဆိုပါ အမျိုးသားသည် ငယ်ရွယ်စဉ် ကတည်းက အရပ်ရှည်ထွက်လာခြင်း မဟုတ်ဘဲ ဦးနှောက်တွင်းရှိ ဟော်မုန်း အပြောင်းအလဲ တစ်ခုကြောင့် အသက် ၁၈ နှစ် နောက်ပိုင်းတွင် တစ်နှစ်ထက် တစ်နှစ် အရပ်ရှည်ထွက်လာသည့် အတွက် အသည်းအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း၏ အစီအစဉ်ဖြင့် စင်ကာပူ ဆေးရုံကြီးတွင် ပီကျူထရီ အကျိတ်ကို အောင်မြင်စွာ ခွဲစိတ် ကုသနိုင်ခဲ့သည်။မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့နယ် ထုံးပေါက်ချိုင် ကျေးရွာနေ အရပ် ၇ ပေ ၁၀ လက်မရှိ မြန်မာနိုင်ငံ၏ အရပ်အရှည်ဆုံး ကိုဝင်းဇော်ဦးကို ဂျာမနီနိုင်ငံရှိ ဖိနပ်ကုမ္ပဏီက ၂၀၁၄ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ဖိနပ်များ လာရောက် လှူဒါန်းမည် ဖြစ်ကြောင်း ၎င်းအား ကုသမှုပြုရာတွင် ပံ့ပိုးခဲ့သည့် လမ်း ၃၀ ဆေးခန်းထံမှ သိရှိရသည်။
ဂျာမနီနိုင်ငံရှိ ဖိနပ်ကုမ္ပဏီသည် ကိုဝင်းဇော်ဦး၏ အကြောင်းကို သတင်းတွင် တွေ့ရှိရာမှ စိတ်ဝင်စားကာ ဂျာမနီသံရုံး၏ အစီအစဉ်ဖြင့် လာရောက် လှူဒါန်းမည် ဖြစ်ကြောင်း ယင်းဆေးခန်း ထံမှ သိရသည်။
The Voice Weekly
No comments:
Post a Comment