Tuesday, March 04, 2014

ညအချိန် လယ်ကွင်း၌ KIA ဖမ်းဆီးခံရသော ဖြူဖြူချောချော မိန်းခလေးတစ်ဦး၏ ဖခင်နှင့်တွေ့ဆုံခြင်း


Tuesday, March 04, 2014
ညအချိန်တွင် KIA ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး KIA ဖမ်းဆီးစဉ်အချိန်က ၂၃ နှစ်သာ ရှိသေးသောမြန်မာပြည်မြောက်ပိုင်း (ကချင်ပြည်နယ်)၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ ဆင်ဘိုမြို့၊ဧရာဦးရပ်ကွက်နေ မအိအိရွှေ၊ အသက် (၂၅)နှစ် လက်ရှိ၊ အဘ-ဦးရဲရွှေ+အမိ-ဒေါ်မ၀ိုင်း၊ ၁/ဆဘန(နိုင်)၀၀၁၆၀၆ ကို ဆင်ဘိုမြို့နှင့် (၈)မိုင်ဝေးသော (၈)မိုင် နန့်ထွတ်လယ်ကွင်းတွင် (၁၀၊၁၁၊၂၀၁၁)ရက်နေ့ ည(၈)နာရီခန့်အချိန်က ဦးလှဝမ် ဦးဆောင်သော KIA စုဆောင်းရေးအဖွဲ့၏ စုဆောင်းဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။ 

KIA ဖမ်းဆီးခံရစဉ်အချိန်က ၂၃ နှစ်သာရှိသေးသော ဖြူဖြူချောချော မအိအိရွှေ၏ ဖခင်ဖြစ်သူ ဦးရဲရွှေက “KIA အနေနဲ့ အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်၊ မိသားစု ပြန်လည်ဆုံဆည်းချင်တာပါပဲ” ဟု ပြောဆိုပါတယ်။ သက်ရှိထင်ရှား ရှိနေသေးသလားဆိုတာတော့ ယနေ့အချိန်ထိ ကောင်းကောင်း ဆက်သွယ်လို့ မရသေးဘူးလို့လည်း ဦးလှရွှေက ပြောဆိုပါတယ်။

ရုပ်သံမေးမြန်းချက် အပြည့်အစုံကို ဦးရဲရွှေနှင့် တွေ့ဆုံမေးမြန်းထားတာပါတယ်။

Credit to:ဧရာဝတီမြစ်ဖျားဆီက

No comments: