Saturday, April 26, 2014
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နာယကသတင်းစာဆရာကြီး ဟံသာဝတီဦးဝင်တင်ရုပ်ကလာပ် ဂူသွင်းမြှုပ်နှံချိန်တွင် ဂါရ၀ပြုနေ သည့်လူထုခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည်အား ခရိုနီများကို သတိထားဆက်ဆံရန် ဈာပန အခမ်းအနားသို့တက်ရောက်ဂါရ၀ ပြုသည့်ပြည်သူတစ်ဦးကအော်ဟစ် သတိပေးခဲ့ကြောင်း သိရသည်။
ဧပြီ ၂၃ ရက်နေ့ တစ်နေ့ လုံးရေဝေးသုဿန်တွင် အဘ ဦးဝင်းတင်အားပို့ဆောင်ဂါရ၀ပြု သည့်ပြည်သူများဖြင့် ပြည့်နှက်စည် ကားလျက်ရှိပြီး မြောက်ဥက္ကလာပ မြို့နယ်နေပြည်သူများနှင်NLD ပါတီဝင်များ၊MDCF အဖွဲ့၊ CCTU ၊ ဗကသ၊ လူ့ဘောင်သစ် ပါတီ၊ ABSDF? Generation Youth အဖွဲ့များက အဘဦးဝင်းတင် ၏ စွန့်လွှတ်စွန့်စားသည့်အရေး တော်ပုံစိတ်ဓာတ်အားဂုဏ်ပြုသော အားဖြင့် မြောက်ဥက္ကလာပမြို့ နယ်အ၀ိုင်းမှတ်တိုင်မှ ရေဝေး သုသာန်အထိနှစ်နာရီကြာလမ်း လျှောက်ဂုဏ်ပြုခဲ့ကြသည်။

ညနေလေးနာရီကျော်ခန့်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကသူရဦးတင်ဦးနှင့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ရောက် ရှိလာပြီး ဂူသွင်းမြှုပ်နှံပြီးအချိန်အထိ ဂါရ၀ပြုခဲ့ရာအုပ်ဂူရှိရာတွင် စောင့်ကြိုနေသူပြည်သူများထဲမှ ပြည်သူတစ်ဦးကလူထုခေါင်းဆောင် ကြားအောင်အော်ဟစ်သတိပေး ခဲ့ခြင်းဖြစ်ပါသည်။
“အမေစုအမေ့နားမှာဝိုင်းနေ တဲ့ ခရိုနီတွေကို သတိထားပါ၊ ဒီကောင်တွေက အကြံများတယ် ဒါပဲ”ဟု သစ်ပင်များပေါ်တက် နေသည့်လူအများထဲမှ ပြည်သူ တစ်ဦးကအော်ဟစ်ပြောကြားလိုက် သည်။
အဆိုပါပြည်သူအားလူထု ခေါင်းဆောင်ဒေါ်အောင်ဆန်းစု ကြည်ကလှမ်းကြည့်၍ အသိအမှတ် ပြုခဲ့ပြီး အဘဦးဝင်းတင်ရုပ်ကလာပ် ဂူသွင်းပြီးချိန်အထိငြိမ်သက်စွာ ဂါရ၀ပြုခဲ့သည်။ လွန်ခဲ့သောသီတင်း ပတ်အတွင်းက သတင်းဂျာနယ် များတွင် ခရိုနီအချို့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံ နှုတ်ဆက်နေသည့်ဓာတ်ပုံများပြန့် နှံ့ခဲ့ရာနိုင်ငံရေးလေ့လာသူများက အမျိုးမျိုးဝေဖန်ခဲ့ကြောင်း သိရ သည်။
HOT NEWS

No comments:
Post a Comment