Friday, April 04, 2014

စစ်တွေတွင် ရခိုင်အမျိုးသားနှစ်ဦး အလောင်းတွေ့

Friday, April 04, 2014

စစ်တွေမြို့ ပြည်တော် သာရပ်ကွက် ရှုခင်းသာလမ်းရှိ သံ တံတားအောက်တွင် ရခိုင်အမျိုး သားနှစ်ဦး၏ အလောင်းကို ဧပြီ ၂ ရက်က တွေ့ခဲ့ရပြီး ရဲတပ် ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ် လျက်ရှိသည်။

သံတံတားအောက် ၁၀ ပေ ခန့်ကျယ်သည့် ရေမြောင်းအတွင်း လူသေအလောင်း နှစ်လောင်း တွေ့ခဲ့ရခြင်းဖြစ်ပြီး ရခိုင်အမျိုး သားများဟု အတည်ပြုကြောင်း စစ်တွေမြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။
ရှုခင်းသာလမ်းရှိ အဆိုပါ ရေမြောင်းသည် ဘင်္ဂလားပင် လယ်အော်နှင့် ဆက်စပ်နေပြီး ရုပ်အလောင်းနှစ်လောင်းနှင့် ပတ် သက်၍ အသေးစိတ်မပြောနိုင် သေးကြောင်း အဆိုပါရဲအရာရှိက ပြောသည်။

ယခုအချိန်တွင် ရုပ်အ လောင်းနှစ်လောင်းအား စစ်တွေ ဆေးရုံသို့ ပို့ဆောင်ထားပြီး သေမှု သေခင်းအမှုဖွင့်၍ စစ်ဆေးလျက် ရှိသည်။

7Day News Journal

No comments: